By နန်းမြင့်, Shweproperty.com
Updated at 6 November 2013
ဆောက်လုပ်ဆဲဖြစ်သော ရွှေဂုံတိုင် ခုံးကျော်တံတားမှာ ဒီဇင်ဘာ ၁ရက်မှ စတင်ကာ ကားများသွားလာနိုင်မည်ဖြစ်ပြီး ယင်းတံတားတွင် ကားများသွား လာသည့်အသံကြောင့် ဆူညံမှုလျှော့ချ နိုင်ရန် အသံထိန်းစနစ် တပ်ဆင်သွားမည် ဟု အဆိုပါတံတား စီမံကိန်းဒါရိုက်တာ ဦးအေးသော်က နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။
၎င်းက ယင်းသို့ပြောကြားခြင်းမှာ နိုဝင်ဘာ ၅ရက် ရွှေဂုံတိုင်ခုံးကျော်တံတားစီမံကိန်းဧရိယာအတွင်းရှိ ယာယီ ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ် စဉ်က ဖြစ်ပြီး ယင်းတံတားမှ ကားများ သွားလာရာတွင် အသံကြောင့် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် Excel Tower နှင့် ရွှေဂုံပလာဇာအနီးတံတားပေါ်တွင် အသံ ထိန်းကိရိယာ (Sound Barriers)တပ်ဆင် သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ဦးအေးသော်က ''တံတားတည်ဆောက်ခြင်းကို ညရော၊ နေ့ရောလုပ်ရင် သတ်မှတ်ထားတဲ့ကာလထက် စောပြီး မယ်။ ဒီဇင်ဘာ ၁ ရက်မှာ မော်တော်ကားများ စတင်သွားလာနိုင်မယ်။ ဒါပေမဲ့ ဖွင့်ပွဲကိုတော့ ရက်အတိအကျမရွေးရ သေးဘူး''ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး ''လူနေအိမ်နဲ့ နီးတဲ့နေရာတွေမှာ အသံထိန်းကိရိယာ တပ်ဆင်သွားမယ်။ မော်တော်ကားက ထွက်တဲ့အသံကြောင့် ထိခိုက်မှုအနည်း ဆုံးဖြစ်အောင် တပ်ဆင်ခြင်းဖြစ်တယ်။ ဂျပန်နိုင်ငံရဲ့ နည်းပညာနဲ့ တပ်ဆင်သွား မယ်''ဟု ပြောသည်။
ရွှေဂုံတိုင်ခုံးကျော်တံတားတည် ဆောက်ရေးစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက် အရ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့ Capital Development Ltd. မှ တာဝန်ယူတည် ဆောက်ခြင်းဖြစ်သည်။
ယင်းသို့ အသံထိန်းကိရိယာများ တပ်ဆင်ခြင်းနှင့်ပတ်သက်၍ မိုးလွင်အိမ် ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးချိုက ''လူတွေက မီးပွိုင့်ဇုန် တွေမှာ နေကြတာ အရင်တုန်းကတော့ ခုံးကျော်တံတားရှိလာမယ်လို့ မျော်မှန်း ပြီးနေကြတာမဟုတ်ဘူး။ ရွှေဂုံတိုင်ခုံး ကျော်တံတားဆောက်ပြီး အသံထိန်း ကိရိယာတပ်ပေးတဲ့အတွက် အဲဒီနားပတ် ဝန်းကျင်က တိုက်ခန်းတွေ၊ လူနေအိမ် တွေအတွက် ကားအသံ၊ ဆူညံအသံတွေမကြားရတဲ့အတွက် ကောင်းသွားတာ ပေ့ါ''ဟု ပြောသည်။
ရွှေဂုံတိုင်ခုံးကျော်တံတားတည်ဆောက်ရေးစီမံကိန်းကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂ရက်က စတင်ဆောက်လုပ်ခဲ့ ကာ နိုဝင်ဘာ ၃ဝ ရက်တွင် လုပ်ငန်းပြီးစီး မည်ဖြစ်သည်။ တံတားတည်ဆောက်ရေး အတွက် ခန့်မှန်းကုန်ကျငွေမှာ ၁၇ ဒသမ ၄၄ ဘီလီယံ အဆိုပြုတင်ပြထားပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုထားသည့်ငွေပမာဏမှာ ၁၃ ဒသမ ဝ၈ ဘီလီယံဖြစ်သည်။
အဆိုပါတံတားအမျိုးအစားမှာ သံကူ ကွန်ကရစ်ဖြစ်ပြီး ယာဉ်သွားလမ်း လေး လမ်းသွားဖြစ်သည်။ တံတားအရှည်မှာ ၂ဝ၅၉ ဒသမ ၅၅ ပေရှိပြီး တံတားအ ကျယ်မှာ ၄၅ ဒသမ ၅၉ပေရှိသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ