By Kyi Soe (IC), Shweproperty.com
Updated at 6 August 2015
မိတ္တူလျှောက်ထားတာကလွဲလို. ဘာမှလုပ်လို.မရပါဘူး။
မိတ္တူကလည်း မူရင်းဂရန်အတိုင်းပဲ ခိုင်မာမှုရှိပါတယ်။
နိုင်ငံသား စိစစ်ရေးကတ်မိတ္တူရယ်၊ အမည်ပေါက် မဟုတ်လျှင် ဆက်စပ်စာချုပ်(သို.) တရားရုံး ကျမ်းကျိန်လွှာနှင့်
ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံချက် တို.လိုပါတယ်။ (တကယ်ပျောက်ရင် လွယ်ပါတယ်။ မပျောက်ဘဲ ပျောက်တယ်ဆိုရင် အပြစ်ရှိပါတယ်)
ဂရန်ပျောက်ဆုံးတိုင်း ဂရန်အသစ်ထုတ်ပေးမည်လို. နည်းဥပဒေများးတွင် မပါရှိပါ။ “မိတ္တူ”ကိုသာ လျှောက်ထား ထုတ်ယူလို.ရမှာပါ။ ထိုမိတ္တူကိုလည်း မူလ အမည်ပေါက်နာမည်ဖြင့်သာ ထုတ်ပေးမည် ဖြစ်ပါတယ်။ ဂရန် မိတ္တူလျှောက်တုန်း နာမည်လေးပါ ပြောင်းလိုက်ချင်၍ မရပါခင်ဗျား။
ပျောက်ဆုံးတာဖြစ်၍ ရဲစခန်းထောက်ခံချက် ပူးတွဲပါရှိရပါမည်။
မှန်ကန်မှုရှိ/မရှိ စစ်ဆေးပါမည်။ ကန်.ကွက်သူ ရှိ/မရှိ သတင်းစာတွင် ကြော်ငြာထည့် ရပါမည်။
ပြည့်စုံမှန်ကန်၍ ကန်.ကွက်သူမရှိမှသာလျှင် မြို.တော်၏ စည်ပင်သာယာရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် “ဂရန်မိတ္တူ” ထုတ်ပေးမည်ဖြစ်ပါတယ်။
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ