By Myanmar Builders Guide, Shweproperty.com
Updated at 25 March 2019
မြေပြင်တွင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့် လုပ်ကိုင်ခွင့်ချထားပြီးသော မြေလွတ်၊ မြေရိုင်း ၁,၄၄၈,၆၇၆ ဧကကို ပြန်လည်သိမ်းယူပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍ စည်းကမ်းချက်သတ်မှတ်ကာလ လေးနှစ်ပြည့်မြောက်ပြီးချိန်အထိ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့် မြေဧကများကို ပြန်လည်သိမ်းယူခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
မတ်လတတိယအပတ်အတွင်းပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၁၈ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအစည်းအဝေးတွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသည့် မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ်ထုတ်ပေးနိုင်ရေး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေ (မူကြမ်း) အပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနက အကြံပြုချက်များ ပေးပို့လာမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
ထို့ပြင် လက်ရှိအစိုးရကာလတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာမှု၊ ဗဟိုကော်မတီကခွင့်ပြုထားသည့် မြေလွတ်၊ မြေရိုင်းများကို ပြန်လည်အပ်နှံခွင့်ပြုရန် လျှောက်ထားမှုကိစ္စများကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ