By Ra Wai, Shweproperty.com
Updated at 6 August 2020
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) က ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် စီမံကိန်းကာလ ခြောက်လအတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း MCEF ထံမှသိရသည်။
"နိုင်ငံတော်ဘက်ဂျက်နဲ့ အကောင်အထည်ဖော်ပြီး ပုဂ္ဂလိကအသင်းတွေက တာဝန်ယူဆောက်လုပ်သွားမယ်။ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမှာ အကောင်အထည်ဖော်သွားမှာ" ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောဆိုသည်။
ရန်ကုန်တိုင်းအတွင်း အိမ်ခန်းပေါင်း ၆၃၀ဝ ခန်း၊ နေပြည်တော်တွင် အခန်း ၇၀ဝ နှင့် မန္တလေးတိုင်းဒေသကြီးတွင် အခန်း ၃၀ဝ၀ တည်ဆောက်မည်ဖြစ်သည်။ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က ယင်းစီမံကိန်းများ အကောင်အထည်ဖော်ရန် စိတ်ပါဝင်စားသည့် အသင်းဝင်ကုမ္ပဏီများကို သြဂုတ်လ ၁၁ ရက်နေ့ နောက်ဆုံးထားကာအသင်းချုပ်ရုံးသို့ အသင်းဝင်မှတ်ပုံတင်ကတ်ပြား၊ Company Profile တို့နှင့်တကွ ဆက်သွယ်ရန် အသိပေးကြေညာထားကြောင်း အဆိုပါအသင်းချုပ်ထံမှသိရသည်။
လာရောက်စာရင်းပေးသွင်းသည့် တိုင်းရင်းသားဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် ရန်ကုန်မှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်းဝင်ကုမ္ပဏီများအနေနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး။ ပြည်နယ် MCEA ရုံးများမှ တစ်ဆင့်ဆက်သွယ်ပေးပို့ လျှောက်ထားနိုင်မည်ဖြစ်သည်။
Ref : The Voice
Photo Credit : MCEF
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ