By 7daydaily, Shweproperty.com
Updated at 19 January 2016
ရန်ကုန်မြို့ပြစီမံ ကိန်းအပါအဝင် ရန်ကုန်မြို့၏အ ခြားမြို့ပြ၊ ရပ်ကွက်တစ်ခုလုံး၏ လိုအပ်သောစီမံခန့်ခွဲမှုများကို တစ်ဦးတစ်ယောက် ၏တင်ပြချက် ဖြင့် ဆောင်ရွက်မည်မဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့်သာ ဆောင်ရွက်မည်ဟု သမ္မတရုံးဝန်ကြီး(၁)မှ ဒုတိယဝန်ကြီးဦးကျော်ကျော်ဝင်းက ပြောသည်။
‘‘တစ်ဦးတစ်ယောက်ရဲ့တင် ပြတောင်းဆိုမှုကို ခွင့်ပြုရင် အ လားတူတောင်းဆိုမှုတွေရှိလာနိုင် ပြီး ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီစီမံခန့်ခွဲမှုတွေ ဆုံးရှုံးမှာဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် ရန်ကုန်မြို့ ပြစီမံကိန်း၊ မြို့ပြ၊ ရပ်ကွက်တစ် ခုလုံး၏ လိုအပ်သောစီမံခန့်ခွဲမှု များကို ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီစီ မံခန့်ခွဲမှုဖြင့်သာ ဆောင်ရွက်သင့်သည်ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီကိုယ်စား သမ္မတရုံး ဒုဝန်ကြီးကဆိုသည်။
ဒေသဖွံ့ဖြိုးရေးအတွက် ပိုမို ကောင်းမွန်သော အစီအစဉ်၊ စီမံ ကိန်းတစ်စုံတစ်ရာရှိမည်ဆိုပါက သက်ဆိုင်ရာစီမံကိန်းဆောင်ရွက် ရမည့် သက်ဆိုင်ရာဝန်ကြီးဌာန (သို့မဟုတ်)ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြ၍သာ ဆောင်ရွက် ရမည်ဖြစ်သည်ဟု ၎င်းကပြော သည်။
ဇန်နဝါရီ ၁၈ရက်က ပြုလုပ် သည့် အမျိုးသားလွှတ်တော်တွင် မင်္ဂလာဒုံမြို့နယ် ပုလဲ(၃)ရပ်ကွက် ရှိ ဖွံ့ဖြိုးရေးမြေကွက်ကြီးများကို ဒေသခံပြည်သူများ၏ တင်ပြ ဆောင်ရွက်မှုအခြေအနေများအ ပေါ်မေးမြန်းမှုကို ဒုဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မင်္ဂလာဒုံမြို့နယ် ပုလဲ(၃) ရပ်ကွက်မှ မြို့တော်စည်ပင်ပိုင် မြေကွက်ကြီးများတွင် ဒေသခံ ပြည်သူများက မူကြိုကျောင်း၊ အားကစားရုံ၊ ပန်းခြံစသည်တို့ကို တည်ဆောက်ပေးရန် တောင်းဆို မှုအပေါ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်(၁၀)မှ ကိုယ်စားလှယ် ဦးနုကမေးမြန်းခဲ့ခြင်းဖြစ်သည်။
မြို့ကွက်ချမြေပုံဖော်ဆောင် ရာတွင် ရန်ကုန်မြို့ပြစီမံကိန်းနှင့် ခြုံငုံပြီး မြို့နယ်တစ်ခုချင်းစီအ လိုက် ဈေး၊ ဆေးရုံ၊ ကျောင်း၊ အားကစားကွင်း စသည်တို့ကို လို အပ်သလို ရေးဆွဲလျာထားသည် ဟု ဦးကျော်ကျော်ထွန်းကဆို သည်။
မဟာရန်ကုန် မြို့ပြဖွံ့ဖြိုး ရေးမဟာဗျူဟာစီမံကိန်းရေးဆွဲ ရာတွင် မြေပြင်အခြေအနေ၊ ရာ သီဥတုတို့ကိုတွက်ချက်၍ ရံဖန်ရံခါရေလွှမ်းမှုဖြစ်ပေါ်လာနိုင်သည့် မြစ်ကမ်းများတစ်လျှောက် သဘာ ဝရေစပ်သစ်တောများထားရှိ ခြင်း၊ ရန်ကုန်မြို့တော်၏ လိုအပ် ချက်များဖြစ်သော အိမ်ရာကဏ္ဍ၊ စက်မှုဇုန်များ၊ စီးပွားရေးဇုန်များ၊ ကုန်စည်ဖလှယ်ရေးနေရာစသည် တို့ကို ထည့်သွင်းလျာထားသတ် မှတ်ထားသည်ဟု ၎င်းကဆို သည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ