By Kumudra, Shweproperty.com
Updated at 13 September 2018
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ (၁၄) ရပ်ကွက်၊ ဥမ္ဗာဒန္ဒီအငှားအိမ်ရာစီမံကိန်းရှိ လေးခန်းတွဲ ငါးထပ်ရှိ အခန်းသုံးခန်းနဲ့ ရှစ်ခန်းတွဲ လေးထပ်ရှိ အခန်း ၃၂ ခန်း စုစုပေါင်း ၃၅ ခန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်ရေး အခက်အခဲရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ အများပြည်သူတွေကို မဲနှိုက်ရောင်းချမှာဖြစ်တာကြောင့် လျှောက်ထားသူကိုယ်တိုင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းယူဆောင်ပြီး ကိုယ်တိုင် လာရောက်မဲနှိုက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
၂၄-၉-၂၀၁၈ တနင်္လာနေ့ မနက် ၉းဝဝ နာရီမှာ နိုင်ငံ့ဝန်ထမ်း လျှောက်ထားသူ ၄၁၀ ဦး၊ ၂၄-၉-၂၀၁၈ မွန်းလွဲ ၂းဝဝ နာရီမှာ အငြိမ်းစားလျှောက်ထားသူ ၁ဝဝ ဦးနဲ့ ၂၅-၉-၂၀၁၈ (အင်္ဂ ါနေ့) မနက် ၉းဝဝ နာရီမှာ အများပြည်သူ ၅၁၃ ဦးတို့ကို ကိုးသိန်းမိုးလုံလေလုံ အားကစားရုံ၊ မဟာဗန္ဒူလလမ်း၊ ပုသိမ်မြို့မှာ မဲနှိုက်ပေးမှာ ဖြစ်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ