By Kamayut Media, Shweproperty.com
Updated at 28 May 2015
ပုသိမ်မြို့အတွက် အထင်ကရနေရာတစ်ခု ရည်ရွယ်ပြီး ပုသိမ်တက္ကသိုလ်အနီး ရန်ကုန်ပုသိမ်လမ်းမကြီးပေါ်က မြေ ၁၈ ဧကပေါ်မှာ ဟောင်ကောင်အခြေစိုက် H & Co ကုမ္ပဏီက Platinum Pathein စီမံကိန်းကို ဒီနှစ်မိုးကုန်ရင် စတော့မယ်လို့ မေ ၂၃ ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။ Platinum Pathein စီမံကိန်း ဒေသခံတွေအတွက် ဘာအကျိုးရှိမှာလဲ။
Platinum Pathein စီမံကိန်းမှာ အခန်းပေါင်း ၂၈ဝ ပါဝင်မယ့် တိုက်ခန်းတွဲ ၃ ခု၊ အခန်းပေါင်း ၁၈ဝ ကျော်ပါမယ့် Service Apartment တစ်ခုနဲ့အတူ နိုင်ငံတကာအဆင့်မီကြယ်သုံးပွင့်ဟိုတယ်၊ Villas Units ၂၆ ခု၊ ရုပ်ရှင်ရုံး၊ Shopping Mall တွေပါ ထည့်သွင်းတည်ဆောက်သွားမယ်လို့ ဆူးလေရှန်ဂရီလာမှာပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ H & Co ဥက္ကဌကပြောပါတယ်။
မြန်မာပြည်အောက်ပိုင်း အနားယူအပန်းဖြေစရာ ပင်လယ်ကမ်းခြေနှစ်ခုဖြစ်တဲ့ ငွေဆောင်၊ ချောင်းသာကမ်းခြေတို့နဲ့ တစ်နာရီကျော်သာဝေးတဲ့ Platinum Project ဟာ ကမ်းခြေသွားမယ့်သူတွေအတွက် တစ်ထောက်နားခိုစရာဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ပုသိမ်မြို့သူမြို့သားတွေအတွက်လည်း အပန်းဖြေလည်ပတ်စရာနေရာတစ်ခုဖြစ်လာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
တစ်ပေပတ်လည်ကို ဒေါ်လာတစ်ရာနဲ့မိတ်ဆက်ခဲ့တဲ့ Platinum Project ကို လပေါင်း ၁၈ လကနေ ၃ဝ အတွင်း အပြီးဆောက်မှာဖြစ်တဲ့အပြင် ငွေဆောင်အတွက် ဆယ်နှစ်ကြာ ရည်မှန်းထားတဲ့ စီမံကိန်း ၅ ခုကို စတင်နေတယ်လို့လည်း ပြောပါတယ်။
Ref : Kamayut Media
Posted by : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ