By ထင်ပေါ် (ပဲခူး), Shweproperty.com
Updated at 3 June 2012
ပဲခူးမြို့နယ် ရန်ကုန်-မန္တလေးအဝေးပြေးကားလမ်းမ၏ လမ်းဘေးဝဲယာတစ်လျှောက်မှ ခြံကွက်များအပြင် လယ်ယာမြေများကိုပါ ဈေးကောင်း ပေး၍ဝယ်ယူနေမှုများကြောင့် လယ် မြေတစ်ဧကလျှင် အနည်းဆုံးကျပ် သိန်း ၃ဝ ပေါက်ဈေးရှိနေကြောင်း၊ လုပ်ငန်းရှင်ကြီးများမှ သူ့ထက်ငါ ဈေးကောင်းပေး၍ဝယ်ယူနေမှုများ ကြောင့် အချို့မြို့ပြနယ်နိမိတ်နှင့် နီးကပ်သောလယ်ယာမြေများမှာ တစ်ဧက ကျပ်သိန်း ၁ဝဝ နီးပါးအထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ထို့ကြောင့် ပဲခူးမြို့နယ် ရန်ကုန် -မန္တလေးအဝေးပြေးကားလမ်းမ၏ လမ်းဘေးဝဲယာတစ်လျှောက်ရှိ လယ်ယာမြေအများစုမှာ လုပ်ငန်းရှင် ကြီးများ လက်ဝယ်ရောက်ရှိသွားခဲ့ ကြောင်း သိရသည်။ ထို့ပြင် ပဲခူးမြို့နှင့် သနပ်ပင်မြို့ အကြားရှိ ကားလမ်းမဘေးတစ် လျှောက်မှလယ်ယာမြေများကိုလည်း ဝယ်ယူမှုများ ပြုလုပ်လာကြသည်။ပဲခူးမြို့နှင့်သနပ်ပင်မြို့သည် ခုနစ် မိုင်ခန့်ကွာဝေးပြီး မြို့ပြနယ်နိမိတ် ချဲ့ထွင်မှုများဆက်လက်အားကောင်း လာပါက မကြာမီကာလများအတွင်း မြို့နှစ်မြို့မှာ တစ်ဆက်တည်းဖြစ်သွားနိုင်ကြောင်း ကျွမ်းကျင်သူ တချို့က သုံးသပ်ပါသည်။ ယခုနှစ် နွေရာသီတွင် ပဲခူးမြို့၏ အိမ်ခြံမြေ ဈေးကွက်မှာ အမြင့်မားဆုံးအခြေအ နေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။
''ဘိုးဘွားအစဉ်အဆက်လုပ်ကိုင် လာတဲ့လယ်ဆိုတော့ ရောင်းရမှာ နှမြောတယ်။ ဒါပေမယ့် အကြွေးက မနေတော့လည်း ရောင်းရတာပေါ့။ လယ်ကဆက်တိုက်ရှုံးနေတော့ လယ် ရှုံး ကြွေး ပြန်ဆပ်ဖို့၊ ဘဏ်ချေးငွေ ပြန်ဆပ်ဖို့မဖြစ်မနေရောင်းလိုက်ရတာ ကျွန်တော်ရောင်းတုန်းကတော့ တစ် ဧကကိုကျပ်သိန်း ၃ဝ နှုန်းပဲရလိုက် တယ်။ နောက်ရောင်းတဲ့သူတွေက ဈေးပိုရကြတယ်။ အချို့လယ်တွေဆို ရင် တစ်ဧကကို ကျပ်သိန်း ၁ဝဝ နီးပါးလောက်အထိ ရကြတယ်။ အခု ဆို လမ်းဘေးဝဲယာမှာရှိတဲ့လယ် တော်တော်များများ ရောင်းပြီးကုန် ကြပြီ''ဟု ပဲခူးမြို့နယ်အတွင်းမှဒေသ ခံတောင်သူတစ်ဦးကပြောကြားသည်။
Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ