By မြန်မာ့ဈေးကွက်, Shweproperty.com
Updated at 26 July 2019
ရန်ကုန်မြို့သစ်၏ Master Plan တွင် အဆင့်တန်းမှီအိမ်ရာများနှင့် မြေယာရောင်းချမှုတန်ဖိုးမကျဆင်းစေရေး အကောင်ထည်ဖော်မှုများ ထည်သွင်းရေးဆွဲထားကြောင်း ရန်ကုန်မြို့သစ်ဖွံဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် (NYDC) ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန် မြို့သစ် Master Plan ရေးဆွဲရာတွင် လူဦးရေ ၁.၂ သန်းအတွက် လုံခြုံမှုရှိပြီး ကောင်းမွန်သည့် မြို့ပြစီမံကိန်းတစ်ခုအဖြစ် အပြင် McKinsey အဖွဲ့မှ ရန်ကုန်မြို့သစ်အတွက် စစ်တမ်းကောက်ယူခဲသည့် လူမှု-စီးပွားပင်မစီမံချက် (Socio Economic Master Plan) တွင် ၂၀၅၀ ခုနှစ်တွင် အလုပ်အကိုင်ပေါင်း ၉ သိန်း ဖန်တီးနိုင်ရေးကို ရေးဆွဲထားကြောင်း NYDC မှသိရသည်။
အခြေခံအုတ်မြစ် ၈ ချက်တွင် ရန်ကုန်မြို့သစ်သည် သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းနိုင်ရန်၊ လက်ရှိရန်ကုန်နှင့် မြို့သစ်ကို ချိတ်ဆက်ပြီး ယဉ်ကျေးမှုတစ်ခုတည်ဆောက်ရန် ၊ မြို့သစ်တွင် အထင်ကရအဆောက်အုံများ တည်ဆောက်ရန်၊ အဆင့်မြင့်နည်းပညာကို အခြေခံသော အများပြည်သူသုံးဝန်ဆောင်မှုများအသုံးပြုရန်၊ စက်မှုဇုန် ဖွဲ့တည်မှုစနစ်တည်ဆောက်ရန်၊ မြို့သစ်တွင်းသာမက အနီးပတ်ဝန်းကျင်မြို့နယ်များနှင့် ချိတ်ဆက်ထားမည့် အများပြည်သူသယ်ယူပို့ဆောင်ရေး အကောင်အထည်ဖော်ရန်၊ အဆင့်အတန်းမှီအိမ်ရာများဖော်ထုတ်ရန်နှင့် လိုအပ်သည့် တည်ဆောက်မှုများ၊ အနာဂတ်မြေယာရောင်းချမှုများကို တန်ဖိုးမကျစေရေး တို့ပါဝင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AECOM ၏ မဏ္ဍိုင် ၄ ရပ်ဖြစ်သည့်ကြံ့ခိုင်သောမြို့၊ နည်းပညာအဆင့်မြင့်မားသောမြို့ ၊စိမ်းလန်းစိုပြေသောမြို့ နှင့် ပြည်သူများအတွက်မြို့တို့ကို အခြေခံပြီး ရန်ကုန်မြို့သစ် Master Plan ၏အခြေခံအုတ်မြစ်အချက် ၈ ချက်ကို ဖော်ဆောင်ခဲ့သည်။
ရန်ကုန်မြို့သစ် Master Plan ၏ယာဉ်အသွားအလာနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍာတွင် မြို့သစ်တစ်ခုအတွက် ရေးဆွဲထားခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်ဧရိယာများနှင့် အလွယ်တကူ ချိတ်ဆက်သွားလာနိုင်ရေးကိုပါ ထည့်သွင်းရေးဆွဲထားသည်။ရေလွှမ်းမိုးမှုအန္တရာယ်နှင့် ပတ်သတ်ပြီး Master Plan ရေးဆွဲစဉ် အကြံပေး Royal HaskoningDHV Myanmar ၏ ရေလွှမ်းမိုးမှုကာကွယ်ရေးဒီဇိုင်းကို ပေါင်းစပ်ပြီးရေးဆွဲခဲ့သည်။ ရေလွှမ်းမိုးမှုလျှော့ချနိုင်ဖို့အတွက် ချောင်းငယ်တွေကို အသုံးပြုသွားမည်ဖြစ်ပြီး ရေတားတမံများလည်း တည်ဆောက်သွားမည်ဖြစ်သည်။ ဒါ့အပြင် အများပြည်သူနားနေသည့် နေရာအဖြစ် အသုံးပြုနိုင်မည့် ရေထိန်းသိမ်းရန်ဧရိယာများကို ထားရှိသွားမည်ဖြစ်ကြောင်း NYDC ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Ref & Photo Credit : မြန်မာ့ဈေးကွက်
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ