By Shwe Kyaw, Shweproperty.com
Updated at 8 June 2021
လူတိုင်းမှာ မွေးလအလိုက် ဘယ်နေရာမှာမဆို ပိုမိုရွေးချယ်အသုံးပြုသင့်တဲ့ ကံကောင်းစေမယ့် အဆောင်အရောင်လေးတွေ ရှိပါတယ်။ ကိုယ့်ရဲ့ အဆောင်အရောင်လေးတွေအတိုင်း အိမ်ကို ဆေးသုတ်မယ်ဆိုရင်တော့ အိမ်မှာ သုတ်မယ့် ဆေးအရောင်ကို ထွေထွေထူးထူး စဉ်စားနေဖို့ မလိုတော့တဲ့အပြင် ကံကောင်ခြင်းတွေလည်း ဖြစ်ပေါ်စေမှာပါ။ ကဲ မွေးလအလိုက် သုတ်သင့်တဲ့ ဆေးရောင်လေးတွေကတော့ သင်ဟာ … ဇန်နဝါရီလမှာ မွေးဖွားတဲ့သူဆိုရင်တော့ အနက်ရောင်၊အညိုရောင်၊မီးခိုရောင် အစရှိတဲ့ အမှောင်ဘက်သွားတဲ့ အရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။ သင်ဟာ Black Crazy တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ဒီအိမ်ခန်းအရောင်ကို အကြိုက်တွေ့စေမှာပါ။ ဖေဖော်ဝါရီလမှာ မွေးဖွားသူဆိုရင်တော့ မီးခိုးရောင်၊ အစိမ်းရောင်၊ နက်ပြာရောင်တို့ကို ကြက်သွေးရောင်ဖြင့် အလှဆင်နိုင်ပါတယ်။ ဒီအရောင်တွေ သုံးပြီး အလှဆင်တာ၊ ဆေးသုတ်တာနည်းတာကြောင့် အမြင်ကို ဆန်းသစ်စေမှာတော့ အမှန်ပါ။ မတ်လမှာ မွေးဖွာသူဆိုရင်တော့ အပြာနုရောင်၊ပန်းနုရောင်၊ အဝါရောင်၊ အစိမ်းရောင်တို့ကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။ အနက်ရောင်ကိုတော့ အထူးရှောင်ကြဉ်သင့်ပါတယ်။ ဧပြီလမွေးဖွားသူများကတော့ ပန်းရောင်၊ အနီရောင်၊ ကြက်သွေးရောင်တို့ကို သုတ်ပေးနိုင်ပါတယ်။ အနက်ရောင်နဲ့ မှောင်တဲ့အရောင်တွေကို အတက်နိုင်ဆုံး ရှောင်ရှားကာ သုတ်ပါ။ မေလတွင် မွေးဖွားသူများရေါးချယ်သင့်တဲ့ အကောင်းဆုံးအရောင်ကတော့ အပြာရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အစိမ်းနုရောင်တို့ပဲ ဖြစ်ပါတယ်။ ဇွန်လမှာ မွေးဖွားသူဆိုရင်တော့ အဖြူရောင်၊ ငွေမှင်ရောင်၊ အဝါနုရောင်၊ ဆင်စွယ်ရောင်တို့ကို ရွေးချယ်ကာ သုတ်ပေးသင့်ပါတယ်။ ဇူလိုင်လမှာ မွေးတဲ့သူတွေကတော့ လိမ္မော်ရောင်၊ အစိမ်းနုရောင်၊ ဖက်ဖူးရောင်၊ နို့နှစ်ရောင်နှင့် တလက်လက်တောက်ပသော ငွေရောင်တို့ကို သင့်အိမ်ရဲ့ ဆေးရောင်အဖြစ် အထူး ရွေးချယ်ပေးသင့်ပါတယ်။ သြဂုတ်လမှာ မွေးဖွားသူများကတော့ နံ့သာရောင်၊ အဝါရောင်၊ လိမ္မော်ရောင်တို့ကို သုတ်ပေးပြီး အနက်၊အညိုတို့ကို ရှောင်ကြည်ပါ။ စက်တင်ဘာလမှာမွေးဖွားသူများကတော့အနက်ရောင်ကို ရှောင်ရှားကာ ဆင်စွယ်ရောင်၊ အဝါရောင်၊ နံ့သာရောင်၊ အစိမ်းနု၊ အပြာနုတို့ကို သုံးကာ ဆေးရောင်လှလှ သုတ်နိုင်ပါတယ်။ အောက်တိုဘာလမှာ မွေးဖွားသူများကတော့ တောက်ပ၊ထည်ဝါသော အရောင်များထက် ကြိုက်နှစ်သက်ရာအရောင်အနု၊အဖျော့များကိုသာ သုတ်ပြီး အလှဆင်ပါ။ ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဗဟုသုတများ အိပ်ခန်းနံရံကို ဆေးသုတ်ရင် ရှောင်သင့်တဲ့အရောင်များ ဘယ်လိုအိမ်မျိုးနဲ့ နေရမလဲ ရွှေငွေဥစ္စာဝင်ရာလမ်းကြောင်းဖြစ်သည့် ဖုန်းရွှေတံခါးပေါက်ပွင့်စေရန် Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ