By Myanmar Times, Shweproperty.com
Updated at 4 May 2015
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံစက်မှုဇုန်နယ်မြေအတွင်း ဖော်ထုတ်ပြီးစီး သွားပြီဖြစ်သည့် ဧက ၁၀၀ နီးပါးရှိ UMH industrial Park ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး အဆိုပါဇုန်အတွင်း ရင်းနှီးမြှုပ်နှံ လိုသည့် နိုင်ငံတကာမှ ကုမ္ပဏီများကို ဖိတ်ခေါ်လျက်ရှိသည်။ အဆိုပါ Industrial Park သည် ၂၀၁၁ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ သော ဧက ၁,၀၀၀ နီးပါးရှိ ဘားအံစက်မှု ဇုန်အတွင်းတွင် တည်ရှိပြီး ငါးနှစ်စီမံကိန်း ဖြင့် စတင်အကောင်အထည်ဖော်ခဲ့သည့် ဘားအံစက်မှုဇုန်မှာ လျှပ်စစ်မီးရရှိမှုအခက် အခဲနှင့် ဒေသတွင်း မငြိမ်းချမ်းမှုများ ကြောင့် လက်ရှိအချိန်တွင် လုပ်သားအင်အား ရာကျော်ရှိသည့် စက်ရုံကြီးသုံးရုံ နှင့် အခြားအသေးစား အလတ်စားစက်ရုံ များသာ လည်ပတ်လျက်ရှိနေသေး သည်။ "ငါးနှစ်စီမံကိန်းနဲ့ အကွက်တွေ အများ ကြီးကို အောင်မြင်အောင် အကောင်အထည် မဖော်နိုင်သေးပေမယ့် အခု ဘားအံဒေသဟာ မဟာမဲခေါင်ဒေစီးပွားရေး တံခါးပေါက် လမ်းကြောင်းနဲ့ အာဆီယံအဝေးပြေးလမ်းတို့ ဖြတ်တဲ့မြို့ဖြစ်လို့ မကြာမီမှာ ဒီဒေသဟာ ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာတွေ ရှိနေပါတယ်။ အရင်က စက်မှုဇုန်အတွင်း လျှပ်စစ်မီး မရခဲ့ပေမယ့် အခုဆိုရင် လျှပ်စစ်မီးအလုံအလောက်ရရှိပြီး ဆက်သွယ်ရေးပိုင်းမှာလည်း မြန်မာ့ ဆက်သွယ်ရေးက နိုင်ငံခြားကုမဏီတွေဖြစ်တဲ့ တယ်လီနောနဲ့ အူရီဒူးတို့နဲ့ ချိတ် ဆက်ဆောင်ရွက်မှုတွေ လုပ်နေပါပြီ။ ဒေသတွင်းလည်း မကြာမီက အပစ်အခတ်ရပ်စဲရေးစာချုပ် မှာ လက်မှတ်ထိုးတော့ မှာမို့လို့ အတော်လေး ငြိမ်သက်နေပြီလို့ ပြောနိုင်ပါတယ်" ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ပြောသည်။ ဝန်ကြီးချုပ်က ဘားအံစက်မှုဇုန်တည်ရှိရာနေရာသည် ငလျင်ကြောနှင့် လွတ်ကင်းခြင်း၊ သံလွင်မြစ်နှင့်နီးစပ်သဖြင့် ရေအရင်းအမြစ်ရရှိရန် လွယ်ကူခြင်းတို့ ကြောင့် ဖောက်လုပ် နေသည့် ဒေသတွင်း ချိတ်ဆက်ပေးမည့် လမ်းများပြီးစီးပါက စီးပွားရေးလုပ်ဆောင်ရန် အလွန်အလားအလာကောင်းသောမြို့ ဖြစ်လာမည်ဟု ပြောသည်။ အဆိုပါ Industrial Park ကို ဖော်ထုတ် ထားသည် UMH ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက် တာ ဒေါ်မြတ်စန်းဝင်းက အာဆီယံအဝေးပြေး လမ်းမကြီးဖောက်လုပ်ပြီးစီးပါက ရန်ကုန်ဆိပ် ကမ်းအပြင် ဘန်ကောက် ဆိပ်ကမ်းမှတစ်ဆင့် ကုန်ပစ္စည်းများတင်ပို့နိုင်မည်ဖြစ်သည့်အတွက် အချိန်အကုန် အကျသက်သာပြီး လွယ်ကူသွားမည်ဖြစ်ကြောင်း ပြောသည်။ "အခုဆိုရင် အာဆီယံလမ်းမကြီးက ပြီးသလောက်ဖြစ်နေပြီ။ ပြီးတာနဲ့တစ်ပြိုင် နက် အစ်မတို့က ထိုင်းဘက်ကဆိပ်ကမ်း ကို အသုံးပြုပြီး တင်ပို့လို့ရပြီ။ အခုဆို ရန်ကုန်ဆိပ်ကမ်းကပဲ ပို့ရတော့ စင်ကာပူ ကနေမှတစ်ဆင့် တခြားနိုင်ငံတွေကို ပို့ရ တဲ့အတွက် အချိန်ကနှစ်ပတ်ကြာ တယ်။ ပြီးတော့ ဆိပ်ကမ်းမှာ အခွန်ကင်းရှင်း ကြောင်းလုပ်တာက တစ်ပတ်ထပ်ကြာတော့ စုစုပေါင်းသုံးပတ်လောက်တောင် အချိန်ပေးရတယ်။ ထိုင်းဘက်ကသွားရင် အခွန်ကင်း ရှင်းကြောင်းက တစ်ရက်ပဲကြာပြီးစင်ကာပူက ဖြတ်စရာမလိုတော့ဘဲ၊ ကိုယ်ပို့ချင်တဲ့နိုင်ငံ ဂျပန် ဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ် တိုက်ရိုက်ပို့လို့ရတယ်" ဟု ၎င်းက ပြောသည်။ Industrial Park အတွင်းတွင် ရာနှုန်း ပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ၤFulltex ဆွယ်တာစက်ရုံ ကိုလည်း ဧပြီလ ၂၅ ရက်တွင်ပင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ စက်ရုံ စတင်လည်ပတ်ရန်အတွက် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြု မိန့်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု ဒေါ်မြတ်စန်းဝင်း က ပြောသည်။ "အလုပ်သမား ၃,၀၀၀ လောက်နဲ့ လည် ပတ်မှာဖြစ်ပြီး ဘန်ကောက်နဲ့ မဲဆောက် က အတွေ့အကြုံရှိလုပ်သားတွေအပြင် အတွေ့အကြုံမရှိသေးတဲ့ ဒေသခံလုပ်သား တွေကိုလည်း သင်တန်းတွေပေးပြီး အလုပ် ခန့်အပ်ဖို့ စီစဉ်ထားတယ်။ အနည်းဆုံး လုပ်ခလစာ သတ် မှတ်တဲ့အခါကျရင် လည်း စက်ရုံလည်ပတ်စရိတ်တွေ လျော့ချ တာတို့၊ ကုန်ထုတ်လုပ်မှုတက်အောင် လုပ် တာတို့နဲ့ ခုနှိမ်မှာဖြစ်ပြီး နိုင်ငံတော်ဘက် ကလည်း အခွန်လျော့ပေးတာတို့၊ လမ်းပန်း ဆက်သွယ်ရေး ကုန်ကျစရိတ်တွေလျော့ချ ပေးတာမျိုးနဲ့ လုပ်ငန်းရှင်တွေဘက်ကို ထောက်ပံ့ပေးဖို့ လိုတယ်"ဟု ၎င်းက ပြောသည်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ