By Kumudra, Shweproperty.com
Updated at 29 April 2019
ငပလီအိမ်ခြံမြေဈေးကွက်မှာ မေးသူသာရှိပြီး အဝယ်မရှိဘဲ ဖြစ်နေတာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ပွဲစားတွေအနေနဲ့ အရှုံးများစွာ ရင်ဆိုင်နေရပါတယ်။
အရောင်းအဝယ်ဈေးကွက်မှာ သိပ်မဖြစ်ပေမဲ့ ခေါ်ဈေးတွေမှာ ယခင်နှစ်တွေကထက် ပိုပြီးဈေးခေါ်နေကြပါတယ်။ အိမ်ခြံမြေဈေးတွေအပြင် အုန်းခြံအရောင်းအဝယ်တွေမှာလည်း ဝယ်သူမရှိဘဲ ငြိမ်သက်နေပါတယ်။ တစ်ဧကကို ကျပ်သိန်း ၃၀,ဝဝဝ၊ ၃၅,ဝဝဝ လောက်အထိ ဝယ်ယူမှုတွေရှိခဲ့ပြီး အခုလက်ရှိမှာတော့ ဝယ်သူမရှိသလောက် ငြိမ်သက်နေပါတယ်။
ငပလီရပ်ကွက် အိမ်ခြံမြေအကျိုးဆောင်မသက်မွန်က “အရောင်းအဝယ်အေးတာက တိုင်းပြည်မငြိမ်သက်မှုတွေလဲပါတယ်၊ မေးတာ ၁၀ ခုလောက်ရှိမှ တစ်ခုလောက် အရောင်းအဝယ် ဖြစ်တယ်၊ တချို့ဆိုရင် ဝယ်ဖို့သွားပြတယ်၊ သွားကြည့်တယ်၊ ဈေးညှိတယ်၊ ပြီး အရောင်းအဝယ်ပျက်သွားတာတွေလဲရှိတယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ မိမိဝယ်ယူထားတဲ့ ဆက်စပ်နေတဲ့ မြေကွက်လေးတွေကိုသာ ဝယ်ယူကြပြီး တချို့ဆိုရင် ငပလီအပန်းဖြေလာရင်း မြေကွက်ကြိုက်လို့ ဝယ်သွားတာမျိုးပဲရှိတယ်။လွန်ခဲ့တဲ့ နှစ်လလောက်ကဆို တကူးတကလာရောက် ရင်းနှီးမြှုပ်နှံသူတွေ မရှိတော့ဘူးလို့ သိရပါတယ်။
အရောင်းအဝယ်အနည်းငယ်ဖြစ်နေတာကတော့ သိန်း ၁ဝဝဝ ဝန်းကျင် မြေကွက်လေးတွေ၊ သိန်း ၃ဝဝဝ ဝန်းကျင် ပေ ၆၀ ပတ်လည် မြေကွက်လေးတွေသာ အရောင်းအဝယ် အနည်းငယ်ရှိနေခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကဆိုရင်တရုတ်တွေက အုန်းခြံတွေကို အလုအယက်ဝယ်ကြတယ်။တစ်ဧကကို နေရာပေါ်မူတည်ပြီး သိန်း ၁ဝဝ၊ ၂ဝဝ ကစပြီး သိန်း ၃၀,ဝဝဝ လောက်အထိ ရှိခဲ့တယ်။ သိန်း ၅ဝဝ တန်တွေဆို သိန်း ၁ဝဝဝ လောက် ဈေးပေးခဲ့ကြတယ်။ လက်ရှိမှာတော့ လုံးဝမရှိသလိုပဲ ရပ်သွားတာမျိုး ဖြစ်တယ်လို့ ငပလီဒေသခံတစ်ဦးက ပြောပါတယ်။
ငပလီအိမ်ခြံမြေဈေးကွက်က ငပလီကမ်းခြေဘေးမှာဆို တစ်ဧကကို သိန်း ၃၀,ဝဝဝ ဝန်းကျင်ဈေးရှိပြီး မြပြင်၊ လင်းသာဆိုရင် သိန်း ၁၀,ဝဝဝ လောက်ပေါက်ဈေးရှိပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ