By Ra Wai, Shweproperty.com
Updated at 15 July 2020
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ လယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့်များအတွက် ဒဏ်ကြေးငွေကို တစ်ဧကလျှင် ကျပ် ၂၀,ဝ၀ဝ မှ ၃၀,ဝ၀ဝ နှုန်းအထိ သတ်မှတ်လိုက်ကြောင်း မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
လယ်ယာမြေများကို အခြားနည်းဖြင့်အသုံးပြုခွင့် တင်ပြလာခြင်းကိစ္စရပ်များတွင် ခွင့်ပြုမိန့်မရမီ ကြိုတင်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ဒဏ်ကြေးပေးဆောင်စေခြင်းပြစ်ဒဏ်ချမှတ်မှုကို လယ်ယာမြေအတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှလည်းကောင်း၊ လယ်မြေ မှတစ်ပါးလယ်ယာမြေအတွက် တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကလည်းကောင်း သတ်မှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
"အခုလိုတစ်ဧကကို သုံးသောင်းလောက်ပဲ သတ်မှတ်လိုက်တာကောင်းပါတယ်။ အကုန်လုံးရဲ့ကြိုးစားမှုရလဒ်တစ်ခုပေါ့" ဟု မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
မွေးမြူရေးဆိုင်ရာကိစ္စများတွင် ကောင်းမွန်သည့်မွေးမြူရေးကျင့်စဉ် (GAqp) ဖြင့် ဆောင်ရွက်ထားရှိပါက တရားဝင်အခြားနည်း အသုံးပြုခွင့်ဖြစ်စေရေးအတွက် ဒဏ်ကြေးငွေသတ်မှတ်ရန် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၂၉/ ၂၀၂၀ ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးမှ အတည်ပြုဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။
အဆိုပါအတည်ပြု ဆုံးဖြတ်လိုက်သည့်ရည်ညွှန်းပါစာကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မွေးမြူရေးလုပ်ငန်းရှင်များထံ ဇူလိုင်လ ၉ ရက်နေ့က ဖြန့်ဝေအသိပေးလိုက်ခြင်းဖြစ်သည်။
Ref By: The Voice Myanmar
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ