ရေမွှေ့းဖယောင်းတိုင် တစ်နည်းအားဖြင့် အမွှေးနံ့သာပေးစွမ်းနိုင်သော အိမ်ခန်းတွင်း အလှဆင်ဖယောင်းတိုင်များသည် လူတို့၏ မှတ်ဉာဏ်နှင့် စိတ်ခံစားမှှုကို လှုံ့ဆော်ပေးနိုင်သော  ဦးနှောက်၏အစိတ်အပိုင်းများကိုနိုးကြားစေသည်ဟုဆိုသည်။ လူတို့၏ စိတ်နေစိတ်ထား အာရုံခံစားမှုကို ထိန်းညှိပေးနိုင်သော ဟော်မုန်းအချို့ကိုလည်း ထုတ်ပေးနိုသေးသည်။ ထို့ကြောင့်လည်း ပတ်ဝန်းကျင်ရှိ ရနံ့များ၊ အထိအတွေ့များသည် လူတို့၏ အမှတ်တရ မှတ်ဉာဏ်အချို့ နှင့် စိတ်ခံစားမှုကြား ဆက်စပ်လို့နေသည်ကို အံ့သြဖွယ်တွေ့နိုင်ပေသည်။


ယနေ့ခေတ်တွင် ဖယောင်းတိုင်များသည် လူနေမှုပတ်ဝန်းကျင်အတွက် အဓိက အလင်းအရင်းအမြစ်မဟုတ်တော့သော်လည်း အခန်းတွင်းအလှဆင်ရာတွင်ဖြစ်စေ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရန်သော်လည်းကောင်း ဇိမ်ခံ အသုံးအဆောင်တစ်ခုဖြင့်ပင်အစားထိုး တွေ့နိုင်ပေမည်။


မစူးရှမပြင်းထန်လွန်းသော ဖယောင်းတိုင်ရဲ့အလင်းရောင်ထွန်းခြင်းဖြင့် အကျိုးကျေးဇူးများစွာရှိပါသည်။အထူးသဖြင့် ရနံ့ပါသော အမွှေးဖယောင်းတိုင်များသည် အနာကိုသက်သာစေနိင်ခြင်း၊ အကိုက်အခဲဝေဒနာပျောက်ကင်းစေခြင်း စသော အကျိုးကျေးဇူးများ ရှိသည်ဟု လက်ခံယုံကြည်ကြပြီး အနှိပ်ကုထုံးများတွင်  အခန်းတွင်း ဖယောင်းတိုင်များထွန်းညှိ ထားသည်ကို တွေ့နိုင်ပေသည်။





ထို့ပြင် စိတ်ဖိစီးမှုများသော တနေ့တာတွင် ဖယောင်းတိုင်ထွန်းညှိပြီး ထိုမီးလျှံကို မိနစ် အနည်းငယ်မျှ  အသက်မှန်မှန်ရှူကာ ကြည့်ခြင်းဖြင့် စိတ်ဖိစီးမှုကို ဖြေလျော့ပေးနိုင်သည်ဟုပင် သုတေသီများက ဆိုထားကြသည်။


အမွှေးအကြိုင်ရနံ့များပေါ်မူတည်၍ အကျိုးအာနိသင်လည်း မတူ ကွဲပြားပေမည်။ ရနံ့ကုထုံးဆိုင်ရာ ဖယောင်းတိုင်များကို သင်အိပ်စက်အနားယူမည့်အခန်းတွင်း ထွန်းထားခြင်းဖြင့် အာရုံစူးစိုက်မှှုအားကောင်းစေပြီး ဦးနှောက်၏ လုပ်ဆောင်မှုကိုလည်း အထောက်အကူပြုပေးနိုင်ပါသည်။


Lavender ရနံ့သင်းသော အမွှေးဖယောင်းတိုင်များသည် သင်၏ စိတ်ကိုသက်သာစေပြီး စိတ်ဖိစီးမှုများကို တွန်းထုတ်ဖယ်ရှားပေးနိုင်သည်။ယူကလစ်ပင်အဆီမှထွက်ထွက်သော  ဖယောင်းတိုင်များထွန်းခြင်းဖြင့် ခွန်အားပြည့်စေပြီး အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေနိုင်ပေမည်။





စိတ်ဓာတ်အလိုလိုကျနေသော သူဖြစ်ပါက သံပုရာရနံ့သင်းဖယောင်းတိုင်များ အခန်းတွင်း ထွန်းညှိပေးခြင်းဖြင့် စိတ်ခွန်အားတက်ကြွစေပြီး စိတ်သက်သာရာရစေပါသည်။    


ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အခန်းတွင်းလေထုညစ်ညမ်းမှုအန္တရာယ်နဲ့ အထိရောက်ဆုံးကာကွယ်နည်း


နိမိတ်ကောင်းများ ရောင်ပြန်ဟပ်စေမည့် အိမ်ခန်း မှန် ချိတ်ဆွဲနည်း


သင့်ရဲ့ အိပ်ယာမျက်နှာမူပုံနဲ့ ကျန်းမာရေးဆက်စပ်နေပုံ


သင့်မျက်လုံးနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အိမ်သုံးပစ္စည်းများနဲ့ ဘေးထွက်ဆိုးကျိုးများ


Posted By : Sint Sint (ShweProperty.com)