By Facebook, Shweproperty.com
Updated at 17 December 2015
မြန်မာနိုင်ငံအတွင်းမှာ မိုဘိုင်းဖုန်းအသုံးပြုမှု တိုးတက်လာတာနဲ့အတူ အင်တာနက် အသုံးပြုမှုတွေကလည်း မြင့်မားလာပါတယ်။ ဒီလို အင်တာနက်အသုံးပြုမှု များပြားလာတာကြောင့်လည်း အိမ်ခြံမြေ ဈေးကွက်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေပါတယ်။ အင်တာနက်အသုံးပြု စီးပွားရေးလုပ်ငန်းများ ပိုမိုများပြားလာတာဟာ အိမ်ခြံမြေဆိုင်ရာ လုပ်ငန်းတွေမှာလည်း အကျိုးသက်ရောက်နေပါတယ်။ ဟိုးအရင်တုန်းကတော့ အိမ်ခြံမြေဈေးကွက်မှာ ရောင်းမယ့်သူ၊ ဝယ်မယ့်သူနဲ့ ပွဲစား … ဒါပဲ ရှိပါတယ်။ နောက်ပိုင်းမှာတော့ ဆောက်လုပ်ရေးသမားတွေက ကိုယ်ဆောက်တဲ့နေရာကို ကိုယ်ကိုယ်တိုင် ရောင်းချလာပါတယ်။ အခုလို နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာတော့ အိမ်ခြံမြေဆိုင်ရာ ဝဘ်ဆိုက်တွေပါ ထွက်ပေါ်လာပါပြီ။ အိမ်ခြံမြေဆိုင်ရာ ဝဘ်ဆိုက်တွေအနေနဲ့ ရောင်းချသူ၊ အကျိုးဆောင်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အနေနဲ့ ဘယ်လိုမျိုး အကျိုးကျေးဇူးရရှိနိုင်သလဲဆိုရင် အွန်လိုင်း အိမ်ခြံမြေစာရင်း တင်ရှိမှုတွေဟာ ပုံနှိပ်ထုတ်ဝေတဲ့ မီဒီယာတွေမှာ ကြော်ငြာမှုထက် အများကြီး အကုန်အကျနည်းပါးပါတယ်။ နောက်ပြီး အွန်လိုင်းမှာ အိမ်ခြံမြေစာရင်းတင်သွင်းမှုဟာ ဘယ်လောက်ထိ တုံ့ပြန်မှုကို ရရှိနိုင်သလဲဆိုတဲ့ အချက်အလက်တွေကို အသေးစိတ် သိရှိနိုင်ပါသေးတယ်။ ဒီလို အချက်အလက်တွေအပေါ် မူတည်ပြီးတော့ သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အကျိုးအမြတ်ရှိ၊ မရှိကို အသေအချာ သိရှိနိုင်မှာပါ။ အွန်လိုင်းပေါ်မှာ ကြေငြာခြင်းရဲ့ အားသာချက်နောက်တစ်ခုက ကိုယ့်ရဲ့ အိမ်ခြံမြေ အနေအထား အသေးစိတ် အချက်အလက်ကို ဖော်ပြနိုင်ခြင်းပါပဲ။ ဒီလိုမျိုး ဖော်ပြနိုင်ခြင်းအားဖြင့် ဝယ်ယူမယ့်သူတွေ၊ ငှားရမ်းမယ့်သူတွေ ကို ပိုမို ဆွဲဆောင်မှု ပြုလုပ်နိုင်မှာပါ။ နောက်ပြီးတော့ အွန်လိုင်းမှာ ကြော်ငြာခြင်းအားဖြင့် အင်တာနက်သုံးစွဲသူ တွေအများအပြားဟာ အချိန်ခဏပေးပြီး ဝင်ရောက်ကြည့်ရှုနိုင်တဲ့အတွက်ကြောင့် ကြော်ငြာထိုးဖောက်မှု အားလည်း ပိုမိုကောင်းမွန်ပါတယ်။ အိမ်ခြံမြေ ငှားရမ်းလိုသူတွေ၊ ဝယ်ယူလိုသူတွေအတွက်လည်း အိမ်ခြံမြေဆိုင်ရာ အွန်လိုင်းဈေးကွက်တွေက အများကြီး အကျိုးပြုနေပါတယ်။ ဟိုအရင်ကတော့ အိမ်ခြံမြေရှာဖွေဖို့အတွက် အချိန်အများကြီး အကုန်ခံ ရှာဖွေပြီး ကြိုက်နှစ်သက်မှုလည်း ရှိချင်မှ ရှိမှာပါ။ အခုလို ခေတ်ကာလမှာတော့ ဒီဝဘ်ဆိုက်တွေထဲမှာ ငါးမိနစ်လောက် အချိန်ပေးကြည့်ရှုရုံနဲ့ ကိုယ်နှစ်သက်ရာကို ရှာဖွေနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ နေရာဒေသ၊ အိမ်ခြံမြေအမျိုးအစားနဲ့ အသုံးပြုမယ့် ငွေကြေးပမာဏတွေကို တိတိကျကျ သိရှိထားရင် အိမ်ခြံမြေ အွန်လိုင်းဈေးကွက်တွေမှာ ချက်ချင်းဆိုသလိုပဲ ရှာဖွေနိုင်ပါတယ်။ အိမ်ခြံမြေ အွန်လိုင်းဈေးကွက်တွေဟာ အိမ်ခြံမြေပိုင်ရှင်တွေ၊ အကျိုးဆောင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဆီက အိမ်ခြံမြေ စာရင်းဇယားတွေကို တစ်နေရာတည်း စုစည်းထားတာ ဖြစ်တဲ့အတွက်ကြောင့် အချိန်ကုန်သက်သာ လူမပင်ပန်းဘဲနဲ့ အသေးစိတ်ရှာဖွေမှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အိမ်ခြံမြေ ရောင်းချလိုသူတွေရော၊ ဝယ်ယူငှားရမ်းလိုသူတွေအတွက်ပါ အိမ်ခြံမြေဈေးကွက်ဆိုင်ရာ အွန်လိုင်းဝဘ်ဆိုက်တွေဟာ နေရာအကန့်အသတ် မရှိပါဘူး။ တစ်ဖက်ကနေ အိမ်ခြံမြေဆိုင်ရာ စာရင်းတွေကို အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေ၊ စာညွှန်းဖော်ပြမှုတွေနဲ့အတူ စာရင်းသွင်း ဖော်ပြမှု ုပြုလုပ်နိုင်သလို တစ်ဖက်ကလည်း ဒီဓာတ်ပုံတွေ၊ စာညွှန်းတွေကို ကြည့်ရှုလေ့လာ နှိုင်းယှဉ်သုံးသပ်ပြီး စိတ်ကြိုက်ရွေးချယ်မှု ပြုလုပ်နိုင်ပါတယ်။ အိမ်ခြံမြေဆိုင်ရာ ဝဘ်ဆိုက်တွေ ဖြစ်ထွန်းပေါ်ပေါက်လာတာဟာ သမားရိုးကျ စီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးကျေးဇူး ပိုမိုရရှိစေနိုင်ပြီးတော့ အိမ်ခြံမြေ ရှာဖွေနေသူတွေအတွက် အချိန်နဲ့ ငွေကို လုံးဝချွေတာမှု ဖြစ်ပေါ်စေပြီးတော့ ရှာဖွေမှုတွေကို ထိထိရောက်ရောက် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Written By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ