By BETV Myanmar, Shweproperty.com
Updated at 28 January 2019
ပုသိမ်မြို့ရှိ ဥမ္မာဒန္တီအိမ်ရာနှင့် ပြည်တော်သာအိမ်ရာဝင်းရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တိုက်ခန်းများကို ရောင်းချသွားမည်ဖြစ် ကြောင်း အိမ်ရာရောင်းချရေးကော်မတီက ဇန်နဝါရီလ ၂၅ ရက်က ကြေညာချက်ထုတ်ပြန်ထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတို င်း ဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်ရှီ အဆိုပါ တိုက်ခန်းများကို လက်ငင်းငွေချေစနစ်အပြင် တိုက်ခန်း တန်ဖိုး၏ (၃၀)ရာခိုင်နှုန်းအား ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)တွင် အိမ်ရာငွေစုစာရင်း ဖွင့်လှစ် ထားသူများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်ခန်းရောင်းချမည့်အစီအစဉ်များကို (၄.၂.၂၀၁၉) ရက်မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ ပြည်တော်သာအိမ်ရာ၊ ပုသိမ်မြို့တွင် လာရောက်လျှောက်ထားဆက်သွယ်ရန် အိမ်ရာ ရောင်းချရေးကော်မတီ (ဖုန်း - ၀၄၂ ၂၃၇၇၄) က အသိပေးကြေညာထားသည်။
Ref & Photo Credit : BETV Myanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ