By The Kumudra, Shweproperty.com
Updated at 20 October 2015
တစ်ညတစ်ခါပေးအိပ်ရတဲ့ အိမ်ဈေးဟာ ကျပ် (၈၀၀) ကနေ ကျပ် (၁၅၀၀) ဝန်းကျင်အထိ ဖြစ်လာတာကြောင့် တစ်ညတစ်ခါပေး နေထိုင်သူအချို့ အခက်တွေ့လာရတယ်လို့ သိရပါတယ်။
တစ်ညတစ်ခါပေး ပုံစံနဲ့ အိမ်ငှားနေသူ စမ်းချောင်းမြို့နယ်ကနေ အသက် (၆၅) နှစ်အရွယ် ဒေါ်ရွှေက "အခု တစ်ညကို ကျပ် (၈၀၀) ပဲပေးရတယ်၊ လကုန်ရင် (၁၅၀၀) ဖြစ်မယ်လို့ အိမ်ရှင်က ပြောထားတယ်။ အဝတ်လျှော်စားရတာဆိုတော့ အဝတ်မလျှော် ရတဲ့နေ့တွေရှိတော့ ဒီလိုဈေးနဲ့ဆိုရင် အကျွေးတွေ တင်တော့မှာပဲ"လို့ ပြောပါတယ်။
လပေးနဲ့ ငှားနေရတဲ့ အိမ်ဈေးတွေဟာ ရန်ကုန်မြို့တွင်းအပြင် မြို့ပြင်တွေမှာလည်း ဈေးတက်နေတာကြောင့် လပေးနဲ့ ငှားမနေနိုင်သူတွေဟာ တစ်ညတစ်ခါပေး ပုံစံနဲ့ နေကြရတယ်။
တစ်ညတစ်ခါပေးနေရတဲ့ အိမ်တွေဟာ ညအိပ်သာရပြီး လူတစ်ယောက်အိပ်လို့ ရရုံအတွက်ပဲ ပေးတာဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီးတွေကိုတော့ သီးသန့်ခွဲထားတယ်။ ရေချိုးခွင့်ပေးပေမဲ့ ချက်ပြုတ်စားသောက်ခွင့်တော့ ပေးမထားဘူးလို့ သိရပါတယ်။ သည်အိမ်မှာ လာအိပ်ကြတဲ့ သူတွေဟာ နယ်မှ လာရောက်သူတွေ၊ အိမ်ပိုင်မရှိသူတွေ ဖြစ်ပါတယ်။
ပွင့်ဖြူမြို့နယ်ဘက်ကနေ ရန်ကုန်မြို့မှာ စီးပွားလာရှာတဲ့ အသက် (၄၂) နှစ်အရွယ် အမျိုးသားတစ်ဦးက "လပေးနဲ့တော့ ငှားမနေနိုင်ဘူး၊ ပိုက်ဆံရှာဖို့ နယ်ကလာတာဆိုတော့ ဈေးသက်သာတဲ့ နေရာမှာပဲ ငှားနေတယ်၊ အခုတစ်ညတစ်ခါ ပေးအိပ်ရတဲ့ အိမ်မျိုးမှာနေတယ်၊ ဒီနေရာက ဈေးတက်လဲ ကျွန်တော်က ဆက်နေရမှာပဲ"လို့ ပြောပါတယ်။
တစ်ညတစ်ခါပေးပုံစံနဲ့ အိမ်ငှားစားသူ အသက် (၄၄) နှစ်အရွယ် အိမ်ပိုင်ရှင် ဒေါ်စန်းက "ကျွန်မတို့အိမ်က သိပ်လဲမကြီးဘူး၊ ကိုယ့်ရပ်ကွက်ထဲမှာ နေထိုင်တဲ့လူတွေ၊ ကိုယ့်ရပ်ကွက်မှာ အလုပ်ပြန်လာ လုပ်စားတော့ နေစရာအခက်တွေ့နေကြတယ် ဒါကြောင့် တစ်ညတစ်ခါပေးပုံစံနဲ့ ငှားစားဖြစ်တာ၊ ဈေးတက်တယ် ဆိုတာကလည်း သူတို့နေတဲ့ နေရာတွေကို ပြင်ရဦးမှာမို့ ဈေးတက်လိုက်တာပါ"လို့ ပြောပါတယ်။
Ref : The Kumudra
Photo Credit : D Photographer
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ