By Ra Wai, Shweproperty.com
Updated at 31 January 2022
အိမ်ထောင် ပရိဘောဂဆိုတာတွေကို ဈေးကွက်ထဲမှာ ပုံစံမျိုးစုံ ဒီဇိုင်းမျိုးစုံကို ဈေးနှုန်းမျိုးစုံနဲ့ တွေ့ရမှာပါ။ ကိုယ်သဘောကျရင် ကျသလို အိမ်ထောင်ပရိဘောဂတွေနဲ့ ကိုယ့်အိမ်ကို အလှဆင်လို့ ရပါတယ်။ ဒါပေမဲ့ မဖြစ်မနေ လိုအပ်တဲ့ အိမ်ထောင်ပရိဘောဂတွေကိုတော့ မေ့ထားလို့ မရပါဘူး။ အိမ်တစ်အိမ် အနေနဲ့ အခြေခံ လိုအပ်တဲ့ ပရိဘောဂတွေကိုတော့ အိမ်မှာ မဖြစ်မနေ ထားရမှာပါ။ အခုဖော်ပြပေးမှာကတော့ သင့်အိမ်အတွက် ရှိထားရမယ့် အခြေခံလိုအပ်တဲ့ အိမ်ထောင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ (၁) ရိုးရိုးတံမြက်စည်းနဲ့ ငှက်မွှေးတံမြက်စည်း သို့ ဖုန်စုပ်စက် အိမ်တိုင်း အိမ်တိုင်း ရင်ဆိုင်ရတာကတော့ ဖုန်တက်ခြင်းဖြစ်ပါတယ်။ သန့်ရှင်းရေးပစ္စည်းတွေ မျိုးစုံနေအောင် ဈေးကွက်ထဲမှာ ရှိနေပေမဲ့ လူသုံးများတာကတော့ ရိုးရိုးတံမြက်စည်းပဲ ဖြစ်ပါတယ်။ အိမ်မှာ ဖုန်မရှိစေဖို့ နေ့တိုင်း တံမြက်စည်းလှည်းဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ရိုးရိုးတံမြက်စည်းသက်သက်နဲ့ ဖုန်တွေ မပြောင်တာကြောင့် ရှေးလူကြီးတွေ လုပ်ခဲ့သလို ငှက်မွှေးတံမြက်စည်းနဲ့ ထပ်မံ လှည်းရပါတယ်။ အဲ့လို အလုပ်မရှုပ်ချင်ရင်တော့ ဖုန်စုပ်စက်က အစားထိုးဖို့ အသင့်တော်ဆုံး ပစ္စည်းပဲ ဖြစ်ပါတယ်။ (၂) ဖယောင်းတိုင်၊ ဓာတ်မီး နဲ့ Power bank မြန်မာနိုင်ငံအနေနဲ့ လျှပ်စစ်မီး အမြဲ ရနေတယ်ဆိုတာ မသေချာပါဘူး။ ဒါကြောင့် မီးအလင်းရောင်အတွက် ဓာတ်မီး ဆောင်ထားသင့်သလို ဖယောင်းတိုင်လည်း ဆောင်ထားသင့်ပါတယ်။ ဖုန်းကလည်း လူတိုင်းရဲ့ မရှိမဖြစ် အရေးကြီးတဲ့ အရာဖြစ်လို့ ဖုန်း battery ကုန်ရင် ထပ်မံ အားသွင်းနိုင်ဖို့ Power Bank လည်း ဆောင်ထားရမှာ ဖြစ်ပါတယ်။ (၃) မီးဖိုချောင် အသုံးအဆောင်များ အခုကတော့ လျှပ်စစ်မီးဖို အသုံးများလာကြပြီ ဖြစ်တာကြောင့် လျှပ်စစ်မီးဖို အရည်အသွေးကောင်းကောင်းလေး ဝယ်ထားဖို့လိုပါတယ်။ ကြော်လှော်ဖို့ အိုးနဲ့ ဟင်းရည်ချက်ပြုတ်ဖို့ အိုးတွေအပြင် ပန်းကန်လုံး ပန်းကန်ပြားတွေနဲ့ ဇွန်းအမျိုးမျိုးပါ ရှိထားရမှာ ဖြစ်ပါတယ်။ နောက်ထပ် ထပ်ဆောင်းလိုအပ်တာက လက်သုတ်ပုဝါနဲ့ ဟင်းခတ်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ (၄) ဘီရို သို့ အဝတ်သေတ္တာ အဝတ်အစားတွေကို စနစ်တကျ သိမ်းဆည်းထားနိုင်ဖို့ ဘီရိုတစ်ခုလည်း လိုအပ်ပါတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားအများစုကတော့ ရွှေ့ပြောင်းရလွယ်ကူတဲ့ ပလက်စတစ်သေတ္တာတွေကို အသုံးများကြပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် သိမ်းနိုင်တဲ့ အရာတော့ မဖြစ်မနေ လိုအပ်ပါတယ်။ (၅) မီးပူ အဝတ်လျှော်တာကတော့ အခုချိန်အထိ လက်နဲ့ လျှော်ကြတာ ရှိသလို စက်တွေနဲ့လည်း လျှော်ကြလေ့ ရှိကြပါတယ်။ အဝတ်လျှော်တာအတွက်ကတော့ စက်ကို မရွေးချယ်လည်း ဖြစ်နေပေမဲ့ အဝတ်တွေ ပြန့်ပြူးဖို့ အတွက်တော့ မီးပူတိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ မီးပူ တစ်ခုလည်း မဖြစ်မနေ ရှိထားသင့်ပါတယ်။ (၆) သောက်ရေအိုးနဲ့ သောက်ရေခွက် အခုထိ မြေနဲ့ပြုလုပ်ထားတဲ့ သောက်ရေအိုးကို အသုံးပြုနေကြဆဲ ဖြစ်ပေမယ့် ရေသန့်သောက်ရေဘူးကြီးတွေကို ပိုအသုံးများလာကြပါပြီ။ ဒါကြောင့် ရေသန့်ဘူးထားတဲ့ နေရာလည်း လိုအပ်သလို သောက်ရေခွက်တွေလည်း တစ်နေရာမှာ ထားရှိဖို့ လိုအပ်ပါတယ်။ (၇) ပန်ကာ သို့မဟုတ် အအေးပေးစက် မြန်မာနိုင်ငံက ပူပြင်းခြောက်သွေ့တဲ့အရပ် ဖြစ်တာကြောင့် အိမ်တိုင်းမှာ ပန်ကာ ထားရှိကြပါတယ်။ ပန်ကာလေက ပင်ကိုယ်ကျန်းမာရေးကောင်းမွန်တဲ့ သူတွေအဖို့ မသိသာပေမဲ့ ပန်ကာလေက ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ငွေကြေးတတ်နိုင်တဲ့သူတွေအဖို့ ပန်ကာ အစား အအေးပေးစက်များကို တပ်ဆင် သုံးစွဲကြပါတယ်။ (၈) အိမ်ယာအသုံးအဆောင်များ အိပ်ခန်းအသုံးအဆောင်တွေကလည်း အိမ်တစ်အိမ်အတွက်သာမက လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စောင်၊ ခေါင်းအုံးနဲ့ အိပ်ယာခင်းတွေကတော့ မဖြစ်မနေ ထားရှိကြတဲ့ အသုံးအဆောင်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ အိမ်တိုင်းအခြေခံရှိထားရမယ့် ပစ္စည်းတွေ ဖြစ်တဲ့အတွက် အိမ်တိုင်းမှာ ရှိနေမှာပါ။ မိသားစုနဲ့ မဟုတ်ပဲ သူငယ်ချင်းတွေနဲ့ နေတဲ့ သူတွေလည်း အခုလို ပစ္စည်းတွေ ရှိထားသင့်ပါတယ်နော်..။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား သင့်အိမ်ခန်း သို့မဟုတ် ရုံးခန်းထဲက HOUSEPLANTS လေးများကို ဘယ်လိုဂရုစိုက်ရမလဲ Credit By: ShweMon Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ