By The Kumudra, Shweproperty.com
Updated at 30 July 2015
အိမ်ခြံမြေဈေးကွက်မှာ အဝယ်အေးနေတာက အရင်လို ပြန်ထုတ်ရောင်းဖို. မလွယ်ကူတာကြောင့် ဝယ်မရင်းနှီးကြတော့ဘူးလို. သိရပါတယ်။
အရင်နှစ်တွေက ဝယ်ရောင်းသမားတွေ ဝင်ကစားတဲ့ ဒဂုံလေးမြို.နယ်မှာလည်း ဈေးကွက်ပျောက်နေတယ်။ တခြားနေရာတွေမှာလည်း အဝယ်မရှိဘဲ ဈေးကွက်က အေးနေတယ်။ အရင်နှစ်တွေက ဝယ်လက်တွေက ဈေးပြိုင်ပေးပြီး လိုက်ဝယ်ခဲ့ကြပေမဲ့ အခုမှာတော့ ဈေးလျှော့ခေါ်တာတောင် ဝယ်လက်ပျောက်နေတယ်လို. အကျိုးဆောင်တချို.ထံက သိရတယ်။
မဝယ်ရဲတော့ဘူး
ဝါရင့် အကျိုးဆောင် ဦးမောင်မောင်က ‘အရင်က မြေတစ်ကွက်ရဲ.ဈေးက တစ်နေ.တည်းနဲ.ကို တန်ဖိုးက ပြောင်းနေတာ၊ နေ.ချင်းကို ငါးသိန်း၊ ၁၀သိန်း တက်သွားတာ၊ ဝယ်မယ့်သူတွေ ပြုံနေခဲ့တဲ့ အနေအထားတုန်းကနဲ. ယှဉ်ရင်တော့ အခုက ဈေးကွက်ပျက်နေတယ်ပေါ့။ အခုဟာက ဒီနေ. ဝယ်တဲ့ဈေးနဲ. နောက်နေ.ပြန်ရောင်းဖို. မပြောနဲ. ဈေးလျှော့ရောင်းတာတောင် ဝယ်သူမရှိဘူး။ ဒီတော့ မဝယ်ရဲကြတော့ဘူး’ လို.ပြောပါတယ်။
လက်ရှိဈေးကွက်ထဲမှာ ပေါက်ဈေးက တန်ပေမဲ့ ဝယ်ရင်းထားဖို.က အရင်လို သည်နေ.ဝယ် နောက်နေ.ရောင်းဝယ်တဲ့ အခြေအနေမဟုတ်ဘဲ အရင်းမရှုံးပေမဲ့ အမြတ်မကျန်တာ၊ အချိန်ယူရတာတွေ များတာကြောင့်ပါ။ ဈေးကွက် အရင်လို ပြန်ဖြစ်ဖို.ဆိုရင် အမြတ်ရပြီး ရက်ပိုင်းအတွင်း ပြန်ရောင်းလို.ရနိုင်တဲ့ အချိန်ရောက်မှသာ ဝယ်အားက ပြန်ကောင်းလာနိုင်မှာလို. ပြောပါတယ်။
Myanmar Housing အကျိုးဆောင် ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်တင့်က ‘အရောင်းအဝယ်သမားတွေကတော့ ဈေးတက်တဲ့အချိန် ဈေးကစားပြီး လုပ်ယူလို.ရတယ်၊ အခုချိန်မှာ ဝယ်မယ့်သူကိုမရှိတာ၊ မကစားနိုင်တော့ဘူး၊ ကစားရင်လဲ ရှုံးဖို. များနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက မမြှုပ်နှံတော့ဘူး’ လို. ရှင်းပြပါတယ်။
အိမ်ခြံမြေမှာက အမှန်တကယ်နေဖို. အတွက်နဲ. ရင်းနှီးမြှုပ်နှံဖို.ဆိုပြီး ဝယ်ယူကြတာပါ။ အခုချိန်မှာ ရင်းနှီးမြှုပ်နှံတဲ့ အဝယ်ပျောက်နေတာ ဖြစ်ပြီး နေဖို. ဝယ်ယူတာတွေကတော့ သူ.ဟာနဲ.သူ ရှိနေတယ်လို. သိရတယ်။ နေဖို. ဝယ်ယူသူတွေ အတွက် ဈေးတန်တဲ့ အချိန်လို.လည်း အကျိုးဆောင် အများစု ပြောကြပါတယ်။
ဈေးကွက်တွင်း ဖြစ်နေတာက
အတွင်းပိုင်း မြေကွက်တွေနဲ. မြို.သစ်တွေ၊ ဆင်ခြေဖုံးနေရာတွေမှာသာ လျှော့ ဈေးနဲ. ရောင်းတာတွေရှိတယ်။ မြို.တွင်းပိုင်းနဲ. လမ်းမတန်းတွေကတော့ ဈေးငြိမ်နေတယ်။ ခေါ်ဈေးလည်းမာပြီး လျှော့ရောင်းတာမျိုး မရှိပါဘူး။ အရောင်းအဝယ် အေးရတဲ့ အကြောင်းရင်းတွေက အခွန် အပြောင်းအလဲ၊၂၀၁၅ ရွေးကောက်ပွဲ အခြေအနေတွေကို စောင့်ကြည့်နေကြတာကြောင့်လည်း ဖြစ်တယ်။ သင်္ကြန်တွင်း အရှိန်နဲ.ဆက်ပြီး အေးနေတဲ့ ဈေးကွက်က မိုးတွင်းကာလမှာလည်း အရောင်းအဝယ် အေးတတ်တယ်လို. အကျိုးဆောင် တချို.က သုံးသပ်ကြပါတယ်။
အရင်နဲ. အခု ကွာခြားတာက
အရင်က မြေကွက်တစ်ကွက်ဟာ တစ်နေ.တည်း အရောင်းအဝယ်ဖြစ်နိုင်တဲ့ ကာလပါ။ ဈေးပွဲတော်တစ်ခုလို အရောင်းအဝယ်တွေ ပြန်ဆင်းခဲ့ကြသလို ဈေးကလည်း တစ်နေ.ချင်းကို ပြောင်းလဲခဲ့တယ်။ ဝယ်ရောင်းသမားတွေ အတိုးနဲ. ငွေချေးပြီး ဈေးဝင်ကစားကြတဲ့အထိ အမြတ်ထက်ဝက် နီးပါးရခဲ့တဲ့ ဈေးကွက်တစ်ခုဖြစ်ခဲ့တယ်။ အိမ်ခြံမြေလောကထဲ ရင်းနှီးမြှုပ်နှံသူတွေ ဝယ်ရောင်းသမားတွေ အများဆုံး ဝင်ရောက်ခဲ့တယ်လို. အကျိုးဆောင်လောကမှ သိရတယ်။
ဒဂုံသီးသန်.အကျိုးဆောင် မကေသီက ‘အရင်က ပိုက်ဆံအတိုးနဲ. ယူကစားတောင် ကိုယ့်အတွက်က ကျန်ပြီးသား၊ အခုချိန်မှာ အတိုးယူကစားဖို.မပြောနဲ. လက်ထဲရှိတာလေးတောင် ပြန်ရောင်းမထွက်ဘူး။ ဝယ်သူမရှိတော့ အရှုံးခံပြီး ဘယ်သူမှ မကစားကြတော့ဘူး၊ ကစားလဲ ရှုံးမှာသိနေတာကို အခုကတော့ ဈေးကွက်ထဲမှာ အရမ်းကြီးတော့ မအေးပါဘူး၊ အရောင်းအဝယ် အနည်းအကျဉ်းတော့ ပြန်ရှိလာတယ်’ လို. ပြောပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ