By BuildersGuide, Shweproperty.com
Updated at 26 July 2018
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEA) နှင့် ဂျပန်နိုင်ငံအစိုးရတို့ပူးပေါင်းဆောင်ရွက်နေသည့် တန်ဖိုးသင့် အိမ်ရာစီမံကိန်း Pilot Project သည် လာမည့်နိုဝင်ဘာလတွင်ပြီးစီးမည်ဖြစ်ပြီး သက်ဆိုင်ရာသို့ အပ်နှံသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ စီမံကိန်းအတွက် ဂျပန်-မြန်မာ သဘောတူစာချုပ်အား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၄ရက်က လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခန်းအမျိုးအစား နှစ်မျိုးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဂျပန်နှင့် Pilot Project တန်ဖိုးသင့် အိမ်ရာ စီမံကိန်းသည် မင်္ဂလာဒုံ မြို့နယ် နွယ်ခွေတွင်ဆောက်နေသည်။အမိုးမိုးသည့် အဆင့်ရောက်နေပြီ။ ၈ဝ%လောက်ပြီးစီးနေပြီ။နိုဝင်ဘာ ၂ရက်တွင် Sedona Hotel တွင် ထိုစီမံကိန်းနှင့် ပတ်သက်ပြီး ပြီးဆုံးကြောင်းနှင့် လွဲှအပ်မည့်ကိစ္စများလုပ်မည်ဖြစ်သည်။
ထိုပွဲတွင်လည်း ဂျပန်နိုင်ငံမှ ကုမ္ပဏီ ၅ဝ နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့ ကုမ္ပဏီ ၅ဝ တို့ပူးပေါင်းပြီး နှီးနှော ဖလှယ်ပွဲများလည်း လုပ်ရန်ရှိကြောင်း သိရသည်။
ထို Pilot Project တွင် ဂျပန်နိုင်ငံ ၏နည်းပညာနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများပြသမည့် ပြခန်းနှင့် အိမ်ရာများပါဝင်မည်ဖြစ်ပြီး စီမံကိန်းအတွက် မြေနေရာကို MCEA မှ တာဝန်ယူခြင်းဖြစ်ကာ ဆောက်လုပ်ရေး ကုန်ကျစရိတ်များနှင့်နည်းပညာပိုင်းအား ဂျပန် ဘက်မှ ကျခံသုံးစွဲခြင်းဖြစ်ကြောင်း စီမံကိန်းတည်ဆောက်အပြီး သုံးနှစ်အကြာတွင် အဆိုပါအိမ်ရာနှင့် ပြခန်းအားလုံးကို ဂျပန်ဘက်မှ MCEA ထံသို့အပြီး သတ်လွဲှပြောင်းသွားမည်ဖြစ်ကြောင်း ၊ယခုစီမံကိန်းကိုတည်ဆောက်ရခြင်းမှာ ဂျပန်နိုင်ငံမှ အဆင့်မြင့်ဆောက်လုပ်ရေးနည်းပညာများကို လေ့လာသင်ယူနိုင်ရန် ဖြစ်ကြောင်းသိရသည်။
Ref : BuildersGuide
Photo Credit : BuildersGuide
Posted By : Sint Sint ( ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ