By 7daydaily, Shweproperty.com
Updated at 18 January 2016
အငြိမ်းစားဝန်ထမ်းများ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ မြေကွက်လျှောက်ထားနေခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင်ကြေညာဖိတ်ခေါ်ထားခြင်း မရှိကြောင်း သတင်းရရှိသည်။
အစိုးရအငြိမ်းစားဝန်ထမ်း များ မြေကွက်လျှောက်လွှာခေါ် ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားဝင် ကြေ ညာထားခြင်းမရှိဘဲ ၎င်းတို့သဘော ဆန္ဒဖြင့်သာ လျှောက်ထားနေ ကြခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ထွက်ပေါ်နေသော သတင်းများနှင့် ပတ် သက်၍ပြောသည်။
‘‘လျှောက်လွှာခေါ်ရင် နိုင်ငံ ပိုင်သတင်းစာတွေကနေ တရား ဝင်ကြေညာမှာပါ။ အခုလျှောက် နေတာတွေကတော့ ဘယ်လို အစီအစဉ်တွေ ကြားလို့ သူတို့ လျှောက်နေကြတယ် ဆိုတာ ကျွန်တော်တို့မသိဘူး’’ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့၊ ဆောက်လုပ်ရေးနှင့် စွမ်း အင်ဝန်ကြီးဦးကျော်စိုးကလည်း ယင်းကိစ္စကို မသိကြောင်း ပြော သည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသို့ ဆက် သွယ်စုံစမ်းရာ အဆိုပါ ကိစ္စမှာ ၎င်းတို့နှင့်သက်ဆိုင်ခြင်းမရှိဘဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့သို့သာ မေးမြန်းရန် တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး စိုက် ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပင်စင်စားများအား မြေကွက်ချပေးရန် မြေတောင်းခံ ထားမှု မရှိသေးကြောင်းနှင့် ယင်းသို့ မြေကွက်နှင့် တိုက်ခန်းများကို အလျဉ်းသင့်သလို မဲနှိုက်ချထား ပေးမှုမှာ ယခင်ကတည်းက ရှိခဲ့ ကြောင်း ပြောသည်။
‘‘လွန်ခဲ့တဲ့ သုံးလေးနှစ်က တည်းက အငြိမ်းစားဝန်ထမ်းတွေ ကို အဆင်ပြေသလို အစိုးရသတ် မှတ်ဈေးနဲ့ နေရာချပေးတာမျိုး ရှိခဲ့တယ်။ အခုသတင်းထွက်နေ သလို သီးသီးသန့်သန့် စီမံချက်နဲ့ ချပေးမယ်ဆိုတာမျိုး မဟုတ်ဘူး။ အလျဉ်းသင့်သလို စီစဉ်ပေးခဲ့ တာပေါ့။ မဲပေါက်ပြီးသားသူကထပ်မရတော့ဘူး။ အခုနောက်ပိုင်း ဘာသတင်းကြားလို့လဲမသိဘူး လျှောက်တဲ့သူတော်တော် များနေတယ်လို့ သိရတယ်။ စီမံချက်အတွက် စိုက်ပျိုးမြေ တောင်းထားတာ မရှိသေးပါဘူး’’ ဟု ၎င်းကပြောသည်။
ထိုသို့မြေကွက်ချပေးမည့် သတင်းကို ၂၀၁၅ နှစ်ကုန်ပိုင်းက လည်း တစ်ကြိမ်ထွက်ပေါ်ခဲ့သေး ပြီး ယခုနှစ်၌ ထပ်မံထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
ယခုသတင်းထွက်ပေါ်မူ တွင် ပင်စင်စားများ ဝန်ကြီးချုပ် ထံမြေကွက်လျှောက်ထားရမည် ဆိုသော လျှောက်လွှာပုံစံဖြင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက် နှာပေါ်၌ပါ ပျံ့နှံ့နေခဲ့ပြီး ဇန် နဝါရီ ၂၀ ရက် နောက်ဆုံးလျှောက်ရ မည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါ သတင်းမှာ ယခုလ ပထမပတ်မှစတင်၍ ပြန်လည် ထွက်ပေါ်နေခြင်းဖြစ်ပြီး စာတိုက်များအနီးတွင် မြေကွက် လျှောက်လွှာတစ်စောင်လျှင် ၁,၀၀၀ ကျပ်ဖြင့် ရောင်းချနေသူများလည်းရှိကြောင်း စာတိုက်မှတစ်ဆင့် သွားရောက်လျှောက် ထားခဲ့သူ အသက်(၆၀)နှစ်ရှိ လယ်ဆည်ဝန်ကြီးဌာနမှ အငြိမ်း စားအရာရှိဦးမင်းစိန်က ပြော ကြားသည်။
‘‘အချင်းချင်း လက်တို့လို့ အဘလည်း မနေ့ကမှ သိတာနဲ့ လာလျှောက်တာ၊ ဖောင်ကဒီ ရောက်မှ ဝယ်လိုက်တယ်။ တချို့ ကတော့ ကြိုပြီးစာစီလာကြ တယ်’’ဟု ၎င်းကပြောသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ