By Aye Sandar, Shweproperty.com
Updated at 28 May 2021
အိမ်ရှေ့တံခါးပေါက် ဖွင့်ရာတွင် အတွင်းဘက်ကိုသာ ဖွင့်လှစ်သင့်ပါသည်။ အဓိပ္ပာယ်မှာ အိမ်ရှေ့တံခါးကို အတွင်းမျက်နှာဘက်သို့ဖွင့်ခြင်းဟာ လာဘ်လာဘများကို ကြိုဆိုခြင်း သို့မဟုတ် ချီစွမ်းအားကို ဆွဲယူပေးခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ဆန့်ကျင့်ဘက်အားဖြင့် တံခါးများသည် အပြင်ဘက်သို့ ဖွင့်ထားတဲ့ပုံစံဖြစ်နေပါက ဖုန်းရွှေအစီအရင်ကို ဖျက်ဆီးနှောင့်ယှက်ရာ ရောက်ပါသည်။ အိမ်ရှေ့တံခါးပေါက်ဟာ ရွှေငွေဥစ္စာများဝင်ရောက်ရာ လမ်းကြောင်းဖြစ်ပြီး သေချာဂရုစိုက်ဖို့လိုအပ်ပါမည်။ဖုန်းရွှေရှေ့တံခါးဟာ အလွန်ကြီးနေတာမျိုး၊ သေးငယ်တာမျိုး ဖြစ်မနေသင့်ပါဘူး။ အိမ်နေတိုက်ခန်းဟာ သေးငယ်နေပါစေ ဖုန်းရွှေတံခါးတစ်ချပ်ဟာဆိုရင်တော့ ပြည့်စုံတဲ့ အကျယ်အဝန်း ပမာဏ ရှိနေဖို့လိုအပ်ပါလိမ့်မည်။ အိမ်ရှေ့တံခါးပေါက်အချိုးအစားသည် ချီစွမ်းအင်ကို ဖိတ်ခေါ်ဖို့ရာ လုံလောက်တဲ့ အကျယ်အဝန်း မရှိပါက ကြေးမုံပြင်တပ်ဆင်ထားနိုင်ပါတယ်။ ကြေးမုံတပ်ဆင်ရာတွင် တံခါးဖွင့်ရာ လမ်းကြောင်းမှာ ချိတ်ဆွဲထားခြင်းဖြင့် ချီစွမ်းအားနဲ့ ဆုံတွေ့နိုင်ဖို့ရာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်စေမှာပါ။ သတိထားရမည်မှာ ဥစ္စာဓနများ ဝင်လာရာလမ်းကြောင်းဖြစ်သည့် တံခါးချပ်တွင် ညစ်ပေစွန်းထင်နေတာမျိုး၊ လက်ကိုင်ဘုတွင် သံချေးတက်နေတာမျိုး၊ ရေညှိများကပ်နေခြင်းမျိုးတွေ မဖြစ်အောင် ဂရုစိုက်ရပေမည်။ မြန်မာအယူတွင်လည်း အိမ်တွင် လာဘ်ပိတ်စေနိုင်သော မလုပ်သင့်သည့်အယူအဆများရှိသကဲ့သို့ပင် ဖုန်းရွှေတို့တွင်လည်း ရှောင်ရန် ဆောင်ရန်များရှိပေသည်။ တံခါးနဲ့ မျက်နှာကျက်ကြားမှာ လုံလောက်တဲ့ အမြင့်ရှိနေသင့်ပါသည်။ အိမ်တစ်အိမ်တွင် မျက်နှာကျက်နိမ့်နေခြင်းက ချီစွမ်းအားတွေ တံခါးပေါက်မှတဆင့် ဖြတ်သန်းဝင်ရောက်လာသည့်အခါမျိုးတွင် ပိတ်ဆို့ခြင်း သဘောမျိုးဖြစ်နေတတ်ပြီး မိသားစုအတွက်ကောင်းမွန်တဲ့ နိမိတ်မျိုးဖြစ်စေမှာ မဟုတ်ပါဘူး။ - ကံကောင်းစေတဲ့ အိမ်တွင်းစိုက်အပင်များကို အိမ်ဝင်ပေါက်ရဲ့ တစ်ဘက်တစ်ခြမ်းစီမှာ ထားရှိရမည်။ - အိမ်ဝင်ပေါက်နဲ့ ဧည့်ခန်းတိုက်ရိုက် မျက်နှာချင်းဆိုင်ကျရောက်နေအောင် ပြုပြင် ပြောင်းလဲထားခြင်းဟာလည်း ကျက်သရေတိုးပွားလာအောင် ပြုပြင်တဲ့နည်းတစ်နည်းလို့ မှတ်ယူနိုင်ပါသေးသည်။ - ခြူးတစ်စုံ ထားရှိခြင်းက အိမ်ကို ထိခိုက်စေတဲ့ မကောင်းတဲ့ စွမ်းအားရန်မှ ကာကွယ်စောင့်ရှောက်ပေးပါသည်။ အထက်ပါနည်းလမ်းများဖြင့်လည်း ကောင်းမွန်သောဖုန်းရွှေကျကျ အိမ်ရှေ့တံခါးပေါက်ကို ပိုင်ဆိုင်နိုင်သည်ဟု ဆိုသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ သင့်အိမ်စီးပွားရေးအခြေအနေသည် နေအိမ်မျက်နှာမူရာအရပ်ပေါ်မူတည်နေပုံ နိမိတ်ကောင်းများ ရောင်ပြန်ဟပ်စေမည့် အိမ်ခန်း မှန် ချိတ်ဆွဲနည်း အညံ့များဆက်တိုက်ဖြစ်စေ၍ အိမ်တွင်မထားအပ်သောပစ္စည်းများ အိမ်ရဲ့အကျိုးစီးပွားတက်ဖို့ဆို ရှေးထုံးများလည်း လိုက်နာ မှတ်သားဖို့လို Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ