By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 16 January 2020
ငပလီကမ်းခြေဒေသနဲ့ ဂွမြို့နယ် ကမ်းသာယာကမ်းခြေဒေသတွေမှာ ဟိုတယ်လုပ်ငန်းစီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၁၃)ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတကာခရီးသွားလုပ်ငန်းဈေးကွက်တွေမှာ ထင်ရှားတဲ့ အပမ်းဖြေကမ်းခြေတစ်ခုဖြစ်တဲ့ ငပလီ ကမ်းခြေဒေသဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားလာရောက်လည်ပတ်မှုဟာ နှစ်စဉ်တိုးတက် နေတာကို တွေ့ရပါတယ်။ (၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ရခိုင်ပြည်နယ်မှာ ဟိုတယ်နဲ့ တည်းခိုရိပ်သာ (၇၂)လုံးနဲ့ အခန်းအရေအတွက် (၂၃၁၁)ခန်းအထိ တိုးတက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ငပလီနဲ့ ကမ်းသာယာကမ်းခြေဒေသတွေမှာ ဟိုတယ်လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း ရေးဆွဲနိုင်ဖို့အတွက် ဇန်နဝါရီလ (၂၅)ရက်နေ့နဲ့ (၂၆)ရက်နေ့တွေမှာ ငပလီကမ်းခြေဒေသမှာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်သွားမယ့်အကြောင်း၊ ရခိုင်ပြည်နယ် အတွင်းမှာ လုပ်ကိုင်နေကြတဲ့ ဟိုတယ်နဲ့ခရီးသွားလာရေါ်လုပ်ငန်းတွေ စနစ်တကျရှိစေရေးနဲ့ ဒေသတွင်းမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာဖို့ ပူးပေါင်းဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ဖိုရပ် (၂၀၁၉)မှာလည်း ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံရန်အတွက် ရင်းနှီးမြှုပ်နှံမှုခန့်မှန်း အမေရိကန်ဒေါ်လာ (၅)ဒသမ (၂၄၉) ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ဝင်စားမှုအဆိုပြုလွှာ (၃၀)ကို လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
Written By : ဝိုင်းနန္ဒီ
Photo Credit : Booking
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ