By 7daydaily, Shweproperty.com
Updated at 5 July 2016
မန္တလေးတိုင်းဒေသကြီး ပုဂံ(ညောင်ဦး)မြို့နယ် နတ်ကြို အိုင့်ရွာတွင် စွန့်ပစ်ပလတ်စတစ် ဘူးများကို အုတ်အစားထိုး၍ မူလတန်းလွန်ကျောင်း တစ်ကျောင်း တည်ဆောက်နေကြောင်း သတင်းရရှိသည်။
စွန့်ပစ်ပလတ်စတစ်ဘူးများ ကို အုတ်နေရာတွင် အစားထိုး ဆောက်လုပ်ခြင်းမှာ စွန့်ပစ်ပစ္စည်း များအား ပြန်လည်အသုံးချနိုင်ခြင်း ကို ဒေသခံများ သိရှိစေရန် ရည် ရွယ်သည်။
အမှိုက်ပုံမှ အမှိုက်များကို ကောက်ပြီး ရေသန့်ဘူးခွံဟောင်း များထဲထည့်၍ မာအောင်လုပ်ကာ ဘူးခွံဟောင်းများကို ဘေးနံရံတွင် စီတန်း၍ သံဆန်ခါဖြင့် ထပ်အုပ်ပြီးနောက် ဘိလပ်မြေဖြင့် အချောကိုင်ကြောင်း အဆိုပါ ကျောင်း၏ ကျောင်းအုပ်ကြီး ဦးသိန်းဝင်းက ပြောသည်။
‘‘စွန့်ပစ်ပစ္စည်းတွေကို Recicle အနေနဲ့ ပြန်လည်အသုံး ချတာပါ။ ဒေသခံတွေလည်း လုပ် လို့ရတယ်ဆိုတာ သိအောင်ပါ’’ ဟု ၎င်းကဆိုသည်။
ယခုနှစ် ဇူလိုင် ၃ ရက်က ထို ကျောင်းအဆောက်အအုံဆောက် လုပ်ရာတွင် ပုဂံ(ညောင်ဦး)မှ ကျောင်းသူ၊ ကျောင်းသား ၂၀ ကျော်က လုပ်အားပေးခဲ့ကြသည်။
ပုဂံ(ညောင်ဦး)မြို့နယ် နတ် ကြိုအိုင့်ရွာတွင် စွန့်ပစ်ပလတ်စ တစ်ဘူးများကို အုတ်အစားထိုး၍ ဆောက်လုပ်ထားသော ကျပ်သိန်း ၈၀ တန် စာကြည့်တိုက်လည်း မကြာမီက ပြီးစီးသွားပြီး ယခုမူလ တန်းလွန်ကျောင်းတစ်ကျောင်းကို ထပ်မံ ဆောက်လုပ်နေခြင်းဖြစ် သည်။
နတ်ကြိုအိုင့်ရွာတွင် အိမ်ခြေ ၁၈၀ ခန့်ရှိပြီး လူဦးရေ ၈၀၀ ကျော် နေထိုင်ကြသည်။ ထိုမူလတန်း လွန်ကျောင်းပြီးစီးပါက မူကြိုမှစ၍ဆဋ္ဌမတန်းထိ တက်ရောက်နိုင် မည်ဖြစ်သည်။ ထိုစီမံကိန်းကို ပြင်သစ်နိုင်ငံအဖွဲ့တစ်ဖွဲ့က အကူအ ညီပေးခြင်း ဖြစ်သည်။
ယခုကဲ့သို့ဆောက်လုပ်ခြင်း မှ ဒေသခံများကို စွန့်ပစ်အမှိုက်များ ကို ပြန်လည် အသုံးချလိုစိတ်မြင့် မားအောင် ပြုလုပ်ခြင်းလည်းဖြစ် ကြောင်း ကျောင်းအုပ်ကြီးဦးသိန်း ဝင်းက ပြောသည်။
Posted By : Wai Phyoe
Ref & Photo Credit : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ