By myanmar property, Shweproperty.com
Updated at 12 June 2013
အရောင်းအဝယ် အေးလျက်ရှိသော်လည်း မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်မားစွာ ခေါ်ယူမှုများ ရှိနေကြောင်း မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ဓမ္မာရုံမှတ်တိုင်အနီး သီရိမင်္ဂလာအဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းဆောက်လုပ်မှုဖြင့် ဓမ္မာရုံမှတ်တိုင်အနီး ရပ်ကွက်များရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ပေ ၂၀ x ၆၀ တစ်ကွက်လျှင် ငွေကျပ်သိန်း ၂၅၀၀ အထိရှိကြောင်း၊ ယင်းယာဉ်ရပ်နားစခန်းအနီး ဝန်းကျင်သာမက ခြောက်ကွေ့မှစ၍ ကန်သာယာ၊ သုနန္ဒာရပ်ကွက်များထက် ပေ ၂၀ x ၆၀ များသာ အရောင်းအဝယ်ဖြစ်ကြောင်း အထက်ပါ အကျိုးဆောင်များထံမှ သိရသည်။
အမှတ် (၃) လမ်းမကြီး ခင်းကျင်းလိုက်သည့်အတွက် ယင်းလမ်းမကြီးတစ်လျှောက် မေးတင် ပေ ၄၀ x ၆၀ မြေကွက်များမှာ ငွေကျပ်သိန်းလေးသောင်းကျော်အထိပေါက်ဈေးရှိပြီး အတွင်းရပ်ကွက် လမ်းမများတွင် ငွေကျပ်သိန်း လေးရာမှတစ်သောင်းကျော်အထိ ပေါက်ဈေးရှိကြောင်း၊ မြောက်ဥက္ကလာပအဝိုင်း၊ ကျောက်ရေတွင်းနှင့် ဘုန်းကြီးလမ်းတစ်လျှောက်တွင် အဝယ်လိုက်သော်လည်း မြေကွက်ရောင်းချမှု မရှိသလောက် နည်းပါးကြောင်း သိရသည်။
“အကျိုးဆောင်လုပ်ငန်းတွေ အလုပ်မဖြစ်တာ ငါးလ၊ ခြောက်လ လောက်ရှိပြီ၊ ဝယ်မယ့်သူက ရှားနေပေမဲ့ ရောင်းမယ့်သူတွေက ဈေးနှုန်းတွေကို စွတ်အော်နေကြတယ်၊ တဖြည်းဖြည်းနဲ့ မြေကွက်တစ်ကွက် ရဖို့တောင်မလွယ်တော့ဘူး၊ မြေဈေးနှုန်းကို စွတ်အော်နေတော့ ဝယ်မယ့်သူကလည်း မလိုက်နိုင်တော့ဘူး၊ အမှန်တော့ ပေါက်ဈေး အဒီလောက်မရှိဘူး၊ အဲဒါကြောင့် လုပ်ငန်းပါးပြီး အရောင်းအဝယ် အေးနေတယ်၊ မြောက်ဥက္ကလာပမှာမှ မဟုတ်ဘူး၊ ကျန်တဲ့မြို့နယ်တွေလည်း ဒီလိုပဲ”ဟု မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာရပ်ကွက်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
လွန်ခဲ့သည့် သုံး၊ လေး၊ ငါးလမှစ၍ အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်မားစွာ ခေါ်ယူမှုကြောင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် အေးလျက်ရှိပြီး ဈေးနှုန်းမြင့်မားစွာ ခေါ်ထားသော်လည်း ဝယ်လက်နည်းပါးကြောင်း၊ အဆိုပါမြို့နယ်အတွင်း၌ အမှတ်(၃) လမ်းမခင်းကျင်းခြင်းနှင့် သီရိမင်္ဂလာအဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းတည်ဆောက်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်တက်သွားခဲ့ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
Ref : Myanmar Property
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ