By Myanmar Builders Guide, Shweproperty.com
Updated at 11 February 2019
လွန်ခဲ့သည့် လေးနှစ်ခန့်ကစတင်ကာ တရုတ်လူမျိုး များ ဝယ်ယူမှုများလာသဖြင့် သံတွဲမြို့ ငပလီကမ်းခြေ၌ အိမ်ခြံမြေ ဧကတစ်ဝက်လျှင် ကျပ်သိန်း ၁၀,၀၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မြို့ခံများက ပြောသည်။
‘‘ ငပလီမှာရှိတဲ့ အုန်းခြံတွေ ကို တရုတ်တွေ လွန်ခဲ့တဲ့ မိုးတွင်း ကာလကစပြီး ဝယ်လာတာ ဖြစ် ပါတယ်။ အဲဒီတုန်းက အုန်းခြံ တစ်ကွက်ကို သိန်း ၂,၀၀၀၊ ၃,၀၀၀ ကနေ အခုဝယ်တဲ့ တရုတ် တွေ များလာတဲ့အတွက် ၀ ဒသမ၅ ဧကကို ကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ဈေးပေါက်နေပါပြီ။ ရောင်းတဲ့သူတွေကလည်း ဈေးကမတော်မတန်ရနေတော့ ရောင်း ကြတာပေါ့ ’’ဟု သံတွဲမြို့ခံ ဦးရဲ နိုင်စိုးက ပြောသည်။
ယခုကဲ့သို့ အိမ်ခြံမြေဝယ်ယူ သူအများစုသည် ဟိုတယ်တည်ဆောက်မှု များပြားကြောင်း အိမ်ခြံမြေ ပွဲစားအချို့က ပြောသည်။
‘‘ သူတို့ကတော့ ဘာလုပ် မယ်ဆိုတာ မပြောကြပါဘူး။ ဈေးကို မြှင့်ပေးတယ်။ ရောင်းမယ်ဆို ရင် ဝယ်မယ်။ ကျွန်တော်တို့မှာ လည်း ဒီလောက်ငွေ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးတော့ဈေးကောင်းရတဲ့အချိန်မှာ ရောင်းကြတာပေ ’’ ဟု အုန်းခြံပိုင်ရှင် ဦးကျော်စိုးက ပြောသည်။
ငပလီကမ်းခြေ၌ အုန်းခြံ မြေများကို တရုတ်လူမျိုးများ မဝယ်မီက မြေတစ်ဧကလျှင် ကျပ်သုံးသိန်း၊ လေးသိန်းနှင့် ခြံဝင်းထဲရှိ အပင်အနေအထားအရ အမြင့်ဆုံးဈေးအဖြစ် ကျပ် ၁၀ သိန်းခန့်သာရရှိကြောင်း ခြံပိုင်ရှင်များက ပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ