By 7daydaily, Shweproperty.com
Updated at 2 November 2015
ရန်ကုန်မြို့လယ် ပုဇွန် တောင်မှ မြို့ပြင် မင်္ဂလာဒုံစက်မှု မြို့အထိ တည်ဆောက်မည့် အ ထပ်မြင့်လမ်း စီမံကိန်းကို ပြည် ထောင်စု အစိုးရအဖွဲ့ထံသို့ တင် ပြမည်ဖြစ်ပြီး လုပ်ကိုင်ရန် တင်ပြ ထားသည့် ကုမ္ပဏီများ အမြန်ဆုံး ခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းကပြော သည်။
‘‘ပြည်ထောင်စု အစိုးရအဖွဲ့ ကို တင်ပြမယ်။ ပြီးရင်လုပ်ကိုင် မယ့် ကုမ္ပဏီနဲ့စာချုပ်ချုပ်မယ်’’ဟု ၎င်းက 7Day Daily အား ပြော သည်။ရန်ကုန်မြို့တွင် ခုံးကျော်တံ တားများ လတ်တလောတည် ဆောက်လုပ်ကိုင်ခွင့်ရရှိထား သည့် Capital Diamond Star Group (CDSG) ကုမ္ပဏီနှင့်ကိုရီး ယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နံှမှု ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းလုပ်ကိုင် မည့် ယင်းစီမံကန်းမှာ ကနဦးအ ဆိုပြုချက် (Concept Proposal) ပထမအဆင့်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ် သည်။
စီမံကိန်းကို Yangon Urban Expressway Development Project ဟု အမည်ပေးထားပြီး ကိုရီးယားနိုင်ငံမှ တည်ဆောက် ရေး ကုမ္ပဏီများဖြစ်သည့် Lotte E&C, Halla Corporation နှင့် ပြည်တွင်းကုမ္ပဏီဖြစ်သည့် ဒိုင်း မွန်းစတားကုမ္ပဏီတို့ ပူးတွဲလုပ် ကိုင်ရင်းနှီးမြှုပ်နှံမည့် စီမံကိန်း တစ်ခုဖြစ်သည်။
စီမံကိန်းတွင် ရန်ကုန်မြို့ လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရေကျော်လမ်းဆုံအလွန်မှ မင်္ဂလာဒုံဥယျာဉ်စက်မှုမြို့အထိ ၂၀ ဒသမ ၅ ကီလိုမီတာအရှည်ရှိသော လေးလမ်းသွားတံတားကို ပထမ အဆင့်အဖြစ် တည်ဆောက်မည် ဖြစ်သည်။ ဒုတိယအဆင့်အဖြစ် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီ လေဆိပ် (ပဲခူး)အထိ ဆက်သွယ် ဆောင်ရွက်ရန် လျာထားသော စီမံကိန်းဖြစ်၍ ရင်းနှီးမြှုပ်နှံမှု လွန် စွာကြီးမားသည့် စီမံကိန်းတစ်ခု လည်း ဖြစ်သည်။
လမ်းတစ်လျှောက်တွင် ငွေ ကြေးကောက်ခံမည့် တိုးဂိတ်သုံးခု ပါဝင်မည်ဖြစ်ပြီး ကားတစ်စီးလျှင် ဖြတ်သန်းခ ငွေကျပ်တစ်ထောင်မှ ထောင့်သုံးရာအထိ ကောက်ခံ မည်ဖြစ်ကာ အဆိုပါနှုန်းထားကို လည်း ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ကုမ္ပဏီတို့က ပြန်လည် ဆွေးနွေးမည်ဖြစ်ကြောင်း သိရ သည်။
‘‘ကုမ္ပဏီကတော့ ငွေ ကောက်ခံဂိတ်တွေကနေ နှစ်ပိုင်း အတွင်းသူတို့ကုန်ကျထားတဲ့ငွေ ကို အရင်းကျေအောင်ပြန်လုပ်မှာ ပဲ’’ဟု အမြဲတမ်းအတွင်းဝန် ဦး ကျော်လင်းကဆိုသည်။
စီမံကိန်းအတွက် ခန့်မှန်းခြေ ကုန်ကျစရိတ်အဖြစ် အမေရိကန် ဒေါ်လာသန်း ၆၂၀ ကျော် ကုန်ကျနိုင် မည်ဖြစ်ပြီး စီမံကိန်းကာလကို အ စိုးရက စတင်ခွင့်ပြုပါက ငါးနှစ် အတွင်းပြီးစီးရန် တည်ဆောက် မည်ဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရရှိ သည့် ကုမ္ပဏီများက ထုတ်ပြန် ထားသည်။
နိုင်ငံတော်သမ္မတနှင့် နီးစပ် ပြီး အစိုးရ၏ စီမံကိန်းအကြီးစား များတွင် မကြာခဏလုပ်ကိုင်ခွင့် ရရှိလေ့ရှိသည့် ဦးကိုကိုကြီးပိုင် ဆိုင်သော Capital Diamond Star Group (CDSG) ကုမ္ပဏီ သည် ယခုစီမံကိန်းကိုအစိုးရထံမှ ခွင့်ပြုချက်ရရှိရန်အလွန်နီးစပ်နေ ပြီဟု စီးပွားရေးလုပ်ငန်းရှင်များအ ကြား ယခုရက်ပိုင်းအတွင်း သ တင်းများထွက်ပေါ်နေသည်။
‘‘နှစ်ထပ်လမ်းစီမံကိန်းက တကယ်လိုနေပြီလို့ ကျွန်တော်တို့ ပညာရှင်တွေ မကြာခဏထောက် ပြခဲ့ကြပါတယ်။ တကယ်လိုနေတဲ့ စီမံကိန်းပါ။ အရင်က ဘန် ကောက်လို မြို့မျိုးမှာလည်း အခု ရန်ကုန်မှာ လတ်တလောဖြစ်နေ တဲ့ ပုံစံမျိုးတွေကြုံခဲ့ရလို့ နှစ်ထပ် လမ်းစီမံကိန်းနဲ့ ဖြေရှင်းခဲ့တာတွေ က သာဓကရှိပါတယ်’’ဟု မြို့ပြ စီမံကိန်းပညာရှင် ဦးဝင်းမြင့်က သုံးသပ်သည်။
ရင်းနှီးမြှုပ်နှံမှုကြီးမားပြီး ရည်ရွယ်ချက်အလွန်ကောင်းမွန် သည့် စီမံကိန်းအတွက် အတွေ့ အကြုံရှိ ကုမ္ပဏီကြီးတစ်ခုကလုပ် ကိုင်ခွင့်ရရှိသည်မှာ ကောင်းမွန် သော်လည်း ယခုစီမံကိန်းမှာ တည်ဆောက်ပြီးကာလ၌ လမ်း အသုံးပြုခွင့်ကောက်ခံမှုနှင့်ပတ် သက်၍ အကျိုးအမြတ်များစွာ ရ ရှိနိုင်သည့် စီမံကိန်းတစ်ခုဖြစ်လာ နိုင်ကြောင်း အစိုးရ၏စီမံကိန်းများ တွင် တင်ဒါဝင်ရောက်ယှဉ်ပြိုင် လေ့ရှိသူ လုပ်ငန်းရှင်တစ်ဦးကသုံးသပ်သည်။
ယခုစီမံကိန်းနှင့်ပတ်သက် ၍ Capital Diamond Star Group (CDSG) ဒါရိုက်တာအဖွဲ့ ထံသို့ ဆက်သွယ်မေးမြန်းသော် လည်း တာဝန်ယူဖြေကြားပေး မည့်သူမရှိပေ။
‘‘ဒီစီမံကိန်းက လုပ်ထုံးလုပ် နည်းနဲ့ မညီဘူး။ တိုင်းဒေသကြီး လွှတ်တော်က သဘောထားယူ သင့်တယ်။ ကုမ္ပဏီတစ်ခုတည်းက တင်ဒါတင်သွင်းတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလိုစီမံကိန်းကို လုပ်ချင်တဲ့ ကုမ္ပဏီတွေအများကြီးရှိတယ်။ ရင်းနှီးမြှုပ်နှံမှုကြီးမားလို့ အစိုးရက သူရဲ့ ဘတ်ဂျက်နဲ့ပဲလုပ် သင့်တယ်။ အခုလုပ်ကိုင်ခွင့်ရ သွားတဲ့ ကုမ္ပဏီအနေနဲ့ ဒီစီမံကိန်းကနေ အကျိုးအမြတ်တွေအများ ကြီးရနိုင်တယ်။ လွှတ်တော်မှာ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး မြို့ပြဖွံ့ဖြိုး မှုစီမံကိန်းဆိုပြီး အစီအစဉ်တွေ အများကြီးရှိတယ်။ အဲဒီထဲက တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် ပြည် သူ့ကိုယ်စားလှယ်တွေရဲ့ အသံ အများကြီးလိုတယ်။ ဥပဒေတွေ လည်း ပြဋ္ဌာန်းဖို့ လိုဦးမယ်။ ဒီနှစ် ထပ်လမ်းစီမံကိန်းက ရွေးကောက် ပွဲနီးမှ ပေါ်လာတာက သဘာ၀ မကျဘူး’’ဟု ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦး ကျော်က ပြောသည်။
Capital Diamond Star Group (CDSG) သည် လက်ရှိ ရန်ကုန်မြို့တွင် ရွှေဂုံတိုင်ခုံးကျော် တံတားစီမံကိန်းနှင့် မြေနီကုန်းခုံး ကျော်တံတား စီမံကိန်းများ တည် ဆောက်ထားသည့် ကုမ္ပဏီဖြစ် သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ