By Ra Wai, Shweproperty.com
Updated at 14 June 2022
အပင်စိုက်ဖို့ဆိုရင် ယေဘယျအားဖြင့် မြေနေရာလည်း လိုသလို၊ စနစ်တကျ ရေလောင်း၊ ပေါင်းသင်တာတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုဆိုတော့ တိုက်ခန်းမှာ နေတဲ့သူတွေ၊ အလုပ်များတဲ့သူတွေအနေနဲ့ အပင်စိုက်ချင်ရင်တောင် အဲလိုပြဿနာလေးတွေကြောင့် မစိုက်ဖြစ်ကြပါဘူး။ ခုဖော်ပြပေးမှာကတော့ ရေနဲ့ဖန်ခွက်တစ်ခွက် ရှိရုံနဲ့ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ ပန်းပင်တွေ၊ စားပင်တွေပဲဖြစ်ပါတယ်။ (၁) မုန်ညင်းဖြူ – ဖန်ခွက်ထဲကို ရေထည့်လိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း မုန်ညင်းဖြူရဲ့ အောက်ခြေကို ထည့်ထားလိုက်ပါ။ အရွက်တွေ တ ဖြည်းဖြည်း ပြန်ထွက်လာတာကို တွေ့မြင်ရမှာပါ။ (၂) ကြက်သွန်နီ – ဖန်ခွက်ထဲကို ရေထည့်ပြီး ကြက်သွန်နီဥ (အနည်းဆုံး ၂လက်မ အမြင့် ရှိရပါမယ်) ကို ထည့်လိုက်ပါ။ ကြက်သွန်မြိတ်တွေ ထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ (၃) ပူစီနံ – ရေထည့်ထားတဲ့ ဖန်ခွက်ထဲကို ပူစီနံတွေ ထည့်ထားလိုက်ပါ။ အရွက်လေးတွေကို စားသုံးပြီးရင်တောင် ပြန်ပြန်ထွက်လာမှာဖြစ်ပါတယ်။ (၄) ကျူးလစ် – ကျူးလစ်ဥလေးကို ရေအနည်းငယ် ထည့်ထားတဲ့ ဖန်ခွက်ထဲမှာ ထားလိုက်ပါ။ ရက်တွေ ကြာလာတာနဲ့အမျှ အပင်လေးတွေပေါက်ပြီး ပန်းပါပွင့်လာမှာဖြစ်ပါတယ်။ (၅) ဗေဒါ – ဗေဒါဥလေးတွေကို ရေအ နည်းငယ် ထည့်ထားတဲ့ ဖန်ခွက်ထဲ ထည့်လိုက်ပါ။ ရက်အနည်းငယ်အတွင်းမှာပဲ အပင်ပေါက်ပြီး ပန်းလေးတွေ ပွင့်လာမှာဖြစ်ပါတယ်။ Credit By : Sarpaymyohtaw Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ