By kumudra, Shweproperty.com
Updated at 22 July 2014
အိမ်ခြံမြေစံနှုန်းသတ်မှတ်တာတွေနဲ့ ပတ်သတ်ပြီး ပေါက်ဈေးနှုန်းအမှန်ကို ဈေးကွက်အတွင်းအထိ ကွင်းဆင်းလေ့လာဖို့ လိုအပ်တယ်လို့ အိမ်ခြံမြေအသင်းဝင်တချို့ ကပြောပါတယ်။
ယခုနှစ်အတွက် အိမ်ခြံမြေဈေးနှုန်း သတ်မှတ်တာကို လာမယ့် အောက်တိုဘာလမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွက် အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်မှာ မြို့နယ်တစ်ခုချင်းစီအတွက် ဈေးနှုန်းမှာ လမ်းနယ်အလိုက်သတ်မှတ်မှု အားနည်တာကြောင့် တချို့ မြို့နယ်တွေမှာ အိမ်ခြံ မြေအရောင်းအဝယ် ငြိမ်သက်သွားတာမျိုး တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
'စံဈေးနှုန်းသတ်မှတ်တာက ညီမျှမှုရှိရင်တော့ ကောင်းပါတယ်၊ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနဲ့ စံထားတဲ့ ဈေးနှုန်းမတူညီတော့ အရောင်းအဝယ်ဟသွားတာပေါ့ 'လို့ ရွှေကံမြေအိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးကပြောပါတယ်။
မနှစ်က စံသတ်မှတ်ချက်ကြောင့် ဈေးကွက် ငြိမ်သွားတဲ့ မြို့နယ်တွေကတော့ ရွှေတောင်ကြား၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံ စတဲ့ မြို့နယ်တွေဖြစ်ပါတယ်။
စံသတ်မှတ်ချက်ကြောင့်ဖြစ်နေတဲ့ ပြသာနာတွေကတော့ မြိုနယ်တစ်ခုချင်းစီအတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေ က မြို့နယ်အတွင်းနဲ့ လမ်းမတန်းတွေ ဈေးနျုန်းကတော့တန်းတူဖြစ်နေလို့ အတွင်းပိုင်းမှာ ရှိတဲ့ အိမ်ခြံမြေဈေးတွေမှာ သက်ဆိုင်ရာ ရာဖြတ်အခွန်မှာ ဈေးတန်းတူ အခွန်ဆောင်ရတာတွေ ရှိနေပါတယ်။
'တချို့ မြို့နယ်တွေက စံဈေးနှုန်းသတ်မှတ်တာက အရောင်းအဝယ်ပိုင်းမှာ မသိသာပေမဲ့ ဈေးနှုန်းကွာခြားမှု အရမ်းများတဲ့ ရွှေတောင်ကြားလိုနေရာ မရမ်းကုန်းလိုနေရာတွေမှာကျတော့ ဝယ်တဲ့ သူရော ရောင်းတဲ့သူအတွက်ပါ ဈေးကွက်က တော်တော်ငြိမ်စေတယ်၊ ဖြစ်စေချင်တာကတော့ မြို့နယ်တစ်ခုရဲ့ စံဈေးနှုန်း သတ်မှတ်ချက်လုပ်မယ်ဆိုရင် အဲ့ဒီမြို့နယ် ရဲ့ လမ်းတစ်ခုချင်းစီ စံဈေးနှုန်းကိုပါ ကွင်းဆင်းလေ့လာသင့်တယ် ' လို့ ကျောက်တံတားမြို့နယ် မှ အကျိုးဆောင် အန်တီဝါက ပြောပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ