By myanmar property, Shweproperty.com
Updated at 18 June 2013
ဟံသာဝတီ လေဆိပ်စီမံကိန်းနှင့် ပဲခူးစက်မှုဇုန်စီမံကိန်းများကြောင့် ပဲခူးမြို့ အိမ်၊ ခြံ၊ မြေဈေး နှစ်ဆကျော် အထိမြင့်တက်လာလျက်ရှိကြောင်း ပဲခူးမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ စီမံကိန်းများ အကောင်အထည် မဖော်နိုင်သေးသည့် အချိန်တွင် ပဲခူးမြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ယခုကဲ့သို့ မြင့်တက်ခြင်းမရှိသေးသည့် အပြင် ဝယ်ယူသူများမှာလည်း နည်းပါးလျက်ရှိကြောင်း၊ ယခုအခါတွင် ယင်းစီမံကိန်းများကြောင့် ပြည်တွင်း ၊ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ ပဲခူးမြို့ရှိ မြေကွက်များကို အပြိုင်အဆိုင် ဝယ်ယူကြ၍ ယခုကဲ့သို့ ဈေးများ မြင့်တက်လာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
“အရင်ကဆိုရင် ဈေးက ဒီလောက် မတက်ဘူး၊ ပွင့်လင်းရာသီကျမှသာ ဈေးတက်တာပါ၊ ဒီနှစ်က လေယာဉ်ကွင်း ဆောက်တာကလည်းကြာပြီဆိုတော့ နိုင်ငံခြားသားတွေက စက်မှုဇုန်၊ စက်ရုံတွေဆောက်ဖို့ မျက်စိကျလာကြတယ်၊ တချို့ကလည်း မြေကွက်တွေကို ဝယ်ထားပြီး ပြန်ရောင်းကြတယ်၊ ဒီမှာက တစ်နှစ်လောက်ပဲ ဝယ်ထား၊ နောက်နှစ်ဆိုရင် ဝယ်ထားတဲ့ ဈေးထက် နှစ်ဆရတော့ စီးပွားရေးသမားတွေက မျက်စိကျပြီး ဝယ်ကြတာပါ”ဟု ပဲခူးမြို့မှ အိမ်၊ ခြံ ၊မြေ အကျိုးဆောင် ကိုကြည်လင်းက ပြောသည်။
ပဲခူးလမ်းမတန်းပေါ်ရှိ ပေ ၄၀ x ၅၀ မြေကွက်များမှာ ယခင်က သိန်း ၁၅၀၀ ဝန်းကျင်သာ ရှိသော်လည်း ယခုအခါတွင် ကျပ်သိန်းသုံးထောင်ဝန်းကျင်အထိ ရှိကြောင်း၊ အခြားလမ်းပေါ်ရှိ ပေ ၂၀ x ၁၀၀ မြေကွက်အပြင် အိမ်ပါ ပါရှိပါက ကျပ်သိန်း ခုနစ်ထောင်ဝန်းကျင်အထိ ရှိကြောင်း ၎င်း ပုဂ္ဂိုလ်၏ ပြောကြားချက်အရ သတင်းရရှိသည်။
လမ်းမတန်းပေါ်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်များ မြင့်တက်သကဲ့သို့ ရပ်ကွက်အတွင်းရှိ အိမ်၊ ခြံ၊မြေဈေးမှာ မြင့်တက်လာလျက်ရှိကြောင်း ၊ ပုဏ္ဏရပ်ကွက်အတွင်းရှိ ပေ ၄၀ x ၆၀ မြေကွက်မှာ သိန်းနှစ်ရာဝန်းကျင်ရှိပြီး ယခင်က သိန်းတစ်ထောင်ဝန်းကျင်သာ ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ ဝယ်ယူသူများ များပြားနေပြီး ဌားရမ်းမှုနှုန်းမှာလည်း ကျဆင်းလာလျက် ရှိကြောင်း ၊ဝယ်ယူသူများက ထောင့်ကွက်များနှင့် မြေကွက်ကျယ်များသာ အဓိကထား ဝယ်ယူလျက် ရှိကြောင်း၊ ပဲခူးမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေဈေးများမှာ နောင်နှစ်များ ၌ ထပ်မံမြင့်တက်လာရန်သာ ရှိကြောင်း ပဲခူးမြို့နယ်ရှိ အိမ်၊ ခြံ၊မြေ အကျိုးဆောင်မနန်းက ပြောကြားခဲ့သည်။
Ref : Myanmar Property
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ