ကံကောင်းခြင်းဆိုတာလူတိုင်းလိုချင်တဲ့အရာပါ။ ကံကောင်းချင်ရင် ကောင်းတာတွေများများလုပ်ရမယ် တခြားသူတွေအပေါ် စိတ်ကောင်းထားရမယ်လို့ဆိုကြပါတယ်။ တချို့သူတွေကကံကောင်းစေဖို့ အဆောင်ပစ္စည်းလေးတွေ အိမ်မှာရုံးမှာ ဒါမှမဟုတ် ကိုယ်နဲ့မကွာဆောင်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ်ကံကောင်းတယ်ဆိုတာ အပြုသဘောဆောင်ပြီး ပျော်စရာလဲကောင်းပါတယ်။ အခုပြောပြမှာက လူတွေကကံကောင်းစေတယ် လို့သတ်မှတ်ထားတဲ့ အဆောင်ပစ္စည်းလေးတွေဖြစ်ပါတယ်။

(၁) ကံကောင်းခြင်းသစ်ရွက်

အရွက်လေးရွက်ပါတဲ့ကံကောင်းခြင်းသစ်ရွက်ဟာ ရှေးယခင်ကတည်းက လူတွေကောင်းကံစေတယ်လို့သတ် မှတ်ထားတဲ့ သင်္ကေတတခုပါ။ ဗြိတိန်မှာအစောဆုံးနေထိုင်ခဲ့ကြတဲ့ Celts လူမျိုးတွေကတော့ ကံကောင်းခြင်း သစ်ရွက်ဟာ နတ်သူငယ်တွေကိုတောင်မြင်ရပြီး ကံဆိုးခြင်းကိုဖြစ်စေတဲ့ မကောင်းတဲ့အကြံအစည်တွေရှိရင်လဲ ဖယ်ရှားပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။ ကံကောင်းခြင်းသစ်ရွက်မှာပါတဲ့ အရွက်လေးရွက်က ယုံကြည်မှု၊ မျှော်လင့်ချက်၊ အချစ်နဲ့ ကံကောင်းခြင်းတွေကို ကိုယ်စားပြုပါတယ်။

(၂) သံမြင်းခွာ

သံမြင်းခွာတွေဟာ ကံကောင်းစေတဲ့စွမ်းအားတွေပေးတယ်လို့လူတွေအယုံကြည်ကြဆုံးအဆောင်တခုပါ။ ဒဏ္ဍာရီတခုမှာ မြင်းခွာတွေဆိုတာ အစဉ်အလာအားဖြင့်သံနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကံကောင်းစေတာလို့ဆိုပါတယ်။ မကောင်းတဲ့နတ်သူငယ်တွေက သံကိုကြောက်တဲ့အတွက် သံမြင်းခွာရှိတဲ့အိမ်တွေနားကပ်လို့မရနိုင်ဘူးလို့လဲ ဆိုပါတယ်။



(၃) ရွှေငါး

တရုတ်(ဖုန်းရွှေ) ပညာရပ်မှာ ရွှေငါးတွေဆိုတာ ကံနဲ့ကြွယ်ဝမှုကိုဆွဲဆောင်နိုင်တယ်လို့ ဆိုကြပြီး နဂါးနဲ့မြင်းတွေကတော့ ကံကောင်းစေတယ်လို့ဆိုပါတယ်။ ရွှေငါးတွေက ကံကောင်းစေတာအပြင် အလှဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံး အိမ်မွေးတိရစ္ဆာန်တွေထဲမှာလဲ အပါအဝင်ဖြစ်ပါတယ်။ သင့်အိမ်မှာရွှေငါးမွေးထားရင် သူတို့ကအိပ်ထဲမှာရှိတဲ့ မကောင်းတဲ့အရာတွေကိုစုပ်ယူပြီး အပြုသဘောဆောင်တဲ့ကောင်းတဲ့စွမ်းအင်တွေကိုထုတ်လွှတ်ပေးတယ် လို့ဆိုပါတယ်။

(၄) သက်တန့်

သက်တန့်တွေက အရင်ခေတ်ကစီးပွားရေးလုပ်ငန်းတွေအတွက်တော့ အလွန်လာဘ်ကောင်းတဲ့နိမိတ်ပါ။ သက်တန့်ရဲ့အဆုံးမှာရှိတဲ့နေရာကိုတူးကြည့်ရင် ရွှေအိုးတွေ့ရတယ်လု့ိလဲဆိုကြပါတယ်။

(၅) Dracaena ဝါးပင် (သို့) Lucky Bamboo

တကယ်တော့ Dracaena ဝါးပင်ဆိုတာ ရိုးရိုးဝါးပင်နဲ့ဆင်တူပေမယ့် ဝါးပင်မျိုးမဟုတ်ပါဘူး။ သူက နေအိမ်အဆောက်အအုံတွေမှာထားလေ့ရှိပြီး ကံကောင်းစေတဲ့ဂုဏ်သတ္တိရှိတဲ့ မာကြောတဲ့အကြမ်းခံသက်ရှည်ပင်တမျိုးပါ။ ပင်စည်တခုမှာ ရိုးတံသုံးခုပါရင် ပိုင်ရှင်ကိုပျော်ရွှင်မှု၊ ကြွယ်ဝမှုနဲ့ သက်ရှည်ချမ်းသာမှုကိုပေးတယ်လို့ဆိုပါတယ်။ တချို့အပင်တွေမှာဆို ရိုးတံသုံးခုထက်မကပါနေတတ်ပြီး ပိုကောင်းကံစေတယ်လို့ဆိုကြပါတယ်။

ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဆောင်းပါးများ

ဒီနှစ်တွေမှာ အိမ်မဆောက်ပါနဲ့

သင့်အိမ်ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ အဆောင်ယောင် အပြင်အဆင်များ

မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ

နေအိမ်အကြောင်း ဗဟုသုတ သိကောင်းစရာများ

Credit By : Kwee
Posted By : Ra Wai (ShweProperty.com)