By Myanmar Builders Guide, Shweproperty.com
Updated at 10 January 2020
အိမ်ခြံမြေ ဈေးကွက်အတွင်း အခွန်ကိစ္စနှင့် ပတ်သက်၍ လျှော့ချမှုများ ပြုလုပ်ပေးပြီးနောက် အိမ်ခြံမြေဈေးကွက်ပြန်လည် ကောင်းမွန်လာခြင်းဖြစ်သည်။
ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းများရှိပြီး လုပ်ငန်းလုပ်ရန်အတွက် ကုမ္ပဏီခွဲများ ဖွင့်လှစ်ခြင်းကြောင့် မြေနေရာ ရှာဖွေမှုများရှိလာသဖြင့် ယခင်ကထက် အရောင်းအဝယ်ကောင်းလာသည်ဟု သိရသည်။
ယခုကာလ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း သာကေတ၊ တောင်ဥက္ကလာပ ၊ ကြည့်မြင်တိုင်၊ ဒဂုံ(ဆိပ်ကမ်း) နှင့် ဒဂုံ(မြောက်ပိုင်း) တို့တွင် ငွေကျပ်သိန်း (၅ဝဝ) မှ သိန်း (၁ဝဝဝ) ၊ ငွေကျပ်သိန်း (၂ဝဝဝ) ၊ ငွေကျပ်သိန်း (၅ဝဝဝ) အောက် လုံးချင်းအိမ်ရာများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် အိမ်ခြံမြေ အရောင်းအဝယ်ပြန်လည်ကောင်းမွန်နေသဖြင့် ဈေးကွက် ပြန်လည်အေးသွားမည်ကို အိမ်ခြံမြေလုပ်ငန်းရှင်များ စိုးရိမ်လျက်ရှိနေကြသည်။
ထိုကဲ့သို့ အရောင်းဝယ် ကောင်းမွန်နေသော်လည်း ဈေးနှုန်းမြင့်တက်ခြင်းများမရှိဘဲ ပုံမှန်ဈေးနှုန်းဖြင့်သာ အရောင်းအဝယ် ပြုလုပ်လျက်ရှိနေသေးသည်။
ပြင်ပမြို့နယ်များ၌ အရောင်းအဝယ်ကောင်းမွန်နေပြီး ဝယ်ယူသူများသည် တစ်ဆင့်ခံ ရင်းနှီးမြှုပ်နှံသူများဖြစ်ပြီး ဝယ်ယူလိုအားများသော်လည်း မြေနေရာရှားပါးသော မြို့နယ်များတွင်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ပုံမှန်ဈေးနှုန်းအတိုင်းသာ ဈေးခေါ်ဆိုမှုများရှိနေသေးသည်ဟု သတင်းရရှိသည်။
Ref : Myanmar Builders Guide
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ