By pyimyanmar, Shweproperty.com
Updated at 17 July 2014
ခြောက်လအတွင်း ဈေးကွက်အတွင်း၌ ပါမစ်မြေအရောင်းအဝယ်ကောင်းလာခြင်းကြောင့် ပါမစ်မြေဈေးနှုနးများမှာလည်း မြင့်တက်လာသည်ဟု ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရှိရသည်။
အရောင်းအဝယ်သွက်နေသည့် နေရာများမှာရွှေပြည်သာ၊ ဒဂုံတောင်၊ ဒဂုံအရှေ့၊ မြောက်ဒဂုံနှင့် လှိုင်သာယာ မြို့နယ်မှ ပါမစ်မြေကွက်များဖြစ်ပြီး ကျပ်သိန်းရာကျော်မှ သိန်းထောင်ဂဏန်းအထိဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်သည်ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦး ကဆိုသည်။
'' မြေမှာ အမျိုးအစား၊ အတန်းအစားအများကြီးရှိတယ်၊ တန်ဖိုးအရှိဆုံးမြေက ဘိုးဘွားပိုင်မြေ မြို့စတင်တည်ထောင်ကတည်းက ဦးချလာတဲ့မြေ အဲဒီမြေတွေကတော့ တန်ဖိုးရှိတယ် နှစ်၉၀၊ ၆၀၊ ၃၀ ဂရမ်မြေပြောရရင် ဘုရင့်နောင်ဈေးကွက်ဆိုရင် ၂၅နှစ် ဂရမ်နဲ့ ရှိတယ်ရှားတယ်။ ပြည်သူပိုင်သိမ်းနိုင်တဲ့မြေတွေမဟုတ်ဘူး ဘာကြောင့်လည်းဆိုတော့ ဂရမ်ပေါက်ထားလို့ '' ဟု ဦးသန်းဦးက ပြောသည်။
ပါမစ်မြေများမှာ အတန်းအစားမဝင်ခြင်းကြောင့် အရောင်းအဝယ်ဖြစ်နေခြင်းဖြစ်ကြောင်း၊ ဂရမ်မြေမှာ အမည်ပေါက်ပြီး မြေဖြစ်ခြင်းကြောင့် ရောင်းချမည်ဆိုက အဆင်သင့်ပြုလုပ်ရမည်ဖြစ်သည့်အတွက် ပါမစ်မြေကိုသာ ဦးစားပေးဝယ်နေကြသည်ဟု သိရသည်။ '' ပါမစ်မြေက ဘာတစ်ခုမှမလိုဘူး မှတ်ပုံတင်စရာမလိုဘူး၊ ရော့ပါမစ်ပေး ပိုက်ဆံပေးဘဲ၊ အိုးအိမ်က အသိအမှတ်ပြုထားတော့ ဈေးကွက်မှာ အတန်းဝင်နေတာပေါ့ ပါမစ်မြေတွေမှာ လူနေတာနည်းတယ် အိမ်ရာဖော်ဆောင်လိုက်မှအနီးမှာရှိတဲ့ပါမစ်မြေတွေက ဈေးတွေထိုးတက်လာပြီး ချောင်ကျတဲ့နေရာက မြေကွက်ကျတော့ ဈေးကမရှိပြန်ဘူး '' ဟုအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
အဆိုပါ ပါမစ်မြေများကို နိုင်ငံတော်အစိုးရက၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာတို့ တွင် ပေ၄၀ x ၆၀ မြေကွက်ပါမစ်များ ချထားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမြေများကို သတ်မှတ်ချက် ကာလအတွင်း ဂရမ်လျောက်ထားခြင်းမရှိခဲ့၍ ယခုအချိန်အထိ ပါမစ်မြေများ အဖြစ်ကျန်ရှိနေခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။ '' ပါမစ်မြေတွေက ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံအရှေ့ ပိုင်းမှာ နည်းနည်းရှိသေးတယ်၊ လှိုင်သာယာဘက်မှာဆိုအများကြီး ကျန်နေသေးတယ် ရပ်ကွက်တစ်ခုမှာ မြေကွက်ပေါင်းထောင်နဲ့ သောင်းနဲ့ ချီပြီး ချပေးထားတာရှိတယ်၊ ဖွံဖြိုးတော့မယ်ဆိုရင် ဝယ်ယူတဲ့သူတွေကလည်း အတင်းလိုက်ဝယ်တယ်ရောင်းတဲ့သူတွေကျတော့လည်း ယခင်ရှိရင်းစွဲ ဈေးထက်တိုးမြှင့်ပြီး ရောင်းချတယ် ပါမစ်မြေက အခက်အခဲမရှိတော့ အလွယ်တကူပဲ ဝယ်ယူနေကြတာဖြစ်တယ် '' ဟု ဦးသန်းဦးကပြောသည်။
Ref: Pyi Myanmar
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ