By DVB, Shweproperty.com
Updated at 23 August 2017
အိမ်ပိုုင်မရှိတဲ့ တက္ကသိုုလ်ဆရာ၊ ဆရာမတွေကို မင်းဓမ္မဥယျာဉ်မြို့တော် အိမ်ရာစီမံကိန်းမှာ နေထိုုင်ခွင့်ပြုမယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။
ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Myanmar Imperial Vega Co,Ltd တိုု့ပူးပေါင်းဆောင်ရွက်နေတဲ့ မင်းဓမ္မဥယျာဉ်မြို့တော်အိမ်ရာစီမံကိန်းကနေ ပညာရေးဝန်ကြီးဌာန ကနေ ရရှိလာမည့် အိမ်ခန်း ၂၃၉၀ ကိုု အိမ်ပိုင်မရှိသူ တက္ကသိုလ်ဆရာ၊ ဆရာမများကိုု စိစစ် နေထိုုင်ခွင့်ပြုသွားမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုုလိုက်ပါတယ်။
လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်ရှိ တက္ကသိုလ်ဆရာ/ဆရာမများ ရိပ်သာအပါအဝင် ပညာရေးဝန်ကြီးဌာနပိုင် မြေနေရာတွင် ဆောက်လုပ်နေသော အဆောက်အဦများအား မည်သို့စီမံဆောင်ရွက်ထားသည် ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ မေးခွန်းကိုုဖြေကြားရာမှာ ပညာရေးဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။
“ပညာရေးဝန်ကြီးဌာနပိုင်အိမ်ခန်းများကို အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုုန်ရုံုးခွဲ)ရှိဦးစီးဌာန၊ တက္ကသိုုလ်၊ ဒီဂရီကောလိပ်နှင့် တွဲဖက်ဌာများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သင်ကြား/စီမံဝန်ထမ်းများအနက် ရန်ကုုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မိမိကိုယ်ပိုင်အိမ် မရှိသူ၊ မိမိဇနီး(သိုု့မဟုုတ်) ခင်ပွန်းပိုုင်အိမ်ရှိသူ၊ နိုုင်ငံပိုုင်အိမ်ခန်းရယူထားခြင်း မရှိသူများမှ လျှောက်ထားခြင်းကိုု စိစစ်နေထိုုင်ခွင့်ပြုပါတယ်” လို့ ပညာရေးပြည်ထောင်စုုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆိုုပါတယ်။
ပညာရေးဝန်ကြီးဌာနပိုုင် အိမ်ခန်းများနေရာချထားရာမှာတော့ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌနဲ့ ရန်ကုုန်မြို့ရှိ တက္ကသိုုလ်အရာထမ်း၊ အမှုထမ်းအိမ်နေရာ ချထားရေး ကော်မတီက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ရာထူးအဆင့်တူ အုပ်စုလိုက် ရွေးချယ်ရေးမူဘောင်နဲ့ ညီညွတ်သူများကိုု အိမ်ခန်းနေရာချထားရန် ပဏာမလျာထား အမည်စာရင်းကိုု သက်ဆိုုင်ရာ ကျောင်း၊ ဌာနအကြီးအကဲများက သတ်မှတ်ထားတဲ့ အိမ်ခန်း နေထိုုင်သူများလိုက်နာရမည့် စည်ကမ်းများကိုု လိုက်နာနိုုင်မည့်သူများအား ထပ်မံစိစစ်ပြီး အိမ်ခန်းတွေကိုု နေရာချထားပေးတယ်လို့ သိရပါတယ်။
အခုုလက်ရှိတည်ဆောက်နေတဲ့ မင်းဓမ္မဥယျာဉ်မြို့တော်အိမ်ရာစီမံကိန်းကနေ ရရှိလာမယ့် အိမ်ခန်းတွေကိုု စည်းမျဉ်းစည်းကမ်းနဲ့ကိုုက်ညီတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ စီမံဝန်ထမ်းကိုု နေရာချထားပေးသွားမယ်လို့ ပညာရေးဝန်ကြီးကဆိုုပါတယ်။
ပညာရေး ဝန်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ ပါမောက္ခချုပ် အဆင့်များအတွက် အခန်း၁၀ခန်း ပါမောက္ခ(ဌာနမှူး)၊ ညွှန်ကြားရေးမှူး၊ ဌာနမှူးအဆင့်များအတွက် ၁၅၆ခန်း၊ ပါမောက္ခ၊ တွဲဖက် ပါမောက္ခ (ဝါရင့်)၊ ဒု ညွှန်ကြား ရေးမှူး (ဝါရင့်) အဆင့်များအတွက် ၁၇၈ခန်း၊ တွဲဖက်ပါမောက္ခ၊ ဒုညွှန်ကြားရေးမှူး၊ ကထိကအဆင့်များအတွက် ၁၄၃၀ ခန်း၊ လက်ထောက်ကထိက(ဝါရင့်)များအတွက် ၈၄ခန်း၊ လက်ထောက်ကထိက(ဝါရင့်)များအတွက် ၁၁၂ ခန်းနဲ့ နည်းပြ၊ သရုုပ်ပြ(ဝါရင့်)များနေထိုုင်ရန်အတွက် ၄၂၀ ခန်း စုုစုုပေါင်း ၂၃၉၀ ခန်းကိုု တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။
အခုုအိမ်ရာစီမံကိန်းကိုု ၂၀၁၄ခုုနှစ်က စတင်ပြီး ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ Myanmar Imperial Vega Co,Ltd တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
Ref & Photo Credit : DVB
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ