By Kumudra, Shweproperty.com
Updated at 19 June 2018
မန္တလေးမြို့ရှိ နေရာ လေးခုမှာ တည်ဆောက်မယ့် တန်ဖိုးမျှတ တိုက်ခန်းအိမ်ရာတွေကို ဈေးနှုန်းနည်းနိုင်သလောက် နည်းအောင် ရောင်းချပေးနိုင်ဖို့ အကောင်အထည်ဖော်နေပါ တယ်။
တန်ဖိုးမျှတတိုက်ခန်းအိမ်ရာ ကို မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ် အတွင်းရှိ မဲကင်းကုန်း၊ ဘိုတက် ကုန်း၊သမ္မတော၊ ၅၉ လမ်းနဲ့ မြ လေးလမ်းထောင့်စတဲ့ လေးနေရာ မှာ တည်ဆောက် အကောင် အ ထည်ဖော်မှာ ဖြစ်ပါတယ်။
တန်ဖိုးမျှတတိုက်ခန်းအိမ်ရာ အတွက် လက်ရှိမှာမြေနေရာ အ သုံးချခွင့်လုပ်ထုံးလုပ်နည်းနဲ့ ညီ အောင်ဆောင်ရွက်နေပြီး တိုင်း ဒေသကြီး အစိုးရအဖွဲ့ကလည်း အတည်ပြုချက်ပေးပြီးပြီဖြစ် ကြောင်း၊ ၂၀၁၈-၂၀၁၉ခုနှစ် အောက်တိုဘာလထိ တစ်နှစ်အ တွင်းမှာ အပြီးတည်ဆောက်မှာ ဖြစ်ကြောင်း မန္တလေးတိုင်း၊ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ဆိုပါတယ်။
သူက'ဒီအရောင်းအိမ်ရာနဲ့ ပတ်သက်ပြီး စီမံချက်တွေ စပြီးရေး ဆွဲနေပြီ၊ ဝယ်ယူနိုင်စွမ်းက အ ရေးကြီးတယ်၊ တချို့နေရာတွေ မှာ တိုက်ခန်းတန်ဖိုးတွေက များ သွားပြီးတော့မှ ဝယ်ယူသူက အ ခက်အခဲဖြစ်နေတာတွေလဲ ကြား သိနေရတယ်၊ lower cast ဖြစ် အောင် အတတ်နိုင်ဆုံး တန်ဖိုး လျော့ကျနိုင်အောင် ဒါလေးတွေ ကို စဉ်းစားပြီး တွက်ချက်တဲ့အ ခါ မှာ တော့ အထပ်အရေအတွက် ရွေးတာလည်း လိုပါတယ်။ ဈေး နှုန်း နည်းနိုင်သလောက်နည်း အောင်၊ အခန်းအကျယ်အဝန်း တွေ ဒါတွေအတွက် အများကြီးတွက် ချက်နေရတယ်”လို့ ရှင်းပြပါ တယ်။
လက်ရှိတန်ဖိုးမျှတအိမ်ရာ တည်ဆောက်မယ့်နေရာတွေ ကတော့ ၅၈ လမ်းနဲ့မြတ်လေး လမ်းထောင့်က ၆ဧက၊သမ္မတော က၅့၈၉ ဧက၊ ဘိုတက်ကုန်းက ခုနစ်ဧကနဲ့ မဲကင်းကုန်းက ၁၄ ဧက၊ စီအကျယ်အဝန်းရှိတာ ဖြစ် ပါတယ်
အဆောက်အအုံတွေကို ငါး ထပ်ကနေ အများဆုံးဆယ် ထပ်အ ထိ တည်ဆောက်ဖို့ ဒီဇိုင်းရေးဆွဲ ထားတယ်လို့ သိရပါတယ်။
သည်တန်ဖိုးမျှတအိမ်ရာတွေ ကို အငြိမ်းစားတွေ၊ အငြိမ်းစားယူ တော့မယ့်ဝန်ထမ်းတွေ၊ ကုမဏီ ဝန်ထမ်းတွေ၊ ဝင်ငွေနည်းပြည်သူ တွေနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အိမ်ရာဝယ်ယူဖို့ ငွေစုဆောင်း ထားတဲ့သူတွေကို ဘဏ်ချေးငွေ စနစ်နဲ့ ရောင်းချပေးမှာဖြစ်တယ် လို့ ဆိုပါတယ်။
'ဝန်ထမ်းကြီးတွေလဲ လျှောက်ထားတာရှိတော့ ဒီလိုလဲ ကောင်းတဲ့နေရာလေးတွေ ဒီလို အခန်းမျိုးလေတွေ စဉ်းစားပြီး တော့မှ မြေနေရာတစ်ခုကို ဒီဇိုင်း သုံးမျိုးလောက်ရေးဆွဲပြီးတော့မှ စီစဉ်နေတယ်။ ဒီဒီဇိုင်းနဲ့သွားရင် cost က ဘယ်လောက်ကျမလဲ၊ ဟိုဒီဇိုင်းနဲ့သွားရင် ဘယ်လောက် ကျမလဲ၊ ဒါလေးတွေကို ဒီဇိုင်း တွေ ဆွဲနေတာလဲ ရှိတယ်”လို့ ဦး သက်နိုင်က ပြောပါတယ်။
လက်ရှိတန်ဖိုးမျှတအိမ်ရာ တည်ဆောက်မယ့်နေရာတွေထဲ မှာ တချို့မြေနေရာဟာ စီမံခန့်ခွဲ ပိုင်ခွင့် မရှိသေးတဲ့နေရာတွေ၊ လယ်မြေအတိုင်းပဲရှိနေတာတွေ ဖြစ်တာကြောင့် လုပ်ထုံးလုပ်နည်း နဲ့ညီအောင်၊ မြေပေါ်ကို အသုံးချ ခွင့်လုပ်နည်းနဲ့ညီအောင် ဆောင် ရွက်နေသလို လုပ်ငန်းကိုလည်း မြန်အောင် တစ်ပြိုင်နက်တည်း လုပ်ဆောင်နေတယ်လို့ဆိုပါ တယ်။
ဦးသက်နိုင်က 'အသုံးခွင့်ပြုဖို့ နေရာသည် မဲကင်းကုန်းတစ်ခုပဲ ကျွန်တော်တို့ ရရှိသေးတယ်၊ ကျန်တဲ့ မြေနေရာသုံးခုက ဌာန က မြေအမည်ပေါက်ပိုင်ဆိုင်ခွင့် အသုံးပြုခွင့်ရာရှိရာ မူလမြေစီမံခန့် ခွဲတဲ့ဌာနနဲ့ ကျွန်တော်တို့လွှဲ ပြောင်းပေးဖို့ ညိနှိုင်းဆောင်ရွက် နေတာ၊ အဲဒါလုပ်နေတာကို စောင့်နေတာမဟုတ်ဘဲနဲ့ ဒါကိုအစိုးရ ကလဲ လုပ်ဖို့ညွှန်ကြားချက်ပြုပြီး လို့ တစ်ပြိုင်နက်တည်း ဒီဇိုင်းလဲ ဆွဲနေတယ်”လို့ ပြောပါတယ်။
Ref : Kumudra
Photo Credit : Nationmultimedia
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ