By myanmartimes, Shweproperty.com
Updated at 14 September 2012
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအောက်ရှိ လမ်းတံတား ဌာနမှတာဝန်ယူတည်ဆောက်၍ မကြာမီ ဖွင့်လှစ်မည်ဖြစ်သောမြောက် ဒဂုံမြို့နယ်တွင်းရှိ ဘေလီတံတားနှင့် အပြိုင်တည်ရှိမည့် တံတားသစ် တစ်စင်းထပ်မံ တည်ဆောက်လိုက်ခြင်းက လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာနိုင်ခြင်းအားဖြင့် ငြိမ်သက်နေသော မြောက်ဒဂုံ အိမ်၊ ခြံ၊ မြေဈေးကွက်ကို လှုပ်ခတ်နိုင်လိမ့်မည်ဟု အကျိုးဆောင်များက ပြောသည်။ "မြောက်ဒဂုံမြို့နယ်မှာ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်တွေ ငြိမ်သက်နေ တာ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းကပါ။ အိမ်ဈေး၊ မြေဈေးတွေ က အရမ်းကို ထောင်တက်သွားတာကြောင့်လို့ ပြောနိုင်ပါတယ်။ ဈေးတွေ က မထင်မှတ် လောက်စရာတွေဖြစ်သွားတော့ ဝယ် ရောင်း တွေလည်း ငြိမ်သွားတယ်။ ဒါပေမယ့် တံတားအသစ်ဖွင့်ပြီး လမ်းပန်း ဆက်သွယ် ရေး ကောင်းသွားရင် မြောက်ဒဂုံမှာ အိမ်၊ ခြံ၊ မြေဈေးကွက် နည်းနည်း ပြန်လှုပ်ရှားလာနိုင်တယ်လို့ ထင်တယ်"ဟု မြောက်ဒဂုံမြို့နယ် အခြေ စိုက် ကောင်းသန့် အိမ်၊ ခြံ၊ မြေအကျိုး ဆောင်မှ ဦးသက်မိုးခိုင် က မြန်မာတိုင်း(မ်) ကို ဩဂုတ်လနှောင်းပိုင်းကပြောသည်။ အလွန်အမင်း မြင့်မားနေသော အိမ်၊ ခြံ၊ မြေဈေးနှုန်းများကြောင့် အပါအဝင် ပြောင်းလဲလိုက်သော အခွန်စနစ်ကြောင့်လည်း ဝယ်သူ မရှိသလောက် ငြိမ်သက်သွားသော အိမ်၊ ခြံ၊ မြေ ဈေးကွက် အခြေအနေအား တံတားသစ်ဖွင့်လှစ်လျှင် ၂၀ ရာခိုင်နှုန်းခန့် သက်ရောက် မှု ရှိနိုင် ကြောင်း ဦးသက်မိုးခိုင်ကခန့်မှန်းသည်။ "အရောင်းအဝယ်က ပြန်အခြေအနေ ကောင်းလာနိုင်ပေမယ့် ဈေးကတော့ လောလောဆယ် ကျသွားဦးမှာ မဟုတ် သေးဘူးလို့ ထင်ပါ တယ်။ ဒီဈေးနဲ့ပဲ တန်းနေဦးမှာပဲ။ တကယ်နေထိုင်ချင်တဲ့ သူတွေကတော့ သွားလာရေး အဆင်ပြေသွားမယ်ဆို ပြန်စိတ်ဝင်စား လာနိုင် တယ်။ ဝယ်ရောင်းသမားတွေ ကတော့ အခွန်ပြောင်းသွားလို့ သိပ် မလှုပ်ရဲသလောက်ပဲ။ အဲဒီတော့ အရင်တုန်းကလောက် ဝုန်းဒိုင်း ကြီး အရောင်းအဝယ်တော့ ဖြစ်မှာမဟုတ်ဘူး။ ပုံမှန်လေးလောက်ပဲ ပြန်ဖြစ်သွားလိမ့်မယ်" ဟု ၎င်းကပြောသည်။ အကြမ်းအားဖြင့် စတုရန်းပေ ၂,၄၀၀ (ပေ ၄၀ x ပေ ၆၀) ရှိ မြေကွက်များသည် နှစ်နှစ်အတွင်း ဈေးနှုန်း ရှစ်ဆခန့်တက် သွားကြောင်း သိရသည်။ လွန်ခဲ့သော နှစ်နှစ် က မြောက်ဒဂုံမြို့နယ်အတွင်း လမ်းမတန်းနေရာကောင်းများရှိ မြေကွက်ဈေးသည် ကျပ်သိန်း ၅၀ ဝန်း ကျင်ရှိခဲ့ရာမှ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ကျပ်သိန်း ၄၀၀ ဝန်းကျင်ရှိနေသည်ဟု ဆိုသည်။ လက်ရှိကာလတွင် စတုရန်းပေ ၂,၄၀၀ ရှိမြေ ကွက်များမှာ နေရာပေါ် မူတည်၍ အနည်းဆုံး ကျပ်သိန်း ၂၀၀ ဝန်းကျင်မှ အများဆုံး ကျပ်သိန်း ၄၀၀ ဝန်းကျင်ရှိနေကြောင်း သိရ သည်။ "ဒဂုံအရှေ့နဲ့ မြောက်ဒဂုံက ဆက်စပ် နေတာဆိုတော့ ဒဂုံအရှေ့ဘက်ရောက် သွားရင် ဒီထက် ဈေးလျော့နိုင်ပါတယ်။ မြောက်ဒဂုံဘက် စစ်စစ်မှာတော့ ပေ ၄၀ x ၆၀ မြေကွက်ဆို သိန်း ၂၀၀ အောက် မရှိတော့ဘူး"ဟု ဦးသက်မိုးခိုင် က ပြောသည်။ လမ်းမတော်မြို့နယ်အခြေစိုက်(မြ) ပန်းသခင်အကျိုးဆောင်ကုမ္ပဏီမှ ဦးမင်း မင်းစိုးကလည်း တံတားသစ်ဖွင့်လှစ် လိုက်ခြင်းကြောင့် မြောက်ဒဂုံမြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်အပေါ် ၂၀ ရာခိုင်နှုန်းခန့် သက်ရောက်မှု ရှိနိုင်ကြောင်း ပြောသည်။ "တံတားဖွင့်လိုက်တာ မျှော်လင့်ချက်လေးတော့ ပြန်ဖြစ်တဲ့သဘောပေါ့။ လမ်းပန်းအဆက်အသွယ်ကောင်းတာ ကလည်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အပေါ် သက်ရောက်မှု ရှိတာကိုး။ ဘေလီ တံတားကလည်း ကားအရမ်းကျပ်တာဆို တော့ လမ်းအဆင်ပြေသွားရင် တကယ် နေထိုင်ချင်တဲ့လူတွေ ပြန်စဉ်းစားလာ ကြမှာပေါ့။ သက်ရောက်မှုကတော့ နည်း မယ်ထင်ပါတယ်။ ကျိန်းသေပြောလို့ မရသေးဘူး။ ရာခိုင်နှုန်း ၂၀ လောက် ပြန်တက်လာနိုင်မယ်ထင်တယ်"ဟု ၎င်းကပြောသည်။ သို့သော် အဆမတန် ကြီးမြင့် နေသော မြေဈေးနှုန်းများအား ကား ဈေးနှုန်းကဲ့သို့ ကျဆင်းရန် အစီအစဉ် ပြုလုပ်မည်ဟူသော သတင်း စကားများ ထွက်ပေါ်နေသည့်အတွက်လည်း ကောင်း၊ ဝယ်သူက ပေးဆောင်ရမည့် အခွန်နှုန်းထားကြောင့်လည်းကောင်း စောင့်ကြည့် ရဦးမည်ဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။ Source : myanmartimes
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ