By Kumudra, Shweproperty.com
Updated at 1 September 2017
မြန်မာ့အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ပိုင်းက လက်ရှိမှာမြင့်မားစွာပြောင်းလဲမှုမရှိသေးပေမဲ့ ရန်ကုန် တိုင်းအစိုးရက မြို့စွန်တွေနဲ့ မြို့သစ်တွေမှာ အိမ်ရာစီမံကိန်းဖော်ထုတ်လာတာတွေကြောင့် ပွင့်လင်းရာသီမှာတန် ဖိုးနည်းအိမ်ရာ ဈေးကွက်ပိုကောင်းလာနိုင်တယ်လို့ သိရပါတယ်။
မြန်မာ့အိမ်ခြံမြေလုပ်ငန်းရင်းနှီးမြှုပ်နှံသူတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ အိမ်ခြံမြေလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ မြန်မာ့အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၇ အစောပိုင်းကာလမှာဈေးကွက်အား ကောင်းလာနိုင်တယ်လို့ မျှော်လင့် ခဲ့ပေမဲ့ အရောင်းအဝယ် သိသိသာသာပြောင်းလဲတာမျိုး မရှိခဲ့ပါဘူး။ ဒါ့အပြင် အစိုးရကသူတို့သက်တမ်းမှာ အိမ်ရာစီမံကိန်းတွေ ကိုဖော်ထုတ်မယ်ဆိုတဲ့သတင်းကြောင့် ရန်ကုန်မြို့စွန်အိမ်ခြံမြေတွေ အခုလာမယ့် ပွင့်လင်းရာသီမှာ အရောင်းအဝယ်ကောင်းလာ နိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းမြို့စွန်အိမ်ခြံမြေဈေးကွက် အရင်ဈေးထက်သိသိသာသာကျဆင်းသွားတယ်၊ ဒဂုံဆိပ်ကမ်း၊ တောင်ပိုင်း၊ အရှေ့ ပိုင်း တွေမှာဆိုရင် အရင်ကပေါက်ဈေး ၃၅သိန်း၊ သိန်း ၄၀ ရှိတဲ့မြေကွက်ဆို ၃၀ပဲရှိတယ်၊ သင်္ဃန်းကျွန်း ဘက်မှာဆိုရင် အရင်ကသိန်း ၁၃၀ဝ နဲ့ မြေကွက်ဆိုရင် အခုသိန်း ၁၀ဝ၀ ပဲရှိတယ်၊ တခြားမြို့နယ်တွေနဲ့ မြို့လယ်ကောင်တွေမှာလဲ လျှော့ဈေးနဲ့ ခေါ်ဆိုမှုတွေ ရှိလာပါတယ်၊ အခုအချိန်မှာ အစိုးရက မြို့စွန်ဘက်မှာ အိမ်ရာစီ မံကိန်းမှာဖော်ဆောင်မှာဆိုတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေ၊ ဝယ်ယူ နေထိုင်သူတွေအနေနဲ့လာမယ့်ပွင့်လင်းရာသီမှာ မြို့စွန်အိမ်ခြံမြေဝယ်နိုင်ခြေရှိပါတယ်လို့ ရန်ကုန်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ ကျပ်သိန်း ၁၅၀ဝ အထိ အိမ်ခြံမြေဈေးကွက်တွေသာ ကာလပေါက်ဈေးထက်ကျဆင်းနေပေမဲ့ ကျပ်သိန်းထောင်သောင်းချီရှိနေတဲ့ အိမ်ခြံမြေဈေးကွက်နဲ့ အငှားဈေးကွက်အခိုင်အမာရှိနေခြင်း၊ အိမ်ခြံမြေဈေးကွက်ပြန်ကောင်း လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိနေတာကြောင့် ဈေးနှုန်းကျဆင်းခြင်းသိပ်မရှိသေးဘဲ အမြင့်မှာသာပျံသန်းဆဲဖြစ်တယ်လို့ သိရပါတယ်။ ကျပ်သိန်းထောင်ချီနေတဲ့ အိမ်ခြံမြေတွေကတော့ ဝယ်ကတည်းက အမြင့်ဈေးနဲ့ဝယ်ထားတာ၊ ဝယ်တဲ့သူအများစုကကြွယ်ဝတဲ့ သူဆိုတော့ မရောင်းရလဲဘာမှမဖြစ်ဘူးလေ၊ ဒါကြောင့် ဈေးကွက်ဖွံ့ဖြိုးမယ်ဆိုရင်ရောင်းရဝယ်ရလွယ်ကူတဲ့ မြို့စွန်ကတန်ဖိုး နည်းအိမ်ရာတွေပဲ အရောင်းအဝယ်ပိုဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ယခုနှစ်မှာအကောင်အထည်ပေါ်လာပြီဖြစ်တဲ့ ရန်ကုန် – ဒလစီမံကိန်းကြောင့် လာမယ့်ပွင့်လင်းရာသီမှာ ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်းမြို့နယ်တွေဖြစ်တဲ့ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဆိပ်ကြီးခနောင်မြို့နယ် မြို့ နယ်တွေမှာ အိမ်ခြံမြေအရောင်းအဝယ်ကောင်းလာနိုင်ဖွယ်ရှိတယ်။ တံတားထိုးပြီးရင် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကြားကုန်စီးဆင်းမှုက ဒလမြို့နယ်နဲ့အနီးဆုံးမြို့တွေမှာ ကောင်းမွန်လာမှာဆိုတော့ အိမ်ခြံမြေလုပ်ငန်းမှ ရင်းနှီးမြှုပ်နှံသူတွေအတွက်မျက်စိကျစရာ ဖြစ်နေတယ်။
ဒါ့အပြင် စီးပွားရေးအချက်အချာကျတဲ့ မြို့နယ်တွေဖြစ်တဲ့ လသာ၊ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ကျောက်တံတားမြို့နယ်တွေရဲ့ တစ်ဖက်ကမ်းမှာရှိတာကြောင့် တံတားပြီးတာနဲ့ဖွံ့ဖြိုးမှုမြန်လာမှာဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေ၊ ဝယ်ယူနေထိုင်သူတွေအနေနဲ့ လာမယ့်ပွင့်လင်းရာသီမှာအဝယ်လိုက်နိုင်တယ်၊ အချက်အချာကျတဲ့နေရာတွေ၊ ကွန်ဒိုတွေ၊ တိုက်ခန်းတွေတည်ဆောက်လို့ရမယ့် မြေနေရာတွေအရောင်းအဝယ်ကောင်းလာနိုင်တယ်လို့ သိရပါတယ်။
မြန်မာ့အိမ်ခြံမြေဈေးကွက် တစ်ခုလုံးအေးစက်နေတာကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ ခုနောက်ပိုင်းအရောင်းအဝယ်ဖြစ်လာတာတွေ့ရပြီး ဈေးနှုန်းတွေလည်းကျဆင်းနေပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်တိုင်းမြို့နယ်တွေအတွင်းမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ အိမ်ရာစီမံကိန်း တွေအကောင်အထည်ဖော်နေတာကြောင့် ပွင့်လင်းရာသီအိမ်ခြံမြေဈေးကွက်က ပိုကောင်းလာနိုင်တယ်လိုု့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ