By Sint Sint, Shweproperty.com
Updated at 28 September 2020
ယခုဆိုရင် လယ်မြေတွေကိုလည်းအကွက်ရိုက်ပြီး တချို့ရောင်းချနေသည်ကိုတွေရှိရပါသည် ။ ဈေးအရမ်းပေါတယ်ဆိုပြီး မဝယ်ကြပါနဲ့ ။
၁။ ပုံစံ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှု အာမခံချက် လုံးဝ မဟုတ်ပါကြောင်း၊ တည်နေရာ ဖော်ပြရန်၊ မြေအမျိုးအစား ဖော်ပြရန်၊ အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊ မြို့မြေဖြစ်ပါက ဂရံ လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊ စသည်တို့အတွက် ဖြစ်ပြီး မြေစာရင်း ဌာနမှ ထုတ်ပေးပြီး တစ်နှစ်အတွင်းသာ အကျုံးဝင်ပါကြောင်း။
၂။ လယ်မြေ ဖြစ်စေ၊ ယာမြေဖြစ်စေ၊ သက်ဆိုင်ရာ ဌာနမှ ပယ်ဖျက်ခြင်း မပြုသေးသ၍ စိုက်ပျိုးရန်မှလွဲ၍ အခြားနည်းလမ်းဖြင့် အသုံးပြုခွင့် လုံးဝ မရှိကြောင်း။
၃။ လယ်မြေ ဖြစ်စေ၊ ယာမြေဖြစ်စေ အခြားနည်းလမ်းဖြင့် အသုံးပြုလိုပါက (ဥပမာ အိမ်ဆောက်ရန်၊ ငါးကန်တူးရန်၊ အုတ်စက်တည်ရန် စသည်ဖြင့်) သီးခြား လျှောက်ထားပြီးမှ အသုံးပြုနိုင်မည် ဖြစ်ကြောင်း။
၄။ လယ်ယာမြေ ဖြစ်ပါက ယခင် ဥပဒေ အရ နိုင်ငံပိုင်သာ ဖြစ်ပြီး ယခု ဥပဒေများအရ ပိုင်ဆိုင်ခွင့်သာ ရရှိနိုင်မည် ဖြစ်ကြောင်း။
၅။ တရားဝင် အစိုးရ၏ မြို့သစ် တိုးချဲ့ စီမံကိန်းမှ လွဲ၍ လယ်မြေ၊ ယာမြေကို လူနေအိမ်ခြေအဖြစ် အကွက်ရိုက် ရောင်းချခြင်းသည် တရားမဝင်ကြောင်း။
မဖြစ်သေးခင်တော့ အေးဆေးပါ၊ စာလာဖတ်နေတာ၊ အကုန်ဒီလိုနဲ့ပဲ ပြီးသွားတာပါ ဆိုကြပေမဲ့ ဖြစ်လာတဲ့အခါ ဥပဒေကြောင်းအရ အတိအကျ ဆောင်ရွက်လာပါက ဝယ်ယူသူများ မိမိတို့ရဲ့ ချွေးနည်းစာများသာ ဆုံးရှုံးမှာ ဖြစ်ပါကြောင်း။
လယ်ယာမြေ မှာ ခွင့်ပြုချက် မရှိဘဲ အိမ်ဆောက်၊ ဆိုင်ဆောက်၊ အကွက်ရိုက် ရောင်း စသည်ဖြင့် အခြားနည်းသုံးသူများအား အရေးယူနိုင်ခြင်း၊ ပုံစံ ၇ မရရှိပါက ကျူးကျော်အဖြစ် အရေးယူနိုင်ခြင်းများ ပါဝင်လာသည့် လယ်ယာမြေဥပဒေပြင်ဆင်ချက် ပြဌာန်းလိုက်ပြီ ဖြစ်ပါသည်။
ဥပဒေ ပြင်ဆင်ချက်… လယ်ယာမြေ ဥပဒေ၏ ပုဒ်မ ၁၃ ကို အောက်ပါအတိုင်း ပြင်ဆင်အစားထိုးရမည်-
၁၃။ လယ်ယာမြေနှင့် စပ်လျှဉ်း၍ သက်ဆိုင်သူ မည်သူမဆို သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့် က ဥပဒေနှင့်အညီ ချမှတ်သော အမိန့်ကို လိုက်နာရမည်။
ဥပဒေ ပြင်ဆင်ချက်… လယ်ယာမြေဥပဒေ ပုဒ်မ ၃၇ ၏ နောက်တွင် ပုဒ်မ ၃၇-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
၃၇-က။ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်သော်လည်းကောင်း၊ အခြားသူ တစ်ဦးဦး သို့မဟုတ် အဖွဲ့စည်းတစ်ခုခုက ဤဥပဒေနှင့်အညီ တရားဝင်လုပ်ကိုင်ခွင့် ရရှိထားသည့် လယ်ယာမြေအပေါ် ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် သော်လည်းကောင်း ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ငါးသိန်း အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ထို့ကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မရှိသည့် မြေကို မည်သူမျှ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့် မရှိကြောင်း ဥပဒေက တားမြစ်လိုက်ပြီ ဖြစ်ပြီး၊ ခွင့်ပြုချက်မရှိဘဲ အခြားနည်း အသုံးပြုမှုများအားလည်း အရေးယူနိုင်တော့မည်ဖြစ်ကာ လယ်ယာမြေအတွက် သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်သော အမိန့်ကို လိုက်နာရမည်ဖြစ်ပါသည်။ မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ပါကြောင်း…။
ပိုသတိထားရမှာ က လယ်ယာမြေဥပဒေပုဒ်မ ( ၃၇) နှင့် ပုဒ်မ (၃၇-က)တို့အရ တရားစွဲဆိုသော ပြစ်မှုများကို #ရဲအရေးပိုင် သောပြစ်မှု အဖြစ် သတ်မှတ်လိုက်တာပဲ။
ညီအစ်ကို မောင်နှမတွေ အားလုံး အသိတရားနဲ့ အမြဲသတိ ရှိနိုင်ကြပါစေ။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
ပါမစ်မြေနဲ့ ဂရန်မြေ ဝယ်မယ်ဆိုရင် အလိမ်မခံရဖို့ သတိပြုစရာ
မြေအကြောင်းသိကောင်းစရာ
အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင်
အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ အမွေဆိုင်မြေပေါ်တွင် အဆောက်အအုံ ဆောက်မိလျှင်
Credit : Nalonetardiary
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ