By Ra Wai, Shweproperty.com
Updated at 25 January 2022
ဖုန်းရွှေဟူသည် ရှေးခေတ်တရုတ်လူမျိုးများ လက်ခံကျင့်သုံးလာသော သိပ္ပံနည်းကျ ရိုးရာအလေ့အကျင့်တစ်ခုဖြစ်သည်။ “ wind- water” ဟု အဓိပ္ပာယ်ရပြီး တရုတ်ပညာရှင်များက သဘာဝဘေးအန္တရာယ်များဖြစ်သော လေဒဏ်နှင့် ရေးဘေးမှ ကာကွယ်ရန် တီထွင်ထားသည်ဟု ဆိုသည်။ ချီစွမ်းအားအပြည့်အဝရစေရန် ဖုန်းရွှေအယူအဆများကို ယနေ့တိုင် လူအများလက်ခံယုံကြည်လျက် ရှိသေးသည်ကိုလည်း တွေ့ရပေမည်။ အထူးသဖြင့် အိမ်စီးပွားရေး တိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်စေရေးတို့အတွက် ယုံယုံကြည်ကြည်အသုံးချလာကြသည်။ ဖုန်းရွှေအယူအဆအရ ၂၀၂၁ အတွက် ကံကောင်းစေသော အရောင်များနှင့် အရောင်တို့၏ သဘောသဘာဝကို ပြောပြပေးသွားပါမည်။ ဖော်ပြပါ အရောင်များကို အိမ်ဆောက်လုပ်ရာတွင်ဖြစ်ဖြစ်၊ အိပ်ခန်းအရောင်ရွေးချယ်တဲ့အခါမျိုးတွင်လည်း အသုံးပြုနိုင်ပါသည်။ ၁။ အနီရောင် တရုတ်လူမျိုးတို့ရဲ့ အထွတ်အထိပ်ဦးစားပေးအရောင်ဖြစ်သော အနီရောင်သည် ဝင်ငွေပေါကြွယ်ခြင်းနဲ့ ချမ်းသာခြင်းကို ကိုယ်စားပြုလျက်ရှိသည်။ အထူးသဖြင့် အနီရောင်သည် အင်္ဂါဂြိုလ်နှင့် ဆက်စပ်သည့် အရောင်လည်းဖြစ်ပြီး ၂၀၂၁ အတွက်ဆို ကံကောင်းခြင်းလာဘ်လာဘကို ဖြစ်စေနိုင်သည့် အရောင်ဟုလည်းဆိုသည်။ အခန်းအရောင်အနေဖြင့်ရွေးချယ်သူ ရှားသော်လည်း အားကစားခန်းမများတွင် အသုံးသင့်ဆုံးအရောင်ဟု ဆိုထားသည်။ ၂။ အနက်ရောင် အနက်ရောင်နှင့် အပြာရောင်တို့၏ သဘောသဘာဝသည်စီးဆင်းနေသော မြစ်ရေအသွင်ကို ဆောင်ကာ အပြောင်းအလဲများနှင့် အလျင်အမြန်တိုးတက်မှုကို ဖြစ်စေသည်ဟု ဆိုပါသည်။ အနက်ရောင်နဲ့ အပြာရောင် ရောစပ်ပါက မိတ်ဖွဲ့ခြင်း၊ချစ်ခင်ရင်းနှီးမှုနဲ့ ပြိုင်ဆိုင်မှုပြင်းပြခြင်း သဘောဆောင်သည်ဟုလည်း အယူရှိသည်။အနက်ရောင်ကို ဖုန်းရွှေနည်းအရ သတ္တုအရောင်နှင့် တွဲဖက်သုံးခြင်းဖြင့် ငွေကြေးစီးပွား တိုးတက်စေသည်ဟု ဆိုပါသည်။ ၃။ အစိမ်းရောင် အစိမ်းရောင်ကို ဉာဏ်ရည်နှင့် တီထွင်ဖန်တီးမှုကို ကိုယ်စားပြုပြီး ၂၀၂၁ အတွက် အစိမ်းရောင်ကိုလည်း ကံကောင်းစေနိုင်တဲ့ အရောင်ဟု သတ်မှတ်ကြသည်။ ငြိမ်းချမ်းမှုသဘောဆောင်ပြီး နွေဦးရဲ့ နိမိတ်ကို ကိုယ်စားပြုသေးသည်။ ချီသဘောအရဆို ကျန်းမာခြင်း၊ ရှင်သန်ကြီးထွားခြင်းဟူ၍ ဆိုလိုပါသည်။ အစိမ်းရောင် လယ်ကွင်းများကို ကြည့်ခြင်းဖြင့် စိတ်တည်ငြိမ်မှုကို ခံစားစေနိုင်တဲ့အတွက် အာရုံစူးစိုက်မှုကို ပိုဖြစ်စေသည်။ ရုံးခန်းအရောင်အဖြစ်ရွေးချယ်သင့်ပေသည်။ ၄။ အဝါရောင် ရာထူးအာဏာတိုးပွားမှုနဲ့ သက်ဆိုင်သည့် အဝါရောင်ကတော့ ဝင်ငွေအရင်းမြစ်နှင့် ဦးဆောင်မှု သဘောကို ဆောင်နေသည်။ တရုတ်လူမျိုးများအတွက် အဝါရောင်သည် မြစ်ဝါမြစ်ကို ကိုယ်စားပြုပြီး ဆန်စပါးလယ်ကွင်းများရဲ့ အသက်သွေးကြောဖြစ်သော ရေသောက်မြစ်အရောင်ဖြစ်သည့်အတွက် လေးစားတန်ဖိုးထားကြောင်း သိရသည်။ ပျော်ရွှင်ခြင်းအရောင်လည်း ဖြစ်တာမို့ အခန်းအရောင်အဖြစ် ရွေးချယ်ဖို့ရာ သင့်လျော်ပါသည်။ တီထွင်မှု၊ စိတ်ကူး အကြံဆများကို ပိုမို ကွန့်မြူးစေနိုင်သဖြင့် ကလေးငယ်များ၏အခန်းရောင်အဖြစ်လည်း သုံးနိုင်သည်။ ၅။ အဖြူရောင် ထုတ်ကုန်များ၏အရင်းမြစ်သော Metal သတ္တုဒြပ်စင်ကို ကိုယ်စားပြုအရောင်ဖြစ်သည့် အဖြူရောင်သည် အထောက်အပံ့နှင့် အခွင့်အာဏာကို ကိုယ်စားပြုသည်ဟု ဆိုပါသည်။ ဗီးနပ်စ်ဂြိုလ်ဟုလည်း သတ်မှတ်ပြီး သတ္တုအရောင်ဖြစ်သည့်အတွက် ငွေကြေးကိုလည်း ကိုယ်စားပြုသေးသည်။ မျက်နှာကြက်အရောင်အနေဖြင့် အသုံးပြုပါက အခန်းကို ပို၍ လင်းထိန်စေနိုင်သည်။ တရုတ်လူမျိုးများသည် ဖုန်းရွှေအယူအရ အရောင်များ၏သဘောသဘာဝသည် တစ်နှစ်နှင့် တစ်နှစ်မတူညီဘဲ ပြောင်းလဲနေသည်ဟု ဆိုသည်။ အရောင်များ၏ အယူအဆပေါ်မူတည်၍ စီးပွားရေးအနိမ့်အမြင့်မှာလည်း ပြောင်းလဲလျက်ရှိသည်ဟူ၍ မှတ်ယူပုံရသည်။ ကံကြမ္မာကောင်းကို ဖန်တီးနိုင်ဖို့ရာ အရောင်များ၏ စွမ်းအင် သဘောကိုလည်း လျစ်လျူပြုထား၍ မရပေ။ မြန်မာအယူတွင်လည်း နေ့နံအလိုက် ကံကောင်းစေသောအရောင်၊ ကံညံ့စေလို့ မရွေးချယ်အပ်သော အရောင်များရှိသကဲ့သို့ ဖုန်းရွှေအယူအဆတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်အပြင်အဆင်ကို ကြည့်ပြီး လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ဒီလို အကဲခတ်နိုင်ပါတယ် နံရံသုတ်ဆေးအရောင် ဘယ်လိုရွေးချယ်မလဲ အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ အိပ်ခန်းနံရံတွေကို ဘာအရောင် သုတ်သင့်သလဲ Written By: Aye Sandar Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ