By News Watch Weekly, Shweproperty.com
Updated at 15 May 2015
ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီး (၉၃) ရပ်ကွက်ရှိ ပလပ်မြေပေါ်တွင် ဆောက်လုပ်ထားသည့် ကျူးကျော်များအား ပြောင်းရွှေ့ပေးရန် သတိပေးစာ (၅) ကြိမ်ခန့် ထုတ်ပြန်ထားသော်လည်း ရွှေ့ပြောင်းခြင်းမရှိသေးကြောင်း သိရသည်။
ကျူးကျော်နေထိုင်သူများအား ပြောင်းရွှေ့ကြေးပေးရန်အတွက် (၂၀၁၄) ခုနှစ်ခန့်က (၂) ကြိမ်၊ ယခုနှစ် ဧပြီ (၁၀) ရက်မှ (၁၇) ရက်အတွင်း၊ ဧပြီ (၂၃) ရက်မှ (၂၉) ရက်အတွင်းနှင့် မေ (၇) ရက်နှင့် မေ (၁၄) ရက်အတွှု်း ပြောင်းရွှေ့ပေးရန် စုစုပေါင်း နို့တစ်စာ (၅)ကြိမ်ခန့် ပို့ခဲ့ပြီးဖြစ်ကြောင်း (၉၃) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးလှကြည်က New Watch ဂျာနယ်တို့ ပြောသည်။
“ကျွန်တော်တို့ကတော့ အထက်ကညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမှာပါ။ ကျွန်တော့သဘောထားကတော့ ဒီအတိုင်းထားလို့ မရနိုင်ဘူး။ စည်းမဲ့ကမ်းမဲ့ ဖြစ်လာနိုင်တယ်။ သူတို့တွေကို အခြေမဲ့အနေမဲ့ နှင်ထုတ်လို့လည်း မဖြစ်နိုင်ဘူး။ ဒီအပေါ်မှာ ချိန်ဆပြီး လုပ်ဖို့လိုအပ်တယ်။ လောလောဆယ် ကျူးထဲမှာ နေထိုင်နေမှုက (၃) စားလောက်ရှိတယ်။ လုံးဝမရှိလို့ ဝင်နေတဲ့သူတွေ၊ ဒေသခံတွေက ရပ်ကွက်နယ်မြေချဲ့မပေးလို့ ဝင်နေရတဲ့သူတွေ၊ အနယ်နယ် အရပ်ရပ်က အဲ့ဒီလူတွေကို အကြောင်းပြုပြီး စီးပွားရေးဆန်ဆန် ဝယ်ရောင်းလုပ်နေတဲ့သူတွေကို စိစစ်ပြီး တကယ် ကိုယ့်ဒေသတွေမှာ နေစရာမရှိတဲ့သူ၊ အနယ်နယ် အရပ်ရပ်က နေစရာမရှိတဲ့သူတွေကို တနည်းနည်းနဲ့ နေရာထိုင်ခင်း လုပ်ပေးသင့်တယ်။ အဲဒီလို လုပ်ပေးမှ ကျူးပပျော်သွားမယ်လို့ ထင်တယ်”ဟု ဦးလှကြည်က ပြောသည်။
၎င်းတို့အနေဖြင့် အဆိုပါမြေပေါ်တွင် နေထိုင်သူများ စုပေါင်း၍ ဘက်စုံဖွံဖြိုးတိုးတက်ရေး ကော်မတီများ ဖွဲ့စည်းကာ နိုင်ငံတော်သမ္မတရုံးအပါအဝင် သက်ဆိုင်ရာဌာနများသို့ အသနားခံစာ ပေးပို့ထားကြောင်း သိရသည်။
“ထိပ်တိုက်ရင်ဆိုင်ဖယ်ရှားရုံနဲ့ ကျုးပပျောက်မသွားနိုင်ဘူး။ နိုင်ငံတော်ပိုင်မြေကို စီးပွားရေးလုပ်နေသူတွေ ဥပဒေအရ ကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူစေချင်တယ်။ ဒီနယ်မြေမှာ အုပ်ချုပ်ရေးအပိုင်း အခက်အခဲရှိနိုင်တယ်။ ဧည့်စာရင်းမပေးနိုင်တော့ ဧည့်စားရင်းမစစ်နိုင်ဘူး။ လူစိမ်းအဝင်အထွက်မသိနိုင်ဘူး။ တခြားမလိုအပ်တဲ့လူတွေ ခိုလှုံနေတာတွေ ရှိနိုင်တယ်။ အိမ်တွေက စည်းကမ်းတကျမဟုတ်လို့ အချိန်မရွေး မီးလောင်နိုင်တယ်။ မီးလောင်ရင် ဒီဘက်ရပ်ကွက်တွေပါ ထိပါးနိုင်တယ်”ဟု အုပ်ချုပ်ရေးမှုး ဦးလှကြည်က ပြောသည်။
(၉၃) ရပ်ကွက်ဘေး ပဲခူးမြစ်ကမ်းနား ပတ်လမ်းရှိ အဆိုပါမြေပေါ်တွင် နေထိုင်သူများအား ပြောင်းရွှေ့ပေးရန် လိုက်နာမှုမရှိပါက ၎င်းမြေပေါ်ရှိ အဆောက်အအုံများအား ဥပဒေပုဒ်မ ၂၁ (၁) ပြဠာန်းချက်များအရ အရေးယူသွားမှာ ဖြစ်ပြီး ကျူးလွန်သူများက တာဝန်နှင့် ကုန်ကျစရိတ်ကိုကျခံ၍ ဖျက်သိမ်းရှင်းလင်းရမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
Ref : New Watch Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ