By Hnin Htet, Shweproperty.com
Updated at 11 December 2019
အများပြည်သူများ အပန်းဖြေအနားယူတဲ့ ပန်းဥယျာဉ်တွေမှာ စားသောက်ဆိုင်တွေကိုစနစ်တကျဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော်ဝင်ဦးမောင်မောင်စိုးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမမှာကျင်းပပြုလုပ်တဲ့ သတင်းမီဒီယာတွေ့စုံပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့တာဝန်ယူစဉ် သက်တမ်းကာလအတွင်းဒီကိစ္စကို အကောင်အထည်ဖော်သွားဖို့ရှိပါတယ်။ ကျွန်တော်တို့စတက်လာတဲ့အခါမှာ ပန်းခြံတွေကို ဖိဖိစီးစီးလုပ်လာတာ တော်တော့ကိုသားသားနားနားလေးဖြစ်နေပါပြီ။ ဒီထဲမှာစနစ်တကျဖြစ်တဲ့၊ နာမည်ကြီး ဈေးသက်သာတဲ့၊ သပ်သပ်ရပ်ရပ် စနစ်တကျနဲ့ စားသောက်နိုင်တဲ့ စားသောက်ဆိုင်လေးတွေကို လုပ်ဆောင်သွားဖို့ရှိတယ်။ လမ်းဘေးဈေးသည်လို မသန့်ရှင်းတဲ့ ဆိုင်ပုံစံမျိုးမဟုတ်ဘဲ အများပြည်သူ အပန်းလည်းဖြေ၊ စားနိုင်၊ သောက်နိုင်တဲ့ အဆင့်မြင့်ပုံစံမျိုးလုပ်မှာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။
လက်ရှိမှာတော့ YCDCအနေနဲ့ စီမံချက်ရေးဆွဲပြီးဖြစ်တဲ့ အတွက်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွားမှာပါ။ ဒီကိစ္စကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုပြီးပြီ ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ စိတ်ပါဝင်စားမှုလျှောက်လွှာ (EOI) ခေါ်ယူပြီး တင်ဒါစနစ်နဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်အတွင်းမှာတော့ အများပြည်သူအပန်းဖြေအနားယူနိုင်တဲ့ ပန်းခြံ ၆၁ ခုရှိပြီး အရှေ့ပိုင်းခရိုင်မှာ ၁၅ ခု၊ အနောက်ပိုင်းခရိုင်မှာ ၁၉ ခု၊ တောင်ပိုင်းခရိုင်မှာ ၁၄ခု၊ မြောက်ပိုင်းခရိုင်မှာ ၁၃ခု ရှိကြောင်းသိရပါတယ်။
Written By : Hnin Htet (ShweProperty.com)
Photo Credit : Shutterstock
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ