By အေဝိုင်အီး, Shweproperty.com
Updated at 8 December 2013
မြန်မာနိုင်ငံ၏ အဆင့်မြင့်နိုင်ငံတ ကာစံမီအိမ်ရာလုပ်ငန်းစုဖြစ်သော FMI လုပ်ငန်းစုသည် ၂ဝ၁၅ ခုနှစ်တွင် အပြီးသတ်တည်ဆောက်မည့် ပန်းလှိုင် ဂေါက်ကွင်း ဟိုတယ်စီမံကိန်းကြီး ကို စတင်တော့ မည်ဖြစ်ကြောင်း ၃ဝ-၁၁-၂ဝ၁၃ ရက်တွင် သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်အိမ် ရာသည် မြန်မာနိုင်ငံရှိ အိမ်ရာစီမံကိန်း များထဲတွင် နာမည်အကြီးဆုံးများထဲမှ တစ်ခုဖြစ်ပြီး အပန်းဖြေအိမ်ရာစီမံကိန်း တစ်ခုဖြစ်ခဲ့ကာ ရှိပြီးသားဂေါက်ကွင်းအနီး တွင် ယင်းကဲ့သို့ အဆင့်မြင့်ဟိုတယ်တစ် လုံးတည်ဆောက်ရန် FMI အုပ်စုက ဆက်လက်စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။ ''စပြီးဆောက်လုပ်နေပါပြီ ဟိုတယ်မှာက အဆင့်မြင့်ဖျော်ဖြေမှုတွေ ပါဝင်မယ့် ပုံစံတွေနဲ့ တည်ဆောက်မှာပါ။ ၂ဝ၁၅မှာ အပြီးသတ်ဖို့တော့ မှန်းထားပါ ပန်းလှိုင်အိမ်ရာ၌ အဆင့်မြင့် ပန်းလှိုင်ဂေါက်ကွင်းဟိုတယ်စီမံကိန်းကို ၂ဝ၁၅ တွင် အပြီးသတ်မည် တယ်''ဟု FMI လုပ်ငန်းစုမှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
FMI လုပ်ငန်းစု၏ စီမံကိန်းများထဲတွင် FMI City ပန်းလှိုင်အိမ်ရာ နှင့် ဂေါက်ကွင်း အပါအဝင် သန်လျင် ကြယ်စင်အိမ်ရာ အစရှိ သည်တို့ရှိနေသည်။ ထပ်မံ၍ ဟိုတယ်တစ် ခုကို ဖွင့်လှစ်လာရခြင်းဖြစ်သည်ဟု သိရ သည်။ အဆိုပါ လုပ်ငန်းစုအနေဖြင့် ကြယ်စင်အိမ်ရာ နှင့် ပန်းလှိုင်အိမ်ရာတို့ ကို ပေါင်းကူးပေးထားမယ့် အဆင့်မြင့် သင်္ဘောများ ပြေးဆွဲမည့် အစီအစဉ်များ ရှိနေသည့် အတွက်ကြောင့် လည်ကောင်း ၊ နိုင်ငံတကာခရီးသည်များ ဝင်ရောက်လာ မှုမြင့်တက်လာချိန်တွင် ဖျော်ဖြေမှုဆန် သော ဟိုတယ် သော ဟိုတယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်လိုသည့် အတွက်ကြောင့်လည်းကောင်း ဟိုတယ်ရင်းနှီးမြှုပ်နှံမှု ပါဝင်လာ ခြင်းဖြစ်သည်ဟု သိရသည်။
ပန်းလှိုင်အိမ်ရာ၏ တရားဝင်လူမှု ကွန်ယက်စာမျက်နှာတွင် ဖော်ပြချက်တစ် ခုအရ ပန်းလှိုင်ဂေါက်ကွင်းဟိုတယ်သည် ခမ်းနားကြီးကျယ်သော အခန်းတည် ဆောက် မှုမျိုး ဖြစ်ကာ ဆွေးနွေး ပွဲခန်းမများ၊ စားသောက်ခန်းမများ ၊ ဘား နှင့် အပန်းဖြေဥယျာဉ် များ ပါဝင်စေမည် ဟု သိရသည်။
လက်ရှိတွင် အဆိုပါစီမံကိန်းကြီးအတွက် ကုန်ကျစရိတ်ကိုမူ FMI လုပ်ငန်းစုက ထုတ်ပြန်ကြေညာထားခြင်း မရှိသော်လည်း ဟိုတယ် ၏ ဗိသူကာ ဒီဇိုင်းများ အရ ဒေါ်လာသန်းး ၅ဝအထက် ဖြစ်ဖွယ် ရှိသည်ဟု FMI မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက တစ်ဦးက ပြောကြားသည်။
Ref : ပြည်မြန်မာ
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ