By မြတ်ကျော်သူ၊ နန်းမြင့်, Shweproperty.com
Updated at 26 December 2013
ရန်ကုန်မြို့ရှိ အဆောက်အအုံဟောင်း ၁,ဝဝဝ ကျော်ကို အန္တရာယ်ရှိ အဆောက် အအုံများအဖြစ် သတ်မှတ်ပြီးသော်လည်း အသစ်ပြန်လည် ဆောက်လုပ်နိုင်ခြင်းမရှိ ဘဲဖြစ်နေပြီး မူလနေထိုင်သူများမှာ ပြင်ပ တွင် ငှားရမ်းနေထိုင်ရလျက်ရှိသည်။
မူလနေထိုင်သူများအနေနှင့် ၄င်းတို့ နေရာပြန်လည်ရရှိရေးအတွက် တောင်း ဆိုမှုများရှိနေသော်လည်း ယင်းအဆောက် အအုံများကို ပြန်လည်တည်ဆောက်ရန် အစီအစဉ်မှာ သုံးလ သို့မဟုတ် ခြောက်လ ခန့်ကြာမြင့်ဦးမည်ဟု စည်ပင်အင်ဂျင်နီ ယာဌာန (အဆောက်အုံ) အကြီးတန်း အရာရှိတစ်ဦးက ဆိုထားသည့်အတွက် ကြန့်ကြာနေဦးမည့် အခြေအနေဖြစ်နေ သည်ကို တွေ့ရကြောင်းလည်း ပြင်ပတွင် ငှားရမ်းနေထိုင်ခဲ့ သူများကဆိုသည်။
''တိုက်ခန်းဝယ်ထားတာ ကျွန်တော့် အဖေလက်ထက်ကတည်းက ကြာပါပြီ။ ဒါပေမဲ့ အန္တရာယ်ရှိ အဆောက်အအုံ လုပ်လိုက်တော့ နေစရာရှာရတော့တာပေါ့။ ခုထိလည်း သူတို့ ပြန်မဆောက်သေးပါဘူး'' ဟု ကျောက်တံတားမြို့နယ်တွင် အခန်းငှား နေထိုင်သူ ဦးထွန်းမြင့်က ပြောသည်။
ဦးထွန်းမြင့်ပိုင်ဆိုင်သည့် တိုက်ခန်းကို ၂ဝ၁၂ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်က စတင်၍ အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်လိုက်သည့်အတွက် မြို့ တွင်း၌ အခန်းငှားနေထိုင်ရခြင်းဖြစ်သည်။
အဆောက်အအုံများ ပြန်လည် ဆောက်လုပ်ရန် ကြန့်ကြာနေခြင်း၏ အခြားပြဿနာတစ်ခုမှာ မြေရှင် ငှားရမ်း နေထိုင်သူနှင့် ကန်ထရိုက်တို့ အကြား ညှိနှိုင်း မရသေးခြင်းများကြောင့် လည်း ဖြစ်သည်။
''အမှန်က ပြန်ဆောက်မယ်ဆိုရင် ဆောက်လို့ရတဲ့ တိုက်တွေရှိပါတယ်။ ဒါပေ မဲ့ ကန်ထရိုက်နဲ့ ပြန်ညှိရတာတွေရှိတယ်။ စည်ပင်က ခွင့်ပြုချက် တောင်းခံရတာတွေ ရှိတယ်။ ဒါတွေနဲ့ ပြန်ဆောက်ဖို့ အဆင် မပြေပြန်ဘူး''ဟု လသာမြို့နယ်၌ အခန်း ငှားနေထိုင်သည့် ဦးထွန်းလင်းကဆိုသည်။
ရန်ကုန်မြို့တွင်း တည်ဆောက်ရန် ကျန်ရှိနေသည့် အန္တရယ်ရှိ အဆောက်အဦး တစ်ရာကျော်ရှိပြီး စည်ပင်က သတ်မှတ် လိုက်ပြီးနောက် အချို့အခန်းများမှာ နေထိုင်ဆဲဖြစ်ပြီး ပြန်လည်ဆောက်လုပ်ရန် စောင့်မျှော်လျက်ရှိနေသည်။ စည်ပင် အနေနှင့် အန္တရာယ်ရှိအဆောက်အအုံ အဖြစ် သတ်မှတ်ထားသည့် အဆောက် အအုံများကို အမြန်ဆုံး ပြန်လည်တည်ေ ဆာက်ရန် အကြောင်းကြားစာများပို့ထား ပြီး အကယ်၍ ပြန်လည်တည်ဆောက်ခြင်း မလုပ်ပါက အန္တရာယ်ရှိ အဆောက်အအုံ စာရင်းမှ ပယ်ဖျက်သွားမည်ဟု စည်ပင်က ကြေညာထားသည်။
ပြန်လည်တည်ဆောက်ရန် ကျန်ရှိနေ သည့် အဆောက်အအုံများတွင် ဌာနဆိုင် ရာ ၂၇ လုံးပါဝင်ပြီး ပုဂ္ဂလိက အဆောက် အအုံ အလုံး ၈ဝ၊ စုစုပေါင်း ၁ဝ၇ အလုံးရှိ သည်။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် အလုံးပေါင်း ၁၆၆၄ လုံးသတ်မှတ်ထားပြီး အသစ်ဆောက်လုပ်ရန် ကျန်ရှိနေသည့် အဆောက်အအုံများမှာ ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်မတိုင်ခင် ၆၄ လုံး၊ ဘဏ္ဍာနှစ် အတွင်း ၃၄ လုံးနှင့် ၂ဝ၁၃-၁၄ ဘဏ္ဍာ နှစ်အတွင်း ကိုးလုံးသတ်မှတ်ခဲ့သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ