By Sint Sint, Shweproperty.com
Updated at 20 June 2021
လူတိုင်းနီးပါး အပင်၊ ပန်းပင်၊ သစ်ပင်တွေကိုချစ်တက်ကြမှာပါ။ ရောင်စုံပန်းတွေ၊ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေကို မြင်လိုက်တိုင်း ရင်ထဲတော့ အေးမြသွားတာပါပဲ။ လက်ရှိမှာတော့ ကမ္ဘာြီး နာဖျားလာသလို သက်ရှိတိုင်းကလည်း အပင်တွေနဲ့မိတ်ဖက်ဆိုတော့ အပြန်အလှန် တန်ဖိုးထားဖို့လည်း လိုအပ်နေပါပြီ။ တကယ်တော့ အပင်တွေနဲ့လူသားတွေက ကမ္ဘာဦးကတည်းက ချစ်ခြင်း သက်သေတည်ပြီးသားပါ။ ယနေ့ခေတ်ရဲ့ ရာသီဥတုပြောင်းလဲမှုတွေ လူနေမှုပုံစံပြောင်းလဲလာတဲ့နောက်ပိုင်းမှာတော့ ချစ်ခြင်းတွေသက်သေတည်ဖို့ အပင်လေးတွေအနားမှာရှိနေဖို့ လိုနေပါပြီ။
အစာလည်းဆေး ဆေးလည်း အစာဆိုသလို အပင်လေးတွေ စိုက်ခြင်းကလည်း မိမိရဲ့ ကျန်းမာကောင်းကျိုးကို များစွာ အထောက်အပံ့ပေးနိုင်ပါတယ်။ အဲတော့ ရောဂါဆန်းဆန်းတွေကြားက အသက်ရှည်ချင်ရင် အပင်စိုက်ပါလို့ ပြောချင်တာပေါ့။ တကယ်တော့ ဖော်မလင်၊ ကာဗွန်မိုနောက်ဆိုက်၊ အမိုးနီးယားဓာတ်ငွေ့တွေဟာ အိမ်မှာ ရှိတက်တဲ့ အန္တရာယ်ဖြစ်စေသော အဆိပ်အတောက်တွေပါပဲ။ အိမ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီပေးနိုင်တဲ့ အရာတွေရှိပါတယ်။ အိမ်ထဲမှာ စိုက်ထားလို့ရတဲ့အပင်တွေက အိမ်တွင်းက လေထုညစ်ညမ်းမှုတွေနဲ့ ဓာတုပ္စည်းတွေကို (၉၀) ရာခိုင်နှုန်းလောက် စုပ်ယူပစ်နိုင်ပါတယ်။
အိမ်ထဲမှာ စိုက်လို့ရတဲ့ အပင်လေးတွေက အိမ်ကို အလှဆင်ပေးသလို ကျန်းမာရေးအတွက်လည်း ထိရောက်မှုရှိပါတယ်။ အိမ်အတွင်းထဲမှာ ဘယ်လိုပန်းပင်တွေကို စိုက်ရမလဲ။ ဘာအပင်တွေစိုက်ချင်လဲ။အလှအပထက်ကျန်းမာရေးညီညွတ်စေမယ့် အပင်တွေကိုတော့ မမေ့ပါနဲ့။ ဘယ်လိုအပင်လေးတွေ စိုက်ကြမလဲ။ လေ့လာကြည့်ကြပါစို့။စံပယ်ပင်လေးကတော့ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်မတည်မငြိမ်ဖြစ်တာကို ကုသပေး သလို အိပ်စက်ချိန်ကိုလည်း ကောင်းမွန်လာစေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိရောက်မှုရှိစေပါတယ်။
ရှင်သီဝလိဂမုန်းပင်က နွေရာသီမှာဆိုရင် အဖြူရောင်ပန်းပွင့်လေးတွေပွင့်တဲ့အတွက် အိမ်မှာစိုက်ထားလို့ ကောင်းတဲ့အပင်ပါပဲ။ ရှင်သီဝလီဂမုန်းရဲ့ကောင်းကျိုးက ဒီတစ်ခုတည်းမဟုတ်ပါဘူး။ ဒီအပင်က လေထုညစ်ညမ်းမှုကိုဖယ်ရှားတာ၊ အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်တွေကို စုပ်ယူပေးတာတွေလုပ်ဆောင်ပြီး အိမ်တွင်းလေသန့်စက်အဖြစ် စွမ်းဆောင်နိုင်ပါတယ်။ ဝတ်မှုန်တွေကို ထုတ်လွှတ်ပေးပြီး ပန်းရနံ့လေးသင်းနေမှာပါ။ (ဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့သူတွေကတော့ သတိထားချပ်ရပါမယ်) နဂါးစက်ပင်က အိမ်ထဲမှာ စိုက်ထားသင့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒီအပင်ကို လေသန့်ပင်လို့လည်း ခေါ်ကြပါတယ်။
အိမ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အခိုးအငွေ့တွေကို နဂါးစက်ပင်က ဖယ်ရှားပေးနိုင်ပါတယ်။ လေကို ကောင်းကောင်းသန့်စင်စေချင်ရင်တော့ တစ်ပင်ထက်ပိုပြီး စိုက်ပေးသင့်ပါတယ်။ နဂါးစက်ပင်က နေရောင်ခြည်တိုက်ရိုက်ထိတာကို မကြိုက်နှစ်သက်ပါဘူး။ဒီအပင်က ၉၀ ရာခိုင်နှုန်းလောက် လေသန့်စင်ပေးပြီး ပန်းနာရင်ကျပ်ရှိသူတွေကို ညဘက်ကောင်းကောင်း အိပ်စက်နိုင်အောင်၊ အသက်ရှုလို့ရအောင် ကူညီပေးနိုင်ပါတယ်။
ဒီနွယ်ပင်က အဆိပ်သင့်စေနိုင်တဲ့အတွက် တိရစ္ဆာန်တွေနဲ့ ကလေးငယ်လေးတွေမစားမိအောင် ဂရုစိုက်သင့်ပါတယ်။ ရာဘာအပင်တွေကို ဂရုစိုက်ပေးရတာ အရမ်းမခက်ခဲပေမယ့်လည်း အပင်ကြီးတွေဖြစ်လာတတ်ပါတယ်။သူကတော့ အရွယ်အစား ပိုမိုကြီးလာနိုင်တာကို သိထားသင့်ပါတယ်။ ရာဘာအရွက်ကြီးတွေက လေထဲက မကောင်းတဲ့အရာတွေကို စုပ်ယူပေးပါတယ်။ ရာဘာအရွက်တွေက ဖုန်မှုန့်တွေကို ဖယ်ရှားပေးဖို့တော့ မမေ့သင့်ပါဘူးနော်။
နောက်တစ်ခု သိထားသင့်တာတော့ ဆေးဖက်ဝင်အပင်များနှင့် ၎င်းတို့၏ဘေးထွက်ဆိုးကျိုးများအကြောင်းပါ။ ဆက်လက်လေ့လာကြည့်ပါဦး။နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဟု ဆိုသော်လည်း လောကနိယာမ သဘောအရ အကောင်းနဲ့အဆိုးကတော့ အမြဲဒွန်တွဲလျက် ရှိနေကြစမြဲပါ။ တချို့သစ်ပင်တွေမှာ လူသားတို့၏ ကျန်းမာရေးအတွက် အားသာချက်တွေ တော်တော်များများ ရှိကြပါတယ်။ သို့သော် လူတစ်ဦးနဲ့တစ်ဦး ကြံ့ခိုင်မှုစွမ်းရည်ချင်း မတူညီကြတာကြောင့် ၎င်းအပင်တွေရဲ့ ဆေးဝါးများဟာ ကိုယ်ထဲကိုရောက်ရှိလာတဲ့အခါ ခန္ဓာကိုယ်တွင်း သွေးသားစနစ်နဲ့ အပြောင်းအလဲကိုဖြစ်စေတတ်တာကြောင့် သတိပြုသုံးစွဲတတ်ဖို့ လိုပါတယ်။
ရှားစောင်းလက်ပပ်ပင်၏ ဂျယ်လီ (အနှစ်) ထဲတွင် ပါဝင်သော အောက်ဆီဂျင်ဓာတ်တစ်မျိုးက အရေပြားပေါ်ရှိ ဆဲလ်များကို အလိုလိပြုပြင်ပေးနိုင်စွမ်းရှိတာကြောင့် မီးလောင်နာ၊ အရေကြည်ဖုနာ၊ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။ သို့သော်ခွဲစိတ်အနာ ချုပ်ရိုးများကိုတော့ အနာကောင်းစွာမကျက်သေးခင်မှာ မလိမ်းသင့်ပါဘူး။ အနာကျက်နှေးသွားစေပါတယ်။
အပင်၏ Enzymes များထဲတွင် ဝမ်းသက်စေသော အစွမ်းသတ္တိပါရှိခြင်းကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွားစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါဘူး။ သို့သော် အပင်ကိုအခြောက် ထား၍ ဝမ်းပျော့ဆေးအဖြစ် အမြဲစားသုံးလျှင်တော့ အကျင့်ပါသွားတတ်ပါတယ်။စမုံမျိုးက နှလုံးကိုငြိမ်းအေးစေပြီး အော့အန်ခြင်းကို ပျောက်ကင်းစေတဲ့အပြင် အစာကိုကြေညှက်စေပါတယ်။ စမုန်နက်က အအေးမိခြင်း၊ ဝမ်းသွားခြင်း၊ ရေငတ်ခြင်း၊ ဝမ်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။ သို့သော်ဆရာဝန်၏ ကြီးကြပ်လမ်းညွှန်ချက်မပါဘဲ ၎င်းတို့ကို ရက်သတ္တ ၆ ပတ်ထက်ပို၍ မစားသင့်ပါဘူး။
ကြက်သွန်ဖြူဟာ ဟင်းလျာအစားအစာများအတွက် အဓိကကျသော ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ သွေးကျွဲစေတာကြောင့် သွေးမခဲဆေးစားနေရသူ များဟာ ခွဲစိပ်ကုသမှုမပြုမီ ကြက်သွန်ဖြူကို မစားသင့်ပါဘူး။ Hypoglyeeamic (ခေါ်) သွေးထဲမှာ ဂလူးကို့စ်နည်း၍ ဆေးစားနေရသူများဟာ ကြက်သွန်ဖြူကို လုံးဝမစားသင့်ပါဘူး။
ငရုတ်ကောင်းက ပန်းနာ၊ သလိပ်၊ လေထိုးလေအောင့်တို့ကို ချေဖျက်ပေးနိုင်သလို သည်းခြေရောဂါ၊ဝမ်းကိုက်ခြင်း၊ ချွေးမထွက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွေးဆုတ် သွေးပုပ်အတွင်းပူသော အနာတို့ကိုလည်း သက်သာဖြေလျော့ပေးနိုင်ပါတယ်။ ငရုတ်ကောင်းကို နေ့စဉ် ၃၀၀ မီလီဂရမ်ထက်ပို၍ မစားသင့်ပေ။အရက်သေစာနှင့်တွဲ၍ မမှီဝဲပါနှင့်။ အသည်းရောဂါသမားများဟာ ငရုတ်ကောင်းစားခြင်းမှ ရှောင်သင့်ပါတယ်။ ငရုတ်ကောင်းဟာ ကြွက်သားတွေကို ပျော့ပျောင်းနိုင်စွမ်း ရှိတာကြောင့် ယာဉ်မောင်းသူများနှင့် စက်ကိရိယာကိုင်တွယ်ရသူများဟာလည်း ငရုတ်ကောင်း မစားသင့်ပါဘူး။
နွယ်ချိုက အသံကိုကြည်လင်စေပြီး ချောင်းဆိုးနဲ့သလိပ်နာရောဂါကို ပျောက်စေပါတယ်။ လေနာရောဂါကိုနိုင်ပါတယ်။ လူကိုဆူဖြိုးစေပြီး အားဖြစ်စေပါတယ်။ နွယ်ချိုကို ရက်သတ္တ ၄-၆ ပတ် ထက်ပို၍စွဲမစားသင့်ပါဘူး။ ပို၍စားမိပါက ခန္ဓာကိုယ်ထဲမှာ ရေအောင်းနိုင်ပါတယ်။ ဆီးချို၊ သွေး တိုး၊ နှလုံး၊အသည်းနဲ့ ကျောက်ကပ်ရောဂါရှိသူများ အထူးရှောင်ရှားသင့်ပါတယ်။ နွယ်ချိုဟာ ခန္ဓာ ကိုယ်တွင်းပိုတက်စီယမ်ဓာတ်ကို လျော့နည်းစေတာကြောင့် ပိုတက်စီယမ်အားနည်းသူများ မစားသင့်ပါဘူး။
တရုတ်နံနံပင်ထဲမှာ ဘေးဥပဒ်ဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိဘဲ ကောင်းကျိုးပြုသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင်သတ္တုဓာတ်များနဲ့ ချေဖျက်လွယ်သောအမျှင်ဓာတ်တို့ ကြွယ်ဝစွာပါရှိတဲ့အပြင် ကင်ဆာကိုတိုက်ဖျက်နိုင်သော accetylenics, phenolic acids နှင့် coumarins ဓာတ်ပေါင်းစုများ ပါဝင်နေတာကြောင့် ကင်ဆာအဖုအကျိတ်များ ကြီးထွားပျံ့နှံ့ခြင်းမှ ကာကွယ်ပေးပြီး အံ့သြဖွယ်ကောင်းစွာ အနာများကိုလည်း ကျက်စေပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ အစာအိမ် ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် အမျိုးသားများဆီးကျိတ်ကင်ဆာတို့ကို ဟန့်တားပေးနိုင်ပါတယ်။
သို့သော်တရုတ်နံနံပင်က ဆေးအဖြစ်မှီဝဲရင် ဆီးများများသွားစေတာကြောင့် ကျောက်ကပ်ရောဂါသည်များနဲ့ သည်းခြေအိတ်ဝေဒနာသည်များအတွက် အထူးရှောင်ရှားသင့်ပါတယ်။ပင်စိမ်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်ပေါင်းစုတစ်မျိုးက ဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက် ကောင်းမွန်စေသည့်အပြင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကို ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။ ဒါ့ပြင် ပင်စိမ်းရွက်ဟာ ကလေးငယ်များရဲ့ ဉာဏ်ရည် စွမ်းအားကို တိုးတက်မြင့်မားစေနိုင်လို့ အရွယ်သုံးပါးမရွေး စားသုံးသင့်ပါတယ်။ သွေးထဲမှာ ဂလူးကို့စ် နည်းနေသူများ၊ အတက်ရောဂါရှိသူများနဲ့ ဝက်ရူးပြန်ရောဂါရှိသူများကတော့ ပင်စိမ်းကိုမစားသင့်ပါဘူး။
ချင်းဟာ အစာကြေညက်လွယ်ခြင်း၊ ဆီးနဲ့ဝမ်းကိုရွှင်စေခြင်း၊ ခံတွင်းမြိန်ခြင်း၊ သုက်ကိုပွားစေခြင်း၊အဆိပ်အတောက်ကို ပြေပျောက်စေခြင်း၊ ချောင်းဆိုးပန်းနာကို ပျောက်စေခြင်း၊ ရောင်ရမ်းနာများကို ပျောက်ကင်းခြင်း၊ အသံကြည်လင်ခြင်း၊ လေနာရောဂါကိုနိုင်ခြင်းစတဲ့ ကျန်းမာရေးအာနိသင်တွေ ပေးစွမ်းနိုင်ပါတယ်။ ချင်းဟာသည်းခြေရည်ကို ပိုထွက်စေတာကြောင့် သည်းခြေဖြစ်စေ ဆေးအဖြစ်မှီဝဲလိုရင် ကျွမ်းကျင်သူ ဆရာဝန်တို့၏ လမ်းညွှန်မှုဖြင့်သာ သုံးစွဲသင့်ပါတယ်။ယနေ့ခေတ် အိမ်တွင်းမှာ အပင်စိုက်တာ ခေတ်စားလာကြပါတယ်။တချို့ကလည်း အပင်တွေက ညဘက်ဆို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်တယ်လို့ သိထားတာဆိုတော့ လူအတွက် အန္တရာယ်မရှိဘူးလားဆိုပြီး စိုးရိမ်ကြတာမျိုး ရှိပါတယ်။ အဲဒါကြောင့် အိမ်တွင်းအပင်စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေရှိနေတာကို သိစေချင်ပါတယ်။
ဓာတ်မတည့်ခြင်းတွေကို သက်သာစေပါတယ်။အိမ်ထဲမှာ အပင်လေးတွေ စိုက်ပျိုးထားခြင်းက ဖုန်နဲ့ မှိုတက်တာတွေကို လျော့နည်းစေတယ်လို့ သုတေသနတွေက ဆိုပါသေးတယ်။ အပင်တွေနဲ့ အရွက်တွေက ဓာတ်မတည့်မှုတွေ ဖြစ်စေတဲ့ အမှုန်တွေ၊ ပန်းဝတ်မှုန်တွေနဲ့ အသက်ရှူ လမ်းကြောင်းထဲ ဝင်နိုင်တဲ့ အမှုန်တွေကို တားဆီးပေးတာကြောင့် ဓာတ်မတည့်မှုတွေလည်း လျော့နည်းသွားစေမှာပါ။ အသက်ရှူ ဝစေပါတယ်။
အပင်တွေက ကာဘွန်ဒိုင်အောက်ဆိုက်ကို ရှူပြီး အောက်ဆီဂျင်ကို ထုတ်ပေးပါတယ်။ အောက်ဆီဂျင်ကို ရှူပြီး ကာဘွန်ဒိုင်အောက်ဆိုက်ကို ထုတ်ပေးတာဆိုတော့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့နော်။အိမ်တွင်းက အောက်ဆီဂျင်ပမာဏကို အပင်တွေက ပိုတိုးစေတာဆိုတော့ အသက်ရှူဝတာလည်း သမာရိုးကျဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါပေမယ့်နေရောင်မရှိတော့တဲ့ ညအချိန်ရောက်ရင် အပင်တွေဟာ အောက်ဆီဂျင်ကို စုပ်ယူပြီး ကာဘွန်ဒိုင်အောက်ဆိုက်ကို ပြန်ထုတ်ပါတယ်။ တချို့အပင်တွေဖြစ်သော ဥပမာ သစ်ခွနဲ့ ကန္တာရဆူးပင် အနွယ်ဝင်တွေကတော့ ကာဘွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးပါတယ်။ သဘာဝရဲ့ ဆေးပင်တွေ ဖြစ်ပါတယ်။ လေထုကို သန့်စင်စေပါတယ်။
ကော်ဇောတွေ၊ ပန်းချီကားတွေ၊ ဖုန်စုပ်စက်တွေ၊ ပရင်တာက မင်တွေနဲ့ ဆေးတွေ အပါအဝင် အိမ်တွင်းက ပစ္စည်းတော်တော်များများဟာ လေထုညစ်ညမ်းစေတဲ့ ကွန်ပေါင်းတွေ ထုတ်ပေးလေ့ရှိပါတယ်။ လေထဲမှာ စုနေပြီး မျက်လုံးနဲ့ အရေပြားကို ထိခိုက်စေသလို ပန်းနာရင်ကျပ်ကိုလည်း ပိုဆိုးစေပါတယ်။ အသက်ရှူကျပ်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အိမ်တွင်းမှာ စိုက်ထားတဲ့ အပင်လေးတွေက အဲဒီ ဒြပ်ပေါင်းတွေကို စုပ်ယူပေးနိုင်ပြီး English Ivy, asparagus fern နဲ့ dragon tree တွေလို လေသန့်ပင် အမျိုးအစားတွေက လေထုကို သန့်စင်ပေးနိုင်ပါတယ်။ အလုပ်ကို ပိုပြီး အာရုံစိုက်မိစေပါတယ်။
အပင်တွေ ရှိတဲ့ နေရာတွေမှာ အလုပ်လုပ်ရတဲ့သူတွေ၊ စာလုပ်ရသူတွေဟာ ပိုထူးချွန် အောင်မြင်ကြတယ်လို့ သုတေသနတွေက ဆိုပါတယ်။ သဘာဝနဲ့ နီးစပ်ခြင်း၊ အပင်တွေနဲ့ ဝန်းရံထားခံရခြင်းတွေက အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို ပိုကောင်းမွန်စေပြီး အလုပ်ကို မြန်မြန်ဆန်ဆန် ကောင်းကောင်းမွန်မွန် ပြီးမြောက်စေပါတယ်။
အထက်ဖော်ပြပါအချက်တွေကတော့ အပင်တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို အများသိထား ကြားဘူးနားဝရှိထားတဲ့ အကြောင်းအရာတွေနဲ့ဆက်စပ်မှုရှိနိုင်မှာပါ။ အပင်တွေရဲ့စစ်တမ်းကို မကောက်ယူနိုင်သေးတာကြောင့် ကောင်းနိုးရာရာကောက်ချက်ချက်တွေက စာဖတ်သူတွေကို တစ်စုံတရာတော့ အကျိုးဖြစ်ထွန်းစေမှာပါ။ အသက်ရှည်ချင်ရင်တော့ အပင်လေးတွေကို ပိုပိုချစ်ပါ.။အချိန်နေရာ အားလပ်ချိန်တွေ အခွင့်သာတဲ့အခါ သတိရပေးလိုက်ပါ…..
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ဂမုန်းစိုက်ရင် လူခိုက်တက်လား
အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်းနှင့် ဖုန်းရွှေနည်းအရ နေအိမ်အလှဆင်ခြင်း
ရေခဲသေတ္တာအသုံးပြုလျှင် ရှောင်ရန်၊ ဆောင်ရန် နှင့်အန္တရာယ်မရှိအောင် ထိန်းသိမ်းနည်း
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ