By ကိုနော်(ပုဂံ), Shweproperty.com
Updated at 14 October 2012
ဧရာဝတီမြစ်အနောက်ဘက် ကမ်းရှိ ပခုက္ကူလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတည်ဆောက်ဖွယ်ရှိသည်ဆိုသောသတင်း များထွက်ပေါ်လာပြီးနောက် ညောင်ဦးမြို့နှင့် လက်ပန်ခြေပေါ်ကြား ယာ မြေများအပေါ် ရင်းနှီးမြှုပ်နှံလိုသူ များပိုမိုစိတ်ဝင်စားလာကြောင်း ဒေသခံများထံမှ သိရှိရသည်။
''စိတ်ဝင်စားတဲ့သူ ပိုလာတယ် ဆိုပေမယ့် နေရာအတော်များများ ရောင်းပြီးကုန်ကြပါပြီ''ဟုဒေသခံ တစ်ဦးက ပြောပါသည်။
ပခုက္ကူဧရာဝတီမြစ်ကူးတံတားသည် ညောင်ဦးဘက်ကမ်းရှိ လက်ပန်ခြေပေါ်ကျေးရွာနှင့် ပခုက္ကူ မြို့ကိုဆက်သွယ်တည်ဆောက်ထား ရာ တံတားတည်ဆောက်ပြီးနောက် အရေးပါလာသောညောင်ဦး၊လက်ပန် ခြေပေါ် လမ်းတစ်လျှောက်တွင် မြေယာရင်းနှီးမြှုပ်နှံမှုများတစ်စထက် တစ်စများပြားလာကြောင်း သိရှိရ သည်။
ပုဂံညောင်ဦးမြို့သည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုး လာသည့်အလျောက် ဟိုတယ် အခန်းနှင့်အခြားဝန်ဆောင်မှုကဏ္ဍ အသီးသီးအတွက် မြေနေရာလိုအပ် ချက်များလည်းရှိလာရာ မျှော်လင့် ချက်ဖြင့် မြေယာရင်းနှီးမြှုပ်နှံသူများ မြို့တွင်း၊ မြို့ပြင်နေရာအနှံ့များပြား လာကြောင်း၊ သို့ဖြစ်ရာဒေသခံများ အနေဖြင့် ကမ္ဘာ ကတန်ဖိုးထားသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နယ်မြေနှင့် စေတီပုထိုး၊ အဆောက် အအုံများကို ရင်းနှီးမြှုပ်နှံသူများ၏ အလိုလောဘကြောင့်ထိခိုက် ပျက် စီးမည်ကို စိုးရိမ်နေကြောင်းနှင့် တစ်ချိန်တည်းတွင် မြေဈေးများ မြင့်တက်လာမှုကြောင့် ဒေသခံအောက်ခြေလူတန်းစားများ၏ မြေ ယာပိုင်ဆိုင်ခွင့်မှာပိုမိုအလှမ်း ဝေးလာ ကြောင်း သိရှိရသည်။ Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ