By မော်ကျွန်းသူ, Shweproperty.com
Updated at 15 February 2012
ဘားအံစက်မှုဇုန်ဖော်ထုတ်လိုက်သည့် အတွက်ကြောင့် ဘားအံမြို့ရှိ အိမ်ခြံမြေဈေး ကွက်အား အနယ်နယ်အရပ်ရပ်မှ စိတ်ဝင် စားသူများပြားလာပြီး ဘားအံမြို့အထိဆင်း ကာ ဝယ်ယူလာကြကြောင်း ဒေသခံများထံ မှ သိရသည်။
လက်ရှိ ဘားအံမြို့သို့ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်မြို့များမှ လာရောက်ဝယ်ယူလို သူများရှိသော်လည်း ဒေသခံများက ပြန် ရောင်းချမှုအစီအစဉ်များမရှိကြောင်းဒေသခံအခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တစ်ဦး ဖြစ်သူ ဦးတင်ရွှေက မြန်မာပို့စ်ဂျာနယ်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
''အခုနယ်မြို့တွေကဆင်းလာပါတယ်။ နိုင်ငံခြားသားလာတာကတော့ မတွေ့မိသေး ဘူး''ဟု ဆိုသည်။ ယခုလက်ရှိ ဘားအံမြို့၏ မြေဈေးများမှာ ရပ်ကွက်အလိုက်၊ မြေအနေ ထားအလိုက်ကွာဟမှုရှိကြောင်း သိရသည်။
''ပေ ၄ဝxပေ ၆ဝ၊ ပေ ၆ဝ ပတ်လည်၊ ပေ ၆ဝxပေ ၈ဝ၊ ပေ ၁ဝဝ ပတ်လည် အမျိုးမျိုးရှိကြတယ်။ အရင်ထက်စာရင်မြေဈေးကအခုတက်လာတဲ့အနေအထားမှာ ရှိတယ်။ အရင်က ကျပ်သိန်း ၁ဝဝ တန်တဲ့ မြေကွက်ဆိုရင် အခုကျပ် ၁၂၅ သိန်းဝန်း ကျင်အထိဖြစ်သွားပြီ။ ဈေးတက်တဲ့သဘော ပေါ့''ဟု ယင်းကရှင်းပြသည်။
ဘားအံမြို့ပေါ်ရှိ မြေကွက်ဈေးနှုန်းများ သည် မြို့နှင့်ဝေးသော ရပ်ကွက်များထက် ဈေးနှုန်းမြင့်ကြောင်း၊ ကမ်းနားဘက်ခြမ်း ထက်ဈေးမြင့်ကြောင်း သိရသည်။ ''မြို့ပေါ်ကတော့ ဈေးမြင့်တယ်၊ ပေ ၂ဝ ပေ ၆ဝ ကို ကျပ်သိန်း ၂ဝဝ၊ ၃ဝဝ ရှိတယ်။
အဓိကကတော့ လမ်းမကြီးနဲ့နီးတယ်ဆိုရင် ဈေးရှိတယ်။ အဓိက ၁ လမ်း၊ ၂ လမ်း၊ ၃ လမ်းက ဈေးကောင်းတယ်''ဟု ဒေသခံ တစ်ဦးကပြောသည်။ ယခုလက်ရှိတွင် ဘားအံမြို့၌ အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူ နှစ်ဦးသာရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် တစ်ဦးဖြစ်သူဦးတင်ရွှေကပြောသည်။
''ဘားအံဈေးကြီးတွင်းမှာ တစ်ဦးရှိ တယ်။အန်ကယ်နဲ့ဆိုရင် နှစ်ဦးပဲရှိတယ်''ဟု ဆိုသည်။ နယ်မြို့များမှဆင်းလာသောလုပ်ငန်းရှင်များသည် ဘားအံစက်မှုဇုန်ရှိမြေ ကွက်များအား စိတ်ဝင်စားမှုရှိကြောင်း၊တောင် ကလေးဆရာတော်ချပေးထားသော မြေကွက်များကိုမူ စိတ်ဝင်စားမှုမရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြော သည်။
''စက်မှုဇုန်မြေက မရောင်းကြဘူး။ လုပ်ငန်းရှင်တွေက အဲဒီစက်မှုဇုန်ကို စိတ် ဝင်စားကြတယ်။ တောင်ကလေးဆရာတော် ချပေးတဲ့မြေကွက်ကို မကြိုက်ကြဘူး''ဟု ဦးတင်ရွှေ က ရှင်းပြသည်။ အဆိုပါတောင်ကလေးဆရာတော် ချပေးသော မြေကွက်များသည် မြေအနေ အထားညီညာပြန့်ပြူးကြောင်း၊ ၎င်းမြေကွက် တွင် စပါးစိုက်ပျိုးရန်မဖြစ်နိုင်ကြောင်း ဒေသ ခံများထံမှ သိရသည်။
''အဲဒီမြေကွက်တွေက ပေ ၄ဝ၊ ပေ ၆ဝ ကို ကျပ်သိန်း ၂ဝ၊ ၁၅ သိန်းဝန်းကျင်ပေါက် ဈေးရှိတယ်။ ဝယ်မယ့်သူမရှိဘူး''ဟု မြို့ပေါ် ၅ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆို သည်။
Source : Myanmar Post
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ