By 7daydaily, Shweproperty.com
Updated at 14 March 2016
စီးပွားရေးလုပ်ငန်းရှင် များက နေပြည်တော်ရှိ သမ္မတ ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်နေသဖြင့် မတ်လ ၇ ရက်နောက်ပိုင်းမှစ၍ အိမ်ခြံမြေ အရောင်းအဝယ်ရပ်တန့်နေ ကြောင်း သတင်းရရှိသည်။
လွှတ်တော်၏ သမ္မတရွေး ချယ်ပွဲကို မတ်လ ၁၀ ရက်တွင် ကျင်းပမည်ဟု မတ်လ ၂ရက်က တရားဝင်ကြေညာချက်ထုတ်ပြန်ပြီးနောက် ရန်ကုန်အိမ်ခြံမြေဈေး ကွက်၌ ကျပ်သိန်းလေးထောင်မှ ငါးထောင်ကြား အိမ်ခြံမြေများအရောင်းအဝယ် အနည်းငယ်ဖြစ်လာပြီး မတ်လ ၇ ရက်မှစ၍ အရောင်းအဝယ် ရပ်တန့်လာ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကပြောကြားသည်။
‘‘ဒီရက်ပိုင်းမှာ အားလုံးက သမ္မတ ရွေးချယ်ပွဲကိုပဲ စောင့် ကြည့်နေတော့ အရောင်းအဝယ် တန့်သွားတယ်။ ရှေ့ဆက်ပြီး တော့ အရောင်းအဝယ်ကကောင်း လာမယ်လို့တော့မျှော်လင့်ရတာ ပဲ’’ ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်မှ ဦးသန်းဦးကပြောကြားသည်။
အိမ်ခြံမြေ ဈေးကွက်သည် သမ္မတ ရွေးချယ်မှုကြောင့် အ ရောင်းအဝယ်တန့်နေသော်လည်း ပြည်တွင်းရွှေဈေးကွက်သည် အရောင်းအဝယ် ပုံမှန်နီးပါးရှိနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဦးကျော်ဝင်းက ပြောကြားသည်။
‘‘ရွှေဈေးကွက်က နိုင်ငံရေး ထက် ငွေလဲနှုန်းနဲ့ ကမ္ဘာ့ရွှေဈေး အခြေအနေပေါ်မူတည်တယ်’’ဟု ၎င်းက ပြောသည်။
လက်ရှိပြည်တွင်းဈေးကွက် တွင်ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေ ဈေးမြင့်တက်မှုကြောင့် ကျပ်ရှစ် သိန်းကျော် မြင့်တက်လာသော် လည်း ဝယ်လိုအား ကျဆင်းမှု ကြောင့် ကျပ်ခုနစ်သိန်းကိုးသောင်းခွဲခန့်၌ အရောင်းအဝယ် ဖြစ်နေသည်။
ကမ္ဘာ့ရွှေဈေးသည် မတ်လ ၁၁ ရက်တွင် တစ်အောင်စလျှင် ၁,၂၆၄ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့သည်။
ပြည်တွင်း ဈေးကွက်တွင် ရွှေဈေးမှာ မတ်လ ၁၂ ရက်တွင် တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းကိုးသောင်းကိုးထောင်မှ ကျပ်ခုနစ်သိန်းကိုးသောင်း ငါးထောင်ကြား ဈေးရှိနေသည်။
ထိုကဲ့သို့ပင်အမေရိကန်ဒေါ် လာဈေးမှာလည်း မတ်လ ၁၀ရက် တွင် တစ်ဒေါ်လာလျှင် ၁,၂၀၉ ကျပ်ခန့်ရှိနေပြီး မတ်လ ၁၂ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၁၁ ခန့်သာ ဈေးဖွင့်သည်။
ထို့ကြောင့် ငွေလဲနှုန်းသည် သမ္မတ ရွေးချယ်သည့် ရက်ပိုင်းတွင် တစ်ဒေါ်လာလျှင် သုံးကျပ်ခန့်သာ အပြောင်းအလဲ ဖြစ်ခဲ့သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ