By Ra Wai, Shweproperty.com
Updated at 15 June 2020
စီမံကိန်းအချို့ရှိနေသည့် ဒလမြို့နယ် ရန်ကုန်မြစ်ကမ်းဘေးရှိ မြေအကျယ်အဝန်း ၉ ဒသမ ၆၄၁ ဧကကို ကျပ်သိန်း ၇၅ဝဝဝ ဖြင့် ဝယ်ယူသူရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြေစီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မြေများ စီမံခန့်ခွဲမှုကော်မတီက တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး/ စက်မှုလုပ်ငန်းလုပ်ကိုင်ရန်နှင့် လူနေထိုင်ရန်တို့အတွက် မြေအသုံးပြုခွင့် မြေကွက် ဝယ်ယူခွင့်လျှောက်လွှာများခေါ်ယူခဲ့ရာ မြေစီမံခန့်ခွဲမှုကော်မတီမှ ဇွန် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် မြေဝယ်ယူခွင့်ရရှိသူ စာရင်းများအရ ဒလမြို့နယ် ရာဇသင်္ကြန်လမ်းမဘေးရှိ မြေအကျယ်အဝန်း ၅ ဒသမ ၆၂၄ ဧကကို ကျပ်သိန်း ၃၅၅ဝဝ ဖြင့် ဝယ်ယူသူလည်းရှိနေကြောင်း သိရသည်။
ဒလမြို့နယ်တွင် ဒလတံတားတည် ဆောက်လျက်ရှိနေပြီး ဒလမြို့သစ်စီမံကိန်းဖော်ဆောင်ရန် လေ့လာဆန်းစစ်မှုများပြုလုပ်နေကြောင်း တိုင်းအစိုးရက အသိ ပေးထားသည်။
”သိန်း ၇၅ဝဝဝ မြေကွက် က တဧကကို သိန်း ၈ဝဝဝ လောက် တန်ဖိုးဖြစ်သွားတယ်။ အဲဒီနေရာက ကားလမ်းပေါက်၊ မြစ်လည်းပေါက် ဆိုတော့ ကိုယ်ပိုင်ဆိပ်ကမ်းလုပ်မလား၊ စားသောက်ဆိုင်ဖွင့်မလားလုပ်လို့ရတယ်။ ရာဇသင်္ကြန်လမ်းမဘေးက ၅ ဧက ကျော်ကျော်က ကျပ်သိန်း ၃၅၅ဝဝ ဆိုတော့ တဧက ၈ဝဝဝ လောက်ကျတယ်။ ဒီနေရာက စက်မှုသိပ္ပံ ကျောင်းဖွင့်မယ့်နေရာအနီးလို့ သိရတယ်။ ဒီလိုနေရာတွေ ဝယ်တယ်ဆိုတာကတော့ အလားအလာမြင်လို့ ကြိုရိုက်တာပေါ့။ ပုံမှန်ဆိုရင်တော့ ဒီစျေးလောက်ပါပဲ။ ဒါပေမဲ့ ဒီလိုကျပ်တဲ့အချိန်မှာ ဒီစျေးပေးတာရှား တာပေါ့” ဟု မြေဝယ်ရောင်းလုပ်ကိုင်နေသူတဦးက သုံးသပ်ပြောကြားသည်။
ထို့အပြင် မြေစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်သည့် မြေဝယ်ယူခွင့်ရရှိသူ စာရင်းများ ဒဂုံအရှေ့ရှိ မြေကွက် ၁၂ ကွက်၊ ဒဂုံတောင်ရှိ မြေကွက် ၁ဝ ကွက်၊ ဒဂုံဆိပ်ကမ်းရှိ မြေကွက် ၂၃ ကွက်၊ ရွှေပြည်သာရှိ မြေကွက် ၁၄ ကွက်၊ မြောက်ဥက္ကလာပရှိ မြေကွက် ၅ ကွက်နှင့် လှိုင်သာယာရှိ မြေကွက် ၁ ကွက်တို့ ပါဝင်သည်။ အဆိုပါမြေကွက်များအနက် ရွှေပြည်သာရှိ ၁၂ ဧကကျော် အကျယ်အဝန်းရှိမြေကွက်ကို ကျပ်သိန်းပေါင်း ၄၃ရဝဝ ကျော်ဖြင့်လည်းကောင်း၊ တောင်ဒဂုံရှိ မြေ ၁၃ ဧကကျော်ကို ကျပ်သိန်း ပေါင်း ၄ဝ၃ဝဝ ကျော်ဖြင့် လည်းကောင်း စျေးအများဆုံးပေးကာ ဝယ်ယူခဲ့ကြောင်း တွေ့ရသည်။
Ref & Photo Credit: News Watch
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ