လူတိုင်းလူတိုင်းရဲ့စိတ်ကူးထဲမှာ အပန်းဖြေအနားယူဖို့ပဲဖြစ်ဖြစ် မိသားစုနဲ့အတူတကွနေထိုင်ဖို့ပဲဖြစ်ဖြစ် စိတ်ကူးယဉ်အိမ်လေး တစ်လုံးတော့ ပိုင်ဆိုင်ကြပါတယ်။

လူတိုင်းလူတိုင်းရဲ့စိတ်ကူးထဲမှာ အပန်းဖြေအနားယူဖို့ပဲဖြစ်ဖြစ် မိသားစုနဲ့အတူတကွနေထိုင်ဖို့ပဲဖြစ်ဖြစ် စိတ်ကူးယဉ်အိမ်လေး တစ်လုံးတော့ ပိုင်ဆိုင်ကြပါတယ်။ ကိုယ့်ရဲ့နေအိမ်ကို ဘယ်လိုဆေးရောင်လေးတွေခြယ်မယ်၊ ဘယ်လိုပစ္စည်းမျိုးတွေနဲ့ အလှဆင်မယ် စသဖြင့်ပေါ့။ ဒါကြောင့်နေအိမ်ကိုဘယ်လိုပစ္စည်းတွေနဲ့အလှဆင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးတစ်ချက်ကတော့ ပြတင်းပေါက်မှာသုံးတဲ့ ခန်းဆီးလိုက်ကာလေးတွေပါပဲ။ အများစုက ခန်းဆီးလိုက်ကာအ တွက် အညစ်ပေခံအောင် အရောင်ရင့်ရင့်တွေရွေးချယ်ကြပါတယ်။ ကိုယ့်ရဲ့အခန်းအရောင်ကတောက်ပနေရင် ခန်းဆီလိုက်ကာအရောင်ရင့်သုံးတာကိစ္စမရှိပေမယ့် အခန်းကမှောင်နေရင်တော့ ခန်းဆီးလိုက်ကာကြောင့် ပိုမှောင် သွားနိုင်ပါတယ်။



လှပတဲ့အခန်းလေးဖြစ်ဖို့အတွက် အခန်းရဲ့ထောင့်တွေမှာဖယောင်းတိုင်လေးတွေထွန်းခြင်းက အခန်းကိုပိုမိုစွဲဆော  င်မှုရှိစေပါတယ်။ ဖယောင်းတိုင်ထွန်းခြင်းအားဖြင့် အခန်းကိုပိုမိုလှပစေတဲ့အပြင် စိတ်ကိုလည်းငြိမ်သက် အေးချမ်းမှုကိုပေးပါတယ်။

နောက်ထပ်တစ်ချက်ကတော့ အိမ်ခန်းကိုမှန်နဲ့အလှဆင်ဖို့ပါပဲ။ မှန်ကအလင်းပြန်နိုင်တဲ့အတွက် အခန်းရဲ့အလင်းကို ညီမျှအောင်ပြုလုပ်ပေးနိုင်ပါတယ်။

အိမ်ခန်းကိုအလှဆင်နေရုံနဲ့မပြီးသေးပါဘူး။ လေဝင်လေထွက် ကောင်းမွန်ဖို့လည်း အရေးကြီးလှပါတယ်။ သင့်တင့်မျှ တတဲ့အပူချိန်ရှိဖို့လိုအပ်သလို ပတ်ဝန်းကျင်ကလေတွေလတ်ဆတ်ဖို့အတွက် အခန်းရဲ့ထောင့်မှာပဲဖြစ်ဖြစ် ပန်းပင်လေးစိုက်ပြီးထားသင့်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးမျာ

တရုတ် FENG SHUI (ဖုန်းရွှေ) ပညာအရ သင့်အိမ်ရဲ့အရေးကြီးတဲ့ နေရာများ

ဘာတွေကများ အိမ်တွင်းလေထု ကို ညစ်ညမ်းစေတာလဲ

မီးဖိုချောင်သုံး ရေမြှုပ်ဖတ်နှင့် ကျန်းမာရေး

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

Credit By: SCG Building Materials
Posted By : Ra Wai (ShweProperty.com)