By 7daydaily, Shweproperty.com
Updated at 28 November 2014
ရန်ကုန်မြို့တွင် ညနေ ဈေးဖွင့်လှစ်ရန် နိုဝင်ဘာလကုန်၌ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အပြီးသတ် ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။
ဖွင့်လှစ်မည့် ဈေးဆိုင်အမျိုး အစား ပါဝင်မှု ရာခိုင်နှုန်း၊ ဈေး သည်များအတွက် ရေ၊ မီး၊ မိလ္လာ စနစ်များနှင့် မော်တော်ယာဉ်ရှုပ် ထွေးမှု မဖြစ်အောင် ရွေးချယ်ထားပြီးဖြစ်၍ ယခု ဆွေးနွေးမှုပြီး မြောက်ပါက ညဈေးကို ဖော် ဆောင်သွားမည်ဟု ယင်းအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောသည်။
‘‘လုပ်ပြီးရင် ပြန်မဖျက်ချင် လို့ တစ်ခါတည်းသေချာအောင် လုပ်နေလို့ ကြန့်ကြာနေတာပါ။ နောက်ပြီး ယဉ်ကျေးမှုနယ်မြေ တွေထဲမှာလည်း မပါချင်ဘူး။ ရန်ကုန်မြို့တော် မဟာစီမံကိန်း ပေါ်မူတည်ပြီး ဒီဈေးနေရာကို သတ်မှတ်သွားမယ်’’ဟု ဦးကျော် မြတ်မိုးက ပြောသည်။
မြန်မာနိုင်ငံ စားသောက် ဆိုင် လုပ်ငန်းရှင်များအသင်း၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီတို့ ပူးပေါင်းကာ ရန်ကုန်မြို့တွင် ညဈေးဖွင့်လှစ်နိုင် ရန် ဆွေးနွေးခဲ့သော်လည်း အကြိမ်ကြိမ်ပျက်ပြယ်ခဲ့သည်။
‘‘ရန်ကုန်မြို့မှ အဓိကစား သောက်ဆိုင်တွေရှိတာ မြို့ထဲက (၁၉)လမ်းတစ်ခုပဲတွေ့တယ်။ ဒီမှာလည်း လူကျပ်တယ်။ စား သောက်ဆိုင်တွေ ကျန်းမာရေး အရ လိုအပ်ချက်တွေ ရှိသေး တယ်။ ရန်ကုန်မြို့မှာ ညနေဈေး ကောင်းကောင်းတစ်ခုတော့ လို တယ်’’ဟု အမေရိကန်နိုင်ငံသား တစ်ဦးက ပြောသည်။
ညဈေးတွင် စားသောက် ဆိုင်၊ အဝတ်အထည်၊ မြန်မာ့ရိုး ရာဗေဒင်၊ မြန်မာ့ရိုးရာလက်မှု အနှိပ်ပညာ၊ စာအုပ်ဆိုင်များ လည်းပါဝင်မည်ဖြစ်မည်။ ဆိုင် ခန်းအရေအတွက်ကို မြို့တော်စည် ပင်နှင့်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး လမ်းဘေးဈေးသည်များ ကို ဦးစားပေးဖွင့်လှစ်ရန် ရွေးချယ် သွားမည်ဖြစ်ကြောင်း အဆိုပါ အသင်းမှ သိရသည်။
ညဈေးဖွင့်လှစ်ရန် မြို့နယ်တစ်ခုမှ လမ်းဘေးဈေးသည်နှစ်ဆိုင်စီကျ ကျန်းမာရေး စစ်ဆေးချက်ကောက်ယူနေကြောင်း မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
၂၀၁၄ ခုနှစ် ဩဂုတ်လ အတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက ရန်ကုန် မြို့ မဟာဗန္ဓုလပန်းခြံလမ်းတွင် ခွင့်ပြုပေးခဲ့သော်လည်း နေရာကို ပြန်လည်ရွေးချယ်မည်ဖြစ်သည်။ ညဈေးဖွင့်လှစ်မည့် အချိန်မှာ ညနေ ၆ နာရီခွဲမှ ည ၁၂ နာရီ အထိဖြစ်သည်။
Ref : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ